Header Ads


ခရစ္မတ္ကာလဇယားထိပ္ကိုေရာက္ေနတာဟာလီဗာပူးလ္အသင္းအတြက္သိပ္မေကာင္းပါဘူး။





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ၿပီးခဲ့တဲ့ေသာၾကာေန ့ညက လီဗာပူးလ္အသင္းဟာ ၀ုလ္ဗ္အသင္းကို အနိုင္ရရိွခဲ့ၿပီးခရစ္စမတ္ကာလမွာေတာ့ ပရီးမီယားလိပ္ဇယားထိပ္မွာ ဦးေဆာင္ေနပါတယ္။ဒါပင္မယ့္လည္းၿပီးခဲ့တဲ့ ၁၀နွစ္အတြင္း လီဗာပူးလ္အသင္းဟာ ခရစ္စမတ္ကာလမွာ  ၂ၾကိမ္တိုင္ ဇယားထိပ္မွာရိွခဲ့ေသာ္လည္း ရာသီကုန္မွာဖလားမရခဲ့ပါဘူး။ဒါေတြဟာေကာင္းတဲ့သတင္းမဟုတ္ျပန္ပါဘူး။မန္စီတီးအသင္းဟာ ဒီရာသီမွာ ေတာ္ေတာ္ေလးေကာင္းမြန္ေနပါတယ္။တစ္ခ်ိဳ ့လူေတြကဆို မန္စီးတီးအသင္းဟာမနွစ္ရာသီကထက္ပိုေကာင္းတယ္လို ့ေတာင္ေျပာေနၾကပါတယ္။လီဗာပူးလ္အသင္းအတြက္လည္းအခုခ်ိန္မွာခ်ီးက်ဴးစရာေတြလည္းရိွပါတယ္။

နည္းျပဂ်ာဂန္ကေလာ့ရဲ ့လီဗာပူးလ္အသင္းဟာ ဒီရာသီမွာေတာ့မရပ္မနားပံုစံနဲ ့ေျပးေနတဲ့ ၿပိဳင္ျမင္းတစ္ေကာင္လိုျဖစ္ေနပါတယ္။ပထမဆံုးအေနနဲ ့သူတို ့ဟာ ရာသီအစမွာ ဦးေဆာင္သူမန္စီးတီးအသင္းကို ထပ္ၾကပ္မကြာလိုက္ေနဖို ့နဲ ့အမွတ္မျပတ္သြားေအာင္ အေလးထားခဲ့ေသာ္လည္း အခုခ်ိန္မွာေတာ့ဂြာဒီယိုလာရဲ ့အသင္းကိုေက်ာ္တက္ျပနိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန ့ညက၀ုလ္ဗ္အသင္းနဲ ့ပြဲမွာ အနီေရာင္ၾကိဳးၾကာနီအသင္းဟာ ပြဲကိုခဲရာခဲဆစ္ကစားေနခဲ့ရတာျဖစ္ၿပီး အနိုင္ရလဒ္တစ္ခုကိုသာမဖန္တီးနိုင္ပါက စီးတီးအသင္းကို ခရစ္စမတ္ကာလမွာ ဦးေဆာင္ခြင့္ေပးလိုက္ရမွာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း အသင္းနိုင္ပြဲအတြက္ဂိုးေတြသြင္းယူေပးခဲ့တဲ့ ဗန္ဒိုက္စ္နဲ ့ဆာလာတို ့ကို ေက်ဇူးတင္ရမွာျဖစ္ၿပီး လာမယ့္အဂၤါေန ့ဆန္တာေန ့မွာ သူတို ့ဟာ ထိပ္ဆံုးကေနေအးေအးလူလူေနနိုင္ၿပီပဲျဖစ္ပါတယ္။

ဒါပင္မယ့္လည္း လီဗာပူးလ္ပရိတ္သတ္ေတြအေနနဲ ့သမိုင္းေၾကာင္းကို ျပန္ရွာၿပီးအသင္းအတြက္တစ္စံုတစ္ခုကိုလိုက္ရွာၾကည့္မယ္ဆိုရင္ေတာ့ ၿပီးခဲ့တဲ့ ၁၀နွစ္အတြင္းလီဗာပူးလ္အသင္းဟာ ဒီဇင္ဘာ ၂၅အထိ ဇယားထိပ္မွာ ၂ခါေတာင္ ဦးေဆာင္ေနခဲ့ဖူးေသာ္လည္း ရာသီကုန္မွာဖလားရဖို ့မျဖစ္နိုင္ခဲ့ပါဘူး။ဒီ၂ၾကိမ္လံုးဟာ ၿပီးခဲ့တဲ့ ၂၀၀၉  ခုနွစ္ကနဲ ့၂၀၁၄ ခုနွစ္က ပဲျဖစ္ပါတယ္။

၂၀၀၈-၀၉  ရာသီကဆို လီဗာပူးလ္အသင္းဟာ တစ္ရာသီလံုး ၂ပြဲသာရံႈးနိမ့္ခဲ့ၿပီး ခ်န္ပီယံမန္ယူနိုက္တက္ထက္ေတာင္ ရံႈးပြဲနည္းခဲ့ပါေသးတယ္။ဒါပင္မယ့္လည္းသူတို ့အသင္းဟာသေရရလဒ္ပြဲေတြအရမ္းမ်ားခဲ့ပါတယ္။အိုထရက္ဖို ့ဒ္မွာ - ျဖင့္အနိုင္ရခဲ့ၿပီး သရဲနီတို ့ကို ဖိအားေတြအျမားအျပားေပးခဲ့ေသာ္လည္း ေနာက္၂ပတ္အၾကာမွာ ဖူလ္ဟမ္အသင္းကိုစရံႈးနိမ့္တဲ့အခ်ိန္ကစၿပီး ယူနိုက္တက္အသင္းဟာဗိုလ္စြဲဖို ့ျပန္ေရပန္းစားသြားခဲ့တာပဲျဖစ္ပါတယ္။လီဗာပူးလ္အသင္းဟာရာသီကုန္မွာေတာ့ ဖာဂူဆန္ရဲ ့အသင္းထက္ ၄မွတ္ေလာက္သာရမွတ္ကြာဟၿပီး ေကာင္းမြန္တဲ့ဂိုးကြာျခားခ်က္မွတ္တမ္းကိုရခဲ့သလို ရံႈးပြဲလည္းအနည္းဆံုးျဖစ္ခဲ့ပါတယ္။


၂၀၁၄ ရာသီကေတာ့ လီဗာပူးလ္အသင္းအတြက္ ပရီးမီးယားလိပ္ဖလားနဲ ့ကံမစပ္တဲ့ေနရာမွာ နာမည္ၾကီးတဲ့နွစ္ျဖစ္ခဲ့ပါတယ္။လီဗာပူးလ္အသင္းဟာ တစ္ရာသီလံုးဇယားထိပ္ကိုဦးေဆာင္လာခဲ့ေသာ္လည္း ေအပရယ္မွာ မန္စီးတီးအသင္းကို အနိုင္ရခဲ့ၿပီးေနာက္ လိပ္ဖလားရဖို ့အေတာ္ေလးနီးစပ္ခဲ့တာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း ၂ပတ္ၾကာၿပီးေနာက္စတီဗင္ဂ်ာရတ္ရဲ ့နာမည္ေက်ာ္ေခ်ာ္လဲက်မႈက ခ်ဲလ္ဆီးအသင္းကို - ျဖင့္အေရးနိမ့္ခဲ့ၿပီး ဆက္တိုက္ဆိုသလို ခရစ္စတယ္ပဲေလ့စ္အသင္းကို - ျဖင့္ အနိုင္ရေနတဲ့ေနရာကေန - သေရက်ခဲ့တာေတြဟာ အရာအားလံုးကို ခ်က္ခ်င္းေျပာင္းလဲသြားေစခဲ့ပါတယ္။


အခုခ်ိန္မွာ ေတာ့လီဗာပူးလ္အသင္းအတြက္ အရာအားလံုးဟာလွပေနပါတယ္။ဒါပင္မယ့္ပြဲခံရမယ့္အခ်ိန္မဟုတ္ေသးပါဘူး။ကေလာ့တစ္ေယာက္ အသင္းရဲ ့ျဖစ္ရပ္ဆိုးကို ရပ္တန္ ့ျပနိုင္ပါ့မလား?

(Unicode)

ခရစ်မတ်ကာလဇယားထိပ်ကိုရောက်နေတာဟာလီဗာပူးလ်အသင်းအတွက်သိပ်မကောင်းပါဘူး။


ပြီးခဲ့တဲ့သောကြာနေ့ညက လီဗာပူးလ်အသင်းဟာ ဝုလ်ဗ်အသင်းကို အနိုင်ရရှိခဲ့ပြီးခရစ်စမတ်ကာလမှာတော့ ပရီးမီယားလိပ်ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ဒါပင်မယ့်လည်းပြီးခဲ့တဲ့ ၁၀နှစ်အတွင်း လီဗာပူးလ်အသင်းဟာ ခရစ်စမတ်ကာလမှာ  ၂ကြိမ်တိုင် ဇယားထိပ်မှာရှိခဲ့သော်လည်း ရာသီကုန်မှာဖလားမရခဲ့ပါဘူး။ဒါတွေဟာကောင်းတဲ့သတင်းမဟုတ်ပြန်ပါဘူး။မန်စီတီးအသင်းဟာ ဒီရာသီမှာ တော်တော်လေးကောင်းမွန်နေပါတယ်။တစ်ချို့လူတွေကဆို မန်စီးတီးအသင်းဟာမနှစ်ရာသီကထက်ပိုကောင်းတယ်လို့တောင်ပြောနေကြပါတယ်။လီဗာပူးလ်အသင်းအတွက်လည်းအခုချိန်မှာချီးကျူးစရာတွေလည်းရှိပါတယ်။


နည်းပြဂျာဂန်ကလော့ရဲ့လီဗာပူးလ်အသင်းဟာ ဒီရာသီမှာတော့မရပ်မနားပုံစံနဲ့ပြေးနေတဲ့ ပြိုင်မြင်းတစ်ကောင်လိုဖြစ်နေပါတယ်။ပထမဆုံးအနေနဲ့သူတို့ဟာ ရာသီအစမှာ ဦးဆောင်သူမန်စီးတီးအသင်းကို ထပ်ကြပ်မကွာလိုက်နေဖို့နဲ့အမှတ်မပြတ်သွားအောင် အလေးထားခဲ့သော်လည်း အခုချိန်မှာတော့ဂွာဒီယိုလာရဲ့အသင်းကိုကျော်တက်ပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ညကဝုလ်ဗ်အသင်းနဲ့ပွဲမှာ အနီရောင်ကြိုးကြာနီအသင်းဟာ ပွဲကိုခဲရာခဲဆစ်ကစားနေခဲ့ရတာဖြစ်ပြီး အနိုင်ရလဒ်တစ်ခုကိုသာမဖန်တီးနိုင်ပါက စီးတီးအသင်းကို ခရစ်စမတ်ကာလမှာ ဦးဆောင်ခွင့်ပေးလိုက်ရမှာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း အသင်းနိုင်ပွဲအတွက်ဂိုးတွေသွင်းယူပေးခဲ့တဲ့ ဗန်ဒိုက်စ်နဲ့ဆာလာတို့ကို ကျေဇူးတင်ရမှာဖြစ်ပြီး လာမယ့်အင်္ဂါနေ့ဆန်တာနေ့မှာ သူတို့ဟာ ထိပ်ဆုံးကနေအေးအေးလူလူနေနိုင်ပြီပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း လီဗာပူးလ်ပရိတ်သတ်တွေအနေနဲ့သမိုင်းကြောင်းကို ပြန်ရှာပြီးအသင်းအတွက်တစ်စုံတစ်ခုကိုလိုက်ရှာကြည့်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းလီဗာပူးလ်အသင်းဟာ ဒီဇင်ဘာ ၂၅အထိ ဇယားထိပ်မှာ ၂ခါတောင် ဦးဆောင်နေခဲ့ဖူးသော်လည်း ရာသီကုန်မှာဖလားရဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီ၂ကြိမ်လုံးဟာ ပြီးခဲ့တဲ့ ၂၀၀၉  ခုနှစ်ကနဲ့၂၀၁၄ ခုနှစ်က ပဲဖြစ်ပါတယ်။

၂၀၀၈-၀၉  ရာသီကဆို လီဗာပူးလ်အသင်းဟာ တစ်ရာသီလုံး ၂ပွဲသာရှုံးနိမ့်ခဲ့ပြီး ချန်ပီယံမန်ယူနိုက်တက်ထက်တောင် ရှုံးပွဲနည်းခဲ့ပါသေးတယ်။ဒါပင်မယ့်လည်းသူတို့အသင်းဟာသရေရလဒ်ပွဲတွေအရမ်းများခဲ့ပါတယ်။အိုထရက်ဖို့ဒ်မှာ ၄-၁ ဖြင့်အနိုင်ရခဲ့ပြီး သရဲနီတို့ကို ဖိအားတွေအမြားအပြားပေးခဲ့သော်လည်း နောက်၂ပတ်အကြာမှာ ဖူလ်ဟမ်အသင်းကိုစရှုံးနိမ့်တဲ့အချိန်ကစပြီး ယူနိုက်တက်အသင်းဟာဗိုလ်စွဲဖို့ပြန်ရေပန်းစားသွားခဲ့တာပဲဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာရာသီကုန်မှာတော့ ဖာဂူဆန်ရဲ့အသင်းထက် ၄မှတ်လောက်သာရမှတ်ကွာဟပြီး ကောင်းမွန်တဲ့ဂိုးကွာခြားချက်မှတ်တမ်းကိုရခဲ့သလို ရှုံးပွဲလည်းအနည်းဆုံးဖြစ်ခဲ့ပါတယ်။


၂၀၁၄ ရာသီကတော့ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိပ်ဖလားနဲ့ကံမစပ်တဲ့နေရာမှာ နာမည်ကြီးတဲ့နှစ်ဖြစ်ခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ တစ်ရာသီလုံးဇယားထိပ်ကိုဦးဆောင်လာခဲ့သော်လည်း အေပရယ်မှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီးနောက် လိပ်ဖလားရဖို့အတော်လေးနီးစပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ၂ပတ်ကြာပြီးနောက်စတီဗင်ဂျာရတ်ရဲ့နာမည်ကျော်ချော်လဲကျမှုက ချဲလ်ဆီးအသင်းကို ၂-၀ ဖြင့်အရေးနိမ့်ခဲ့ပြီး ဆက်တိုက်ဆိုသလို ခရစ်စတယ်ပဲလေ့စ်အသင်းကို ၃-၀ ဖြင့် အနိုင်ရနေတဲ့နေရာကနေ ၃-၃ သရေကျခဲ့တာတွေဟာ အရာအားလုံးကို ချက်ချင်းပြောင်းလဲသွားစေခဲ့ပါတယ်။

အခုချိန်မှာ တော့လီဗာပူးလ်အသင်းအတွက် အရာအားလုံးဟာလှပနေပါတယ်။ဒါပင်မယ့်ပွဲခံရမယ့်အချိန်မဟုတ်သေးပါဘူး။ကလော့တစ်ယောက် အသင်းရဲ့ဖြစ်ရပ်ဆိုးကို ရပ်တန့်ပြနိုင်ပါ့မလား?

No comments

Powered by Blogger.