(Unicode)
အမြင်အရမ်းစူးရှလွန်းခဲ့တဲ့ King of Assist ဘုရင်မီဆွတ်အိုလ်ဇေးလ်ရဲ့ဘန်လေနဲ့ပွဲကဗီဒီယို
ဒါဟာတကယ့်ကိုကောင်းမွန်တဲ့အမြင်စူးရှလွန်းခဲ့တာပါ။တစ်နည်းပြောရရင် ဒါဟာမီဆွန်အိုလ်ဇေးလ်ရဲ့အမြင်စူးရှပုံပါ။
ဂျာမန်ကွင်းလယ်ဖန်တီးရှင်ဟာ အာဆင်နယ်အသင်းရဲ့ဘန်လေနဲ့ပွဲအတွက် ပွဲထွက်လူ၁၁ယောက်စာရင်းမှာပြန်လာပါဝင်ခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခဲ့ကာ အသင်းရဲ့အရေးပါတဲ့အဖွင့်ဂိုးနဲ့နောက်ဆုံးပတ်ဂိုးတွေကို လှလှပပဖန်တီးပေးခဲ့ပါတယ်။
တိုက်စစ်မှူးအူဘာမီးယန်းက ကိုလာဆီးနစ်ရဲ့ဂိုးဧရိယာထဲချပေးလိုက်တဲ့ဘောလုံးကို ပိတ်သွင်းပြီးအဖွင့်ဂိုးကိုစတင်သွင်းယူခဲ့ပါတယ်။ဒါပင်မယ့်လည်း အဆိုပါဂိုးဟာ အိုလ်ဇေးလ်ရဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုကလာတာဖြစ်ပြီး အိုလ်ဇေးတစ်ယောက် ဘိုစနီးယန်းသား ကိုလာဆီနစ်ကို ပေးပို့တဲ့အချိန် တိုက်စစ်မှာ ဘန်လေနောက်ခံလူတွေအများအပြားရှိနေခဲ့တာကိုတွေ့ရပါတယ်။
အဆိုပါပေးပို့မှုနဲ့ပတ်သတ်ပြီး လူပြောများနေတဲ့အချက်ကတော့ အိုလ်ဇေးလ်တစ်ယောက် အံသြသင့်ဖွယ်ပေးပို့မှုကို မပြုလုပ်ခင် TV ဖန်သားပြင်မှာ ကိုလာဆီးနစ်တစ်ယောက်ကို ရောက်မလာသေးတာဖြစ်ကာ ဘန်လေနောက်ခံလူတွေသာ ရှိနေသော်လည်း ကိုလာဆီးနစ်ပြေးတက်လာမယ့်လမ်းကြောင်း အကွက်မြင်မြင်ကြိုဖတ်ထားပြီး အိုလ်ဇေးလ်က ပေးပို့ပြခဲ့တာပဲဖြစ်ပါတယ်။
တကယ့်ကိုအံမခန်းပါပဲအိုလ်ဇေးလ်ရေ..ဒါကြောင့်လည်း အူနိုင်းက မင်းကိုထည့်သုံးနေတာပေါ့။
ဒါ့အပြင်သူဟာ အီဝိုဘီရဲ့ပွဲပြီးခါနီးသွင်းဂိုးကို အသင်းဖော်အီဝိုဘီကို တစ်ချက်ကလည်းမှ မကြည့်ပဲ အီဝိုဘီရှိနေတဲ့နေရာကိုသိနေပြီး ခက်ခက်ရအောင်ပေးပို့ပြခဲ့တာကလည်း အူနိုင်းအမ်မရီမက အာဆင်နယ်ပရိတ်သတ်တွေပါအကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။
😍😍
ReplyDelete