ေမာ္ရင္ဟိုေခၚခ်င္ခဲ့တဲ့ ေနာက္ခံလူဘိုတန္ကိုအက္ဒ္၀ုဒ္တစ္ေယာက္မေခၚခဲ့တာဘာေၾကာင့္လဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္ခ်က္စတာယူနိုက္တက္နည္းျပေဟာင္းဂ်ိဳ ့စ္ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ ့တုန္းက ကလပ္အသင္းရဲ့ လူသစ္ေခၚယူပိုင္းဆိုင္ရာနဲ ့ပတ္သတ္ၿပီး စိတ္ပ်က္ခဲ့တာေတြရိွခဲ့ပါတယ္။အသက္၅၅နွစ္အရြယ္ေပၚတူဂီနည္းျပက ၿပီးခဲ့တဲ့ ဂ်ဴလိုင္လေလာက္ကမွာ သူေခၚခ်င္တဲ့ ကစားသမား ၅ေယာက္စာရင္းကို အသင္းဘုတ္အဖြဲ ့ဆီေပးပို ့ထားခဲ့ေသာ္လည္း တစ္ေယာက္မွမေခၚေပးဘူးလို ့၀န္ခံေျပာၾကားခဲ့ဖူးပါတယ္။
သရဲနီတို ့ဟာ ဒီေႏြရာသီမွာ ေမာ္ရင္ဟိုရဲ ့အဓိကပစ္မွတ္ျဖစ္တဲ့ ေနာက္ခံလူဂိုဒင္နဲ့ ဘိုတန္တို ့ကို ေခၚယူဖို ့ပ်က္ကြက္ခဲ့ပါတယ္။သို ့ေသာ္လည္း ယူနိုက္တက္စီအီးအို အက္ဒ္၀ုဒ္၀ါ့ဒ္က ေမာ္ရင္ဟိုေခၚခ်င္တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူကို မေခၚဖို ့ဆံုးျဖတ္ခဲ့ပါတယ္။ESPN ရဲ ့အဆိုအရ ယူနိုက္တက္ စီအီးအိုဟာ အသက္၃၀အရြယ္ဂ်ာမန္ေနာက္ခံလူ ကိုသူ ့ရဲ ့ဒဏ္ရာမွတ္တမ္းေတြအရ မေခၚယူဖို ့ဆံုးျဖတ္ခဲ့တာပဲဲျဖစ္တယ္လို ့သိရပါတယ္။
ဒါဟာမွန္ကန္ခဲ့တယ္လို ့ဆိုရပါမယ္။၀ုဒ္၀ါ့ဒ္က ဒီကစားသမားရဲ ့တန္ဖိုးဟာ မထိုက္တန္ဘူးလို ့ယူဆခဲ့ပံုရပါတယ္။ဆိုလိုတာက သူဟာ အရင္တုန္းက ဘိုင္ယန္ကေနေခၚယူခဲ့ဖူးတဲ့ ရွ၀ိန္းစတိုင္ဂါ နဲ့ အို၀င္ဟားဂေရးစ္တို ့လို အိုထရက္ဖို ့ဒ္ကိုေျပာင္းလာတဲ့အခ်ိန္ကစၿပီးဒဏ္ရာေတြဗလပြနဲ ့အသင္းအတြက္မကစားရျဖစ္ေနတာမ်ိဳး ေနာက္ထပ္မလိုခ်င္ေတာ့တဲ့ ပံုေပၚပါတယ္။
ေမာ္ရင္ဟိုေနရာ ယာယီနည္းျပအျဖစ္တာ၀န္ယူခဲ့တဲ့ နည္းျပဆိုလ္ရွားကေတာ့ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ ့မွာလူသစ္ေခၚယူဖို ့ေျပာင္းေရႊ ့ေၾကးစရိတ္ရရိွလိမ့္မယ္လို ့သိရပါတယ္။
ယူနိုက္တက္အသင္းအေနနဲ ့ဇန္န၀ါရီမွာ ေနာက္ခံလူသစ္တစ္ေယာက္ေခၚယူသင့္သလား?
(Unicode)
မော်ရင်ဟိုခေါ်ချင်ခဲ့တဲ့ နောက်ခံလူဘိုတန်ကိုအက်ဒ်ဝုဒ်တစ်ယောက်မခေါ်ခဲ့တာဘာကြောင့်လဲ?
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းဂျို့စ်မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ကလပ်အသင်းရဲ့ လူသစ်ခေါ်ယူပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး စိတ်ပျက်ခဲ့တာတွေရှိခဲ့ပါတယ်။အသက်၅၅နှစ်အရွယ်ပေါ်တူဂီနည်းပြက ပြီးခဲ့တဲ့ ဂျူလိုင်လလောက်ကမှာ သူခေါ်ချင်တဲ့ ကစားသမား ၅ယောက်စာရင်းကို အသင်းဘုတ်အဖွဲ့ဆီပေးပို့ထားခဲ့သော်လည်း တစ်ယောက်မှမခေါ်ပေးဘူးလို့ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
သရဲနီတို့ဟာ ဒီနွေရာသီမှာ မော်ရင်ဟိုရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ နောက်ခံလူဂိုဒင်နဲ့ ဘိုတန်တို့ကို ခေါ်ယူဖို့ပျက်ကွက်ခဲ့ပါတယ်။သို့သော်လည်း ယူနိုက်တက်စီအီးအို အက်ဒ်ဝုဒ်ဝါ့ဒ်က မော်ရင်ဟိုခေါ်ချင်တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူကို မခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ESPN ရဲ့အဆိုအရ ယူနိုက်တက် စီအီးအိုဟာ အသက်၃၀အရွယ်ဂျာမန်နောက်ခံလူ ကိုသူ့ရဲ့ဒဏ်ရာမှတ်တမ်းတွေအရ မခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်တယ်လို့သိရပါတယ်။
ဒါဟာမှန်ကန်ခဲ့တယ်လို့ဆိုရပါမယ်။ဝုဒ်ဝါ့ဒ်က ဒီကစားသမားရဲ့တန်ဖိုးဟာ မထိုက်တန်ဘူးလို့ယူဆခဲ့ပုံရပါတယ်။ဆိုလိုတာက သူဟာ အရင်တုန်းက ဘိုင်ယန်ကနေခေါ်ယူခဲ့ဖူးတဲ့ ရှဝိန်းစတိုင်ဂါ နဲ့ အိုဝင်ဟားဂရေးစ်တို့လို အိုထရက်ဖို့ဒ်ကိုပြောင်းလာတဲ့အချိန်ကစပြီးဒဏ်ရာတွေဗလပွနဲ့အသင်းအတွက်မကစားရဖြစ်နေတာမျိုး နောက်ထပ်မလိုချင်တော့တဲ့ ပုံပေါ်ပါတယ်။
မော်ရင်ဟိုနေရာ ယာယီနည်းပြအဖြစ်တာဝန်ယူခဲ့တဲ့ နည်းပြဆိုလ်ရှားကတော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာလူသစ်ခေါ်ယူဖို့ပြောင်းရွှေ့ကြေးစရိတ်ရရှိလိမ့်မယ်လို့သိရပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ဇန်နဝါရီမှာ နောက်ခံလူသစ်တစ်ယောက်ခေါ်ယူသင့်သလား?
Post a Comment