Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် ပေါ့ဘာတင်ခဲ့တဲ့အငြင်းပွားဖွယ်postနောက်ကွယ်က အမှန်တရား
ပေါ့ဘာကတော့ မော်ရင်ဟိုထုတ်ပယ်ခံရတာကို ကျေနပ်နေတဲ့ပုံစံမျိုးနဲ့ အင်စတာဂရမ်မှာ အငြင်းပွားဖွယ်ရေးသားခဲ့ပါတယ်။မော်ရင်ဟိုထုတ်ပယ်ခံရပြီး မိနစ်၂၀မပြည့်ခင်ပဲ အငြင်းပွားဖွယ်ပုံစံမျိုးဖော်ပြခဲ့တာပါ။ထီမထင်တဲ့မျက်နှာပေး မျိုးနဲ့ သူ့ပုံကိုတင်ခဲ့ပြီး ခေါင်းစဉ်ကတော့ Caption This လို့ရေးသားခဲ့တာဖြစ်ပါတယ်။မိနစ်အနည်းငယ်အကြာမှာပြန်ဖျက်ခဲ့ပေမယ့် မဖျက်ခင် postအောက်မှာ ဂယ်ရီနဗီးလ်နဲ့ မော်ဂန်တို့ကဝေဖန်ခဲ့ကြပါတယ်။နဗီးလ်က''မင်းကတော့အလုပ်တစ်ခုကိုကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ''လို့လှောင်ပြောင်ရေးသားခဲ့ပါတယ်။မော်ဂန်ကတော့ ''ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ အဆိပ်လိုကောင်အတွက် သန်းတစ်ရာသုံးစွဲခဲ့တာ အဆိုးဆုံး အခိုက်အတန့်ဖြစ်မှာပါ''လို့ဝေဖန်ခဲ့ပါတယ်။
ပေါ့ဘာရဲ့စပွန်ဆာ ကုမ္ပဏီ Adidasကတော့ သူ့ရဲ့postနဲ့ပတ်သတ်ပြီးပြန်လည်ရှင်းလင်းခဲ့ပါတယ်။Adidasရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ''ဆိုရှယ်မီဒီယာမှာ ပေါ့ဘာတင်ခဲ့တဲ့ပုံဟာ အစထဲကတင်ရမယ့် အချိန်သတ်မှတ်ထားပြီးသားပါ။ဒါက ဈေးကွက်မြှင့်တင်ခြင်းအရ တင်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုထုတ်ပယ်ခံရပြီး ချက်ချင်းတင်မိတာကြောင့် အသင်းနဲ့ နည်းပြကို လေးစားမှုမရှိသလိုမျိုး အဓိပ္ပာယ်ကောက်လွဲသွားကြတာပါ''လို့ဂျာနယ်လစ်တွေကို ရှင်းပြခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ပေါ့ဘာဟာ ပြီးခဲ့တဲ့ရက်ကလည်း adidasရဲ့အစီအစဉ်အရ ပရိတ်သတ်တွေကို ဂရုမစိုက်တဲ့အထာနဲ့ ပဲရစ်ကိုသွားခဲ့ပါသေးတယ်။ဂျူဗင်တပ်ကစားသမား ဒိုင်ဘားလားနဲ့ လက်ညှိုးချင်းထိပြီး ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။မော်ရင်ဟိုနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ လီဗာပူးကိုရှုံးနိမ်တဲ့ပွဲမှားလည်း ပေါ့ဘာအနေနဲ့ အရန်ခုံမှာသာရှိနေခဲ့တာပါ။ပေါ့ဘာနဲ့မော်ရင်ဟိုအကြား အမြဲအချေအတင်ဖြစ်ခဲ့တာ အားလုံးသိပြီးဖြစ်မှာပါ။ဒါကြောင့်လည်း မော်ဂန်နဲ့နဗီးလ်တို့က မော်ရင်ဟိုထုတ်ပယ်ခံရတာကို ပေါ့ဘာ ခနဲ့ခဲ့တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။
Post a Comment