Header Ads


ဗုဒၶဟူးေန ့ညေနခင္းေနာက္ဆံုးရေဘာလံုးသတင္းမ်ားစုစည္းမႈ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္ပရိတ္သတ္မ်ားကေတာ့ အသင္းတိုက္စစ္မွာေျခစြမ္းျပကစားခဲ့ဖူးတဲ့ နည္းျပဆိုလ္ရွားကို နည္းျပေမာ္ရင္ဟိုေနရာမွာအစားထိုးဖို ့ထက္ ေျခစြမ္းမျပပဲေလးလံေနတဲ့ တိုက္စစ္ကစားသမားလူကာကူေနရာမွာအစားထိုးရမွာျဖစ္တယ္လို ့အရႊန္းေဖာက္ေျပာဆိုေနၾကတာပဲျဖစ္ပါတယ္။


ယေန ့ညမွာကစားမယ့္ကရာေဘာင္ဖလားပြဲစဥ္အျဖစ္ေျမာက္လန္ဒန္ဒါဘီပြဲျဖစ္တဲ့ စပါးနဲ ့ပြဲမွာ အာဆင္နယ္အသင္းပရိတ္သတ္ေတြေရာ ကစားသမားေတြပါကိုယ့္ကိုယ္ကို သိပ္အထင္မၾကီးေနၾကဖို ့အာဆင္နယ္နည္းျပအူနိုင္းအမ္မရီက သတိေပးေျပာၾကားလိုက္ပါတယ္။

အင္စတာဂရမ္မွာနည္းျပေမာ္ရင္ဟိုအထုတ္ခံရၿပီးေနာက္ပိုင္းအရိုအေသကင္းမဲ့စြာ ပံုတင္ခဲ့တဲ့ ကြင္းလယ္လူေပါ့ဘာကို ယူနိုက္တက္အသင္းက ဒဏ္ရိုက္ဖို ့စီစဥ္ေနေၾကာင္းသိရပါတယ္။

ယူနိုက္တက္ကြင္းလယ္လူေဟာင္းဖလက္ခ်ာကေတာ့ ေပါ့ဘာအေနနဲ ့ေမာ္ရင္ဟိုအထုတ္ခံရၿပီျဖစ္တာေၾကာင့္ ေမာ္ရင္ဟိုထက္သူဟာပိုမိုၾကီးမားတဲ့လူျဖစ္တယ္လို ့မထင္သင့္ေၾကာင္း ဒီလိုအခ်ိဳးမေျပတဲ့ကစားသမားကို ေနာက္ေက်ာကေန ေဆာင့္ကန္ေပးမယ့္လူတစ္ေယာက္ေလာက္ရိွသင့္တယ္လို ့ေ၀ဖန္ေျပာၾကားလိုက္ပါတယ္။


ဂ်ိဳ ့စ္ေမာ္ရင္ဟိုအထုတ္ပယ္ခံရၿပီးေနာက္ယူနိုက္တက္အသင္းရဲ ့အစုရွယ္ယာတန္ဖိုးဟာ % အထိတက္လာခဲ့တယ္လို ့သိရပါတယ္။

စပါးနည္းျပပိုခ်က္တီနိုအေနနဲ ့မန္ယူနိုက္တက္အသင္းရဲ ့နည္းျပရာထူးကိုျငင္းပယ္ၿပီး စပါးလ္အသင္းမွာပဲဆက္ရိွေနသင့္တယ္လို ့အာဆင္နယ္နည္းျပအူနိုင္းအမ္မရီက အၾကံေပးေျပာဆိုလိုက္ပါတယ္။

PSG ကြင္းလယ္လူ ရာဘီရက္ကို ေခၚယူဖို ့ဘာစီလိုနာအသင္းကသေဘာတူညီမႈရရိွခဲ့ၿပီျဖစ္တယ္လို ့သိရပါတယ္။


(Unicode)

ဗုဒ္ဓဟူးနေ့ညနေခင်းနောက်ဆုံးရဘောလုံးသတင်းများစုစည်းမှု

ယူနိုက်တက်ပရိတ်သတ်များကတော့ အသင်းတိုက်စစ်မှာခြေစွမ်းပြကစားခဲ့ဖူးတဲ့ နည်းပြဆိုလ်ရှားကို နည်းပြမော်ရင်ဟိုနေရာမှာအစားထိုးဖို့ထက် ခြေစွမ်းမပြပဲလေးလံနေတဲ့ တိုက်စစ်ကစားသမားလူကာကူနေရာမှာအစားထိုးရမှာဖြစ်တယ်လို့အရွှန်းဖောက်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။

ယနေ့ညမှာကစားမယ့်ကရာဘောင်ဖလားပွဲစဉ်အဖြစ်မြောက်လန်ဒန်ဒါဘီပွဲဖြစ်တဲ့ စပါးနဲ့ပွဲမှာ အာဆင်နယ်အသင်းပရိတ်သတ်တွေရော ကစားသမားတွေပါကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနေကြဖို့အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက သတိပေးပြောကြားလိုက်ပါတယ်။

အင်စတာဂရမ်မှာနည်းပြမော်ရင်ဟိုအထုတ်ခံရပြီးနောက်ပိုင်းအရိုအသေကင်းမဲ့စွာ ပုံတင်ခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကို ယူနိုက်တက်အသင်းက ဒဏ်ရိုက်ဖို့စီစဉ်နေကြောင်းသိရပါတယ်။

ယူနိုက်တက်ကွင်းလယ်လူဟောင်းဖလက်ချာကတော့ ပေါ့ဘာအနေနဲ့မော်ရင်ဟိုအထုတ်ခံရပြီဖြစ်တာကြောင့် မော်ရင်ဟိုထက်သူဟာပိုမိုကြီးမားတဲ့လူဖြစ်တယ်လို့မထင်သင့်ကြောင်း ဒီလိုအချိုးမပြေတဲ့ကစားသမားကို နောက်ကျောကနေ ဆောင့်ကန်ပေးမယ့်လူတစ်ယောက်လောက်ရှိသင့်တယ်လို့ဝေဖန်ပြောကြားလိုက်ပါတယ်။

ဂျို့စ်မော်ရင်ဟိုအထုတ်ပယ်ခံရပြီးနောက်ယူနိုက်တက်အသင်းရဲ့အစုရှယ်ယာတန်ဖိုးဟာ ၆% အထိတက်လာခဲ့တယ်လို့သိရပါတယ်။

စပါးနည်းပြပိုချက်တီနိုအနေနဲ့မန်ယူနိုက်တက်အသင်းရဲ့နည်းပြရာထူးကိုငြင်းပယ်ပြီး စပါးလ်အသင်းမှာပဲဆက်ရှိနေသင့်တယ်လို့အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက အကြံပေးပြောဆိုလိုက်ပါတယ်။

PSG ကွင်းလယ်လူ ရာဘီရက်ကို ခေါ်ယူဖို့ဘာစီလိုနာအသင်းကသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

No comments

Powered by Blogger.