Header Ads


အပူ့့နႈန္းျပေျမပံုအရ ရိုနယ္ဒိုဟာဂိုးသြင္းယူဖို ့သာၾကိဳးစားတတ္တဲ့ကစားသမားတစ္ေယာက္လံုး၀မဟုတ္တာေသခ်ာေနပါတယ္။



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခရစ္စတီယာနိုရိုနယ္ဒိုရဲ ့ဒီရာသီအပူနႈန္းျပေျမပံုဟာတစ္စံုတစ္ခုကိုညႊန္းဆိုေနသလိုျဖစ္ေနပါတယ္။အသက္၃၃နွစ္အရြယ္ကစားသမားၾကီးဟာ နွစ္ေပါင္းမ်ားစြာၾကာကစားလာတဲ့အခ်ိန္မွာေတာ့သူ ့ရဲ့ကစားဟန္ကိုတေျဖးေျဖပံုစံေျပာင္းလာခဲ့တာပဲျဖစ္ပါတယ္။

ျမန္နႈန္းျမင့္ေတာင္ပံကစားသမားကေန အထဲ၀င္ကစားတဲ့တိုက္စစ္မွဴးျဖစ္သြားလိုက္ ေနာက္ခ်န္တိုက္စစ္မွဴးအျဖစ္ကစားလိုက္နဲ ့ဂိုးသြင္းဖို ့အတြက္သာအာရံုစိုက္ရတဲ့တိုက္စစ္မွဴးစစ္စစ္တစ္ေယာက္ျဖစ္လိုက္နဲ ့မ်ိဳးစံုေအာင္ရိုနယ္ဒိုတစ္ေယာက္ကစားနိုင္ခဲ့တာပဲျဖစ္ပါတယ္။

မေန ့က ဆမ္ပိုဒိုးရီးယားအသင္းနဲ ့ကစားခဲ့တဲ့ပြဲမွာ ဂ်ဳဗင္တပ္စ္တုိ ့အတြက္အေရးပါတဲ့သြင္းဂိုး၂ဂိုးကိုသြင္းယူေပးခဲ့ၿပီးေနာက္ စီးရီးေအဂိုးသြင္းအမ်ားဆံုးသူစာရင္းမွာ ထိပ္ဆံုးကေနရပ္တည္ေနသလို ၂၀၁၈ ခုနွစ္အတြက္လည္း သြင္းဂိုး၄၉ ဂိုးျဖင့္ ၿပီးဆံုးေစခဲ့ၿပီပဲျဖစ္ပါတယ္။

ဒါပင္မယ့္လည္း သူ ့ရဲ ့အပူနႈန္းျပေျမပံုအရ သူဟာ ဂိုးသြင္းဖို ့ၾကိဳးစားရတဲ့ကစားသမားတစ္ေယာက္သက္သက္ထက္အမ်ားၾကီးပိုေနပါတယ္။သူ ့ရဲ့အပူနႈန္းေျမပံုကိုၾကည့္ၾကည့္ပါ။

အပူနႈန္းအရ သူဟာ ဂိုးဧရိယာျပင္ပမွာ အသင္းအတြက္အေတာ္ေလးလႈပ္ရွားကစားခဲ့တာကို အနီေရာင္ရဲရဲေတြအရျမင္ေတြ ့နိုင္ပါတယ္။


သူဟာ ေတာင္ပံမွာေရာ ဧရိယာအတြင္းမွာပါ ထင္ရွားေအာင္ကစားေနနိုင္ခဲ့တာပဲျဖစ္ၿပီး သူ ့ရဲ ့မဟာၿပိဳင္ဘက္လာလီဂါျခေသၤ့လီယြန္နယ္မက္ဆီလို တစ္ကြင္းလံုးပတ္ပတ္လည္ေဆာ့တတ္တဲ့သူလိုျဖစ္ေနပါတယ္။


စံခ်ိန္မ်ားရွင္ရိုနယ္ဒိုဟာ စီးရီေအသြင္းဂိုး ၁၄ ဂိုးေၾကာင့္ စီးရီးေအရဲ ့တစ္ရာသီဂိုးသြင္းအမ်ားဆံုး ေပၚတူဂီလူမ်ိဳးျဖစ္လာခဲ့ၿပီး ေပၚတူဂီကစားသမားေဟာင္းတင္ထားတဲ့ ဘာရို ့စ္ရဲ ့စံခ်ိန္ကိုေက်ာ္ျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

(Unicode)

အပူ့နှုန်းပြမြေပုံအရ ရိုနယ်ဒိုဟာဂိုးသွင်းယူဖို့သာကြိုးစားတတ်တဲ့ကစားသမားတစ်ယောက်လုံးဝမဟုတ်တာသေချာနေပါတယ်။

ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ဒီရာသီအပူနှုန်းပြမြေပုံဟာတစ်စုံတစ်ခုကိုညွှန်းဆိုနေသလိုဖြစ်နေပါတယ်။အသက်၃၃နှစ်အရွယ်ကစားသမားကြီးဟာ နှစ်ပေါင်းများစွာကြာကစားလာတဲ့အချိန်မှာတော့သူ့ရဲ့ကစားဟန်ကိုတဖြေးဖြေပုံစံပြောင်းလာခဲ့တာပဲဖြစ်ပါတယ်။

မြန်နှုန်းမြင့်တောင်ပံကစားသမားကနေ အထဲဝင်ကစားတဲ့တိုက်စစ်မှူးဖြစ်သွားလိုက် နောက်ချန်တိုက်စစ်မှူးအဖြစ်ကစားလိုက်နဲ့ဂိုးသွင်းဖို့အတွက်သာအာရုံစိုက်ရတဲ့တိုက်စစ်မှူးစစ်စစ်တစ်ယောက်ဖြစ်လိုက်နဲ့မျိုးစုံအောင်ရိုနယ်ဒိုတစ်ယောက်ကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

မနေ့က ဆမ်ပိုဒိုးရီးယားအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဂျုဗင်တပ်စ်တို့အတွက်အရေးပါတဲ့သွင်းဂိုး၂ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် စီးရီးအေဂိုးသွင်းအများဆုံးသူစာရင်းမှာ ထိပ်ဆုံးကနေရပ်တည်နေသလို ၂၀၁၈ ခုနှစ်အတွက်လည်း သွင်းဂိုး၄၉ ဂိုးဖြင့် ပြီးဆုံးစေခဲ့ပြီပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း သူ့ရဲ့အပူနှုန်းပြမြေပုံအရ သူဟာ ဂိုးသွင်းဖို့ကြိုးစားရတဲ့ကစားသမားတစ်ယောက်သက်သက်ထက်အများကြီးပိုနေပါတယ်။သူ့ရဲ့အပူနှုန်းမြေပုံကိုကြည့်ကြည့်ပါ။

အပူနှုန်းအရ သူဟာ ဂိုးဧရိယာပြင်ပမှာ အသင်းအတွက်အတော်လေးလှုပ်ရှားကစားခဲ့တာကို အနီရောင်ရဲရဲတွေအရမြင်တွေ့နိုင်ပါတယ်။

သူဟာ တောင်ပံမှာရော ဧရိယာအတွင်းမှာပါ ထင်ရှားအောင်ကစားနေနိုင်ခဲ့တာပဲဖြစ်ပြီး သူ့ရဲ့မဟာပြိုင်ဘက်လာလီဂါခြင်္သေ့လီယွန်နယ်မက်ဆီလို တစ်ကွင်းလုံးပတ်ပတ်လည်ဆော့တတ်တဲ့သူလိုဖြစ်နေပါတယ်။

စံချိန်များရှင်ရိုနယ်ဒိုဟာ စီးရီအေသွင်းဂိုး ၁၄ ဂိုးကြောင့် စီးရီးအေရဲ့တစ်ရာသီဂိုးသွင်းအများဆုံး ပေါ်တူဂီလူမျိုးဖြစ်လာခဲ့ပြီး ပေါ်တူဂီကစားသမားဟောင်းတင်ထားတဲ့ ဘာရို့စ်ရဲ့စံချိန်ကိုကျော်ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။


No comments

Powered by Blogger.