Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကိုယ့်ကိုယ်ဂိုးသွင်းတဲ့အထိအလိမ်အခေါက်စကေးပြသွားတဲ့အက်ကိုလီဂိုးသမားဗီဒီယို
အီတလီလိပ်စီးရီဘီ အသင်းတစ်သင်းဖြစ်တဲ့ အက်စ်ကိုလီအသင်းရဲ့ဂိုးသမား ဖီလီပိုပါယူချီနီတစ်ယောက် ပြီးခဲ့တဲ့ကြာသပတေးနေ့ညကပါလာမိုအသင်းနဲ့ပွဲမှာ ကိုယ့်ကိုယ်ဂိုးသွင်းတဲ့အထိ အလိမ်အခေါက်ပြုလုပ်ခဲ့တာကြောင့် ဒီရာသီရဲ့အကောင်းဆုံး own goal ဆုရသွားနိုင်လောက်ပါတယ်။
ဒါဟာတကယ်ကိုဖြစ်သွားတာပါ။မယုံမရှိမဖြစ်နဲ့ပရိတ်သတ်ကြီးတို့။ပရိုဖယ်ရှင်နယ်ပွဲမှာတောင် ဒီလိုဖြစ်ရပ်တွေတကယ်ဖြစ်တတ်ပါတယ်။
ပါယူချီနီဆိုတာ စီးရီးအေကလပ်အေစီမီလန်အသင်းရဲ့တစ်ချိန်ကထွန်းတောက်ခဲ့ဖူးတဲ့လူငယ်ဂိုးသမားလေးတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။အခုချိန်မှာတော့သူဟာ ဘယ်ပရိုကစားသမားမှလုပ်မှာမဟုတ်တဲ့အမှားတစ်ခုကြောင့် လူမှုကွန်ယက်ပေါ်မှာ ပြောစရာတွေဖြစ်လာခဲ့ပါတယ်။
တကယ်ပါပဲ။မြင်ဖူးသမ ျှ ထဲအဆိုးရွားဆုံး own goal တစ်ဂိုးပါ။ဂိုးသမားတစ်ယောက်ကိုယ့်ဒူးကိုယ်မနိုင်တဲ့အဖြစ်ပါပဲ။
သူဟာ သူ့ရဲ့ကိုယ်ပိုင်ပယ်နယ်တီဧရိယာအတွင်းတစ်ကိုယ်တော်အလိမ်အခေါက်လုပ်ဖို့အနောက်ကိုခေါက်လိုက်တာဖြစ်ပြီး ပြန်အလှည့်ထွက်မှာတော့အရှိန်လွန်ပြီးဂိုးထဲကိုဘောလုံးဝင်သွားတာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်မျိုးအရင်ကမြင်ဖူးကြလား?
ဖီလီပိုပါယူချီနီရဲ့ရူးကြောင်ကြောင်own goal ဟာ အက်စ်ကိုလီအသင်းအတွက်ကံဆိုးမှုကိုစတင်စေခဲ့ပါတယ်။၂၆ မိနစ်မှာ own goal ပေးလိုက်ရပြီးနောက် ပါလာမိုအသင်းဟာ ချိုချက်ဗ်နဲ့ပရီဆီမိုက်ဆလောတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၃-၀ ဂိုးမရှိနဲ့အက်စ်ကိုလီအသင်းကို အနိုင်ယူခဲ့ပါတယ်။
No comments
Powered by Blogger.