Header Ads
လက်စတာရဟတ်ယာဉ်ပျက်ကျမှုနဲ့ ပတ်သတ်ပြီးရှမိုက်ကယ်ရဲ့ အင်တာဗျူးစကားတွေကသင့်ကိုခံစားသွားစေနိုင်ပါတယ်။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လက်စတာရဟတ်ယာဉ်ပျက်ကျမှုနဲ့ပတ်သတ်ပြီးရှမိုက်ကယ်ရဲ့အင်တာဗျူးစကားတွေကိုသင့်ကိုခံစားသွားစေနိုင်ပါတယ်။
ဒိန်းမတ်လက်ရွေးစင်ကစားသမား ကပ်စပါရှမိုက်ကယ် က ကွယ်လွန်သွားပြီဖြစ်တဲ့လက်စတာ အသင်းပိုင်ရှင် Vichai Srivaddhanaprabhaနှင့်ရင်းရင်းနှီးနှီးဆက်ဆံရေးရှိခဲ့ပါတယ်။လက်စတာအသင်းပိုင်ရှင်ဖြစ်သူဟာ ပြီးခဲ့တဲ့လအနည်းငယ်က အသင်းရဲ့ကွင်း King Power Stadium ကိုလာရောက်ကြည့်ရှုပြီး ကိုယ်ပိုင်ရဟတ်ယာဉ်နှင့်ပြန်အတက်မှာစက်ချို့ယွင်းပြီး ကွင်းရဲ့အနီးအနားကားရပ်နားတဲ့နေရာမှာပျက်ကျခဲ့ပါတယ်။အဆိုပါပျက်ကျမှုတွင်အသင်းပိုင်ရှင်သေဆုံးခဲ့ပြီး ရှမိုက်ကယ်ကတော့သူရဲ့မိတ်ဆွေကြီးကိုဆုံးရှုံးခဲ့ရပါတယ်။သူကအဲဒီအဖြစ်အပျက်ကိုကောင်းကောင်းမြင်တွေ့ခဲ့ရပြီး Sky sportသတင်းဋ္ဌာနနှင့်တွေဆုံစဉ်မှာ သူက မြင်တွေခဲ့ရတာတွေကိုအသေးစိတ်အနည်းငယ်ပြောကြားခဲ့ပြီးသူရဲ့ခံစားချက်တွေကိုဖွင့်ဟပြောကြားခဲ့ပါတယ်။
"တကယ်ကံဆိုးမိုးမှောင်ကျသလိုပါပဲ ကျွန်တော်အကုန်မှတ်မိနေသးတယ် တိတိကျကျမှတ်မိနေတုန်းပါပဲ"လို့ ဆိုပါတယ်။
"ကျွန်တော်နိုင်ငံဒိန်းမတ်အပြင်မှာ မိသားစုလိုရရှိထားတဲ့ဆက်ဆံရေးပါ။ကျွန်တော်သူတို့အတွက်အကုန်လုပ်ပေးခဲ့တယ်။သူတို့ကွင်းကိုရဟတ်ယာဉ်နဲ့အမြဲပတ်ကြည့်လေ့ရှိပြီး ရဟတ်ယာဉ်က အမြဲတမ်း ဆွဲဆောင်မှုအပြည့်ရှိခဲ့ပါတယ်။"
အသက်၃၂နှစ်အရွယ် ရှမိုက်ကယ်က "ကျွန်တော်တို့သူကိုလက်ပြနှုတ်ဆက်တယ် သူလည်းပြန်နှုတ်ဆက်ခဲ့တယ်ဒါကခွဲခွာခြင်းလို့မထင်ခဲ့မိပါဘူး။ကျွန်တော်တို့တွေသူတက်သွားတဲ့အထိစောင့်ကြည့်နေခဲ့ပါတယ်။"
"ကျွန်တော် တို့ဒီလိုအမြဲလုပ်တာအကြိမ်ပေါင်းမနည်းဘူး။ဒါက ပြန်တဲ့အခါနှုတ်ဆက်ခြင်းကရိုးရာတစ်ခုပါပဲ။"
"မင်းဒီကိစ္စတစ်ခုခုမှားနေခဲ့တယ်လို့ပြောချင်ရင်ပြောနိုင်တယ်။ဘာလို့လဲဆိုတော့ဒါက ပုံမှန်အတိုင်းဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူး၊ပြီးတော့ဒါကတစ်ခုခုလှန်လိုက်သလိုပါပဲ။"
"ကျွန်တော် လှိုင်ခေါင်းတည့်တည်ကိုတစ်ကျိုးတဲ့ပြေးသွားခဲ့ပြီးကွင်းအပြင်ကိုအရောက်သွားခဲ့တယ်။လူတွေကလည်း ကွင်းဘေးမှာဘာဖြစ်သွားခဲ့တယ်ဆိုတာမသိလိုက်ကြဘူး။ဒါကြောင့်ကျွန်တော်အမြန်ဆုံးပြေးသွားခဲ့တယ်။ရဲကိုခေါ်ဖို့လူတွေကိုအော်ပြောခဲ့တယ်။ကျွန်တော်တို့လုံခြုံရေးတစ်ယောက်ကဒါကိုမြင်ပြီး ကျွန်တော်နောက်ကိုပြေးလိုက်လာခဲ့တယ်။"
"ကျွန်တော်တို့အနီးဆုံးရောက်ဖို့ကြိုးစားခဲ့တယ်။ လုံခြုံရေးကလည်း ကျွန်တော်ထပ်ပိုနီးတဲ့နေရာကိုအရောက်သွားခဲ့ပြီး သူကလုံခြုံရေးဆိုတော့လုပ်သင့်တာပိုသိပြီး သူကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။"
"ဒါပေမယ့်အဲဒါအရာကအရမ်းကိုပူလောင်လာနေတာကိုမြင်ခဲ့ပါတယ်။အဲဒါအနားမှာဘယ်သူမှတက်ကျွမ်းပြီးလုပ်တက်တဲ့သူတွေမရှိခဲ့ပါဘူး။ပြီးတော့ကြောက်ရွံထိန့်လန့်စရာအရမ်းကောင်းခဲ့ပြီးအကူအညီမဲ့ခဲ့ပါတယ်။"
လက်စတာအသင်းဂိုးသမားက ထိုင်းသူဋ္ဌေးရဲ့ရက်ရောမှုတွေနှင့်ပတ်သတ်ပြီးအဖြစ်အပျက်အများအပြားရှိခဲ့ပါသေးတယ်။
"ကျွန်တော်ခြေထောက်ကွဲသွားတုန်းကဆိုရင် လန်ဒန်ကိုချက်ချင်းသွားလိုက်ရတယ်။ကျွန်တော်အသင်းကလည်းမန်စီးတီးအသင်းနဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကစားဖို့ရှိနေသေးတယ်။သူကျွန်တော့်ကိုဆေးရုံမှာလာကြည့်တယ်။ပြီးတော့မှလက်စတာအသင်းရဲ့ပွဲစဉ်ကြည့်ဖို့အတွက်ရဟတ်ယာဉ်နှင့်ပြန်သွားလိုက်တယ်။သူရဲ့ကစားသမားတစ်ယောက်အတွက်ဒီလောက်ထိလုပ်ဖို့မလိုအပ်ပါဘူး။ဒါပေမယ့်သူလုပ်ပေးခဲ့ပါတယ်။"
သူကိုကျွန်တော်တို့အားလုံးအမြဲသတိရနေမှာပါ။သူငြိမ်းချမ်းစွာအနားယူနေပါစေ။
No comments
Powered by Blogger.