Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Man Of The Match1ကြိမ်
(Unicode)
တယ်ရီ၊ဖာဒီနန်နဲ့ဗီဒစ်တို့၃ယောက်ပေါင်းထားတဲ့လီဗာလ်ပူးလ်ရဲ့လူ့ဘီလူကြီးဗန်ဒိုက်စ်
ဂျင်မီရခ်နက်က လီဗာပူးလ်အသင်းနောက်ခံလူ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့အကောင်းဆုံးနောက်ခံလူ၃ယောက်ဖြစ်တဲ့ ဂျွန်တယ်ရီ ဖာဒီနန် ဗီဒစ်တို့နှင့်အတူအရည်အချင်းအားလုံးတူညီမှုရှိ တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။
"ကျွန်တော်တို့အားလုံးက အခုရာသီဝက်ကိစ္စပဲတွေးတော့နေကြတယ်ဗျ။ဗန်ဒိုက်ကယခုနှစ်ရာသီရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာမယ်ဆိုတာဘယ်သူမှသတိမထားကြဘူး။သူကိုအသင်းတိုင်းကသူတိုဆီမှာရှိဖို့အတွက်သဘောကျနှစ်ခြိုက်နေကြတယ်"လို့ ရခ်နက်ကဆိုပါတယ်။
လီဗာပူးလ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းရခ်နက်က ထပ်မံပြီး "အားလုံးထင်နေကြတဲ့ပရ်ီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူ၃ယောက်ဖြစ်တဲ့ တယ်ရီ ဖာဒီနန် ဗီဒစ်တို့လိုပဲဗန်ဒိုက်က ပရီးမီးယားလိဂ်အကောင်းဆုံးနောက်ခံလူတစ်ဦးပါ သူတို့၃ယောက်ကိုပေါင်းစပ်ထားတဲ့ကစားသမားမျိုးလိုပါ"လို့ပြောကြားလိုက်ပါတယ်။
"သူကပွဲတစ်ခုလုံးကို ဂျွန်တယ်ရီလိုကောင်းကောင်းသုံးသပ်အကဲခတ်နိုင်တယ်။ ဘောလုံးပေးသပ်ရပ်ပြီး သူခြေထဲဘောလုံးရောက်ရင်ကိုက်၃၀လောက်ကို ကောင်းကောင်းမိမိရရပေးနိုင်တယ်။ပြီးတော့သူက ဖာဒီနန်လို ချိန်ဆနိုင်တဲ့အရည်အချင်းရှိတယ်။သူနဲ့တစ်ယောက်ခြင်းတွေ့တဲ့အနေအထားမှာတစ်ဖက်ကသူ့ကိုကျော်သွားနိုင်တာမင်းမြင်ဖူးလား သူကအဲလိုကစားသမားပါ။"
"ဒါပေမယ့်သူက ဗီဒစ်လို့ ရန်မူတဲ့ကစားသမားတစ်ယောက်တော့မဟုတ်ဘူး။သူက စစ်သည်တစ်ယောက်ရဲ့ဝိဉာဉ်အလား အနိုင်ရဖို့ပဲလိုလားနေသူပါ။သူကစိတ်ထိန်းနိုင်တယ် အေးအေးချမ်းချမ်းကစားတယ်ပြီးတော့သူကတကယ်ကိုတန်ဖိုးရှိတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။”
ဗန်ဒိုက်ရဲ့လက်ရှိစွမ်းဆောင်ရည်တွေကတော့
ဘောလုံးပေးပိုမှုတိကျ နှုန်း 92%
ရှင်းလင်းဖျက်ထုတ်မှု 5ကြိမ်
Man Of The Match1ကြိမ်
ဘောလုံးထိတွေ့မှု 2846ကြိမ်
ကစားခွင့်ရတဲ့အချိန် 2845မိနစ်
တစ်ဦးချင်းအတွေ့ဘောလုံးဖျက်ထုတ်နိုင်မှု 213ကြိမ်
အပြီးရှင်းလင်းဖျက်ထုတ်နိုင်မှု 173ကြိမ်
ဧရိယာစည်းအတွင်း တစ်ဦးချင်းအတွေ့ဘောလုံးဖျက်ထုတ်နိုင်မှု 155ကြိမ်
ကြားဖြတ်လုယူနိုင်မူ 38ကြိမ်
ကန်သွင်းမှုဖျက်ရှင်းနိုင်မှု 13ကြိမ်
ဒါအပြင်လီဗာပူးလ်အသင်းဟာလက်ရှိ BoxingDay မတိုင်ခင်အထိပရီးမီယားကလပ်ထဲမှာပေးဂိုးအနည်းဆုံး ၇ဂိုးသာခွင့်ပြုထားပါတာိ။ဒီမှတ်တမ်းအာားလုံးဟာ သူပါဝင်ပြီးလီဗာပူးလ်အသင်းရဲ့ပရီးမီးယားလိဂ် ပွဲစဉ်တွေကိုတွက်ချက်ထားခြင်းဖြစ်ပါတယ်။
ဗန်ဒိုက်ဟာလက်ရှိအသင်း ကိုအကောင်းဆုံးထိန်းကျောင်းနေပြီး ရခ်နက်ကတော့ ဗန်ဒိုက်ဟာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်နေပါတယ်။
"ဒီရာသီရဲ့အာရုံထားဖို့မလို့တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။အကယ်၍သာ ယခုလိုဆက်လက်ထိန်းသိမ်းကစားနိုင်မည်ဆိုရင်သူဟာပရီးမီးယားလိဂ်ရဲ့အကြီးကျယ်ဆုံးနောက်ခံကစားသမားအနေနဲ့မှတ်ယူနိုင်ပါတယ်"
"ပရီးမီးယားလိဂ်ဖလားအတွက်အခုလိုမြိုင်မြိုင်ဆိုင်ဆိုင်အခုလိုပြိုင်ဆိုင်နေရတာကျွန်တော်ကိုအများကြီးစိတ်လှုပ်ရှားစေပါတယ်"
"အကောင်းဆုံးဖြစ်လာမှာပါ။ဗန်ဒိုက်ဆုတွေအများကြီးဆွတ်ခူးဖို့ရှိပါတယ်။သူချန်ပီယံလိဂ်ဖလားဖိုင်နယ်အထိရောက်ဖူးပြီးပြီ အခုသူပရီးမီးယားလိဂ်ဖလားရဖို့အတွက်အများကြီးအခွင့်အရေးရှိနေပါပြီ"
အသက်၂၇နှစ်အရွယ် ဗန်ဒိုက်ရဲ့လီဗာပူးလ်အသင်းဟာဝုဗ်အသင်းကို ၂ဂိုး ဂိုးမရှိနှင့်အနိုင်ရကာ လက်ရှိBoxing Dayမတိုင်ခင်အထိဇယားထိပ်မှဦးဆောင်နေပါတယ်။
Post a Comment