Header Ads


အယ္လီဆန္သာဒီေလာက္ထိေကာင္းတယ္ဆိုေျပာင္းေရႊ ့ေၾကးကို၂ဆေတာင္ေပးမွာလို ့ဆိုလိုက္တဲ့ကေလာ့








Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဒီရာသီမွာျပသေနတဲ့လက္စြမ္းေကာင္းေတြေျကာင့္  ဂိုးသမားအယ္လီဆန္ကို ေျပာင္းေရႊ ့ေၾကးနွစ္ဆေလာက္ေပးဖို႔ထိုက္တန္တယ္လို႔ ကေလာ့ကဆိုခဲ့တာပါ။ဘရာဇီးနံပါတ္တစ္ဂိုးသမား အယ္လီဆန္ဟာ လီဗာပူးအသင္းကိုေႏြရာသီကမွ ရိုးမားအသင္းကေန ေပါင္66.9သန္းနဲ႔ေရာက္ရွိလာတာျဖစ္ပါတယ္။အဲ့တုန္းက ဂိုးသမားတစ္ဦးအတြက္ ကမာၻ ့စံခ်ိန္တင္ေျပာင္းေရြ႕ေျကးျဖစ္ပါတယ္။ဒါေျကာင့္ တန္တယ္ မတန္ဘူးဆိုတဲ့  ျငင္းခုန္မႈေတြဂယက္ရိုက္ခဲ့ျပီး လက္ရွိမွာေတာ့ ၂၂ပြဲကစားျပီးခ်ိန္မွာ ၁၂ပြဲထိ clean sheetsရခဲ့ကာေပးဂိုး၁၃ဂိုးသာခြင့္ျပဳခဲ့ရပါတယ္။

အယ္လီဆန္ဟာ ေဝဖန္သံေတြကိုတိတ္ဆိတ္ေစခဲ့ျပီး သူ႔တန္ဖိုးကို အေကာင္းဆံုးသက္ေသျပနိုင္ခဲ့တာပါ။နာပိုလီနဲ႔ပြဲမွာလည္း ပြဲခ်ိန္၉၂မိနစ္မွာ ေသခ်ာေပါက္ဂိုးေပးရမယ့္ အပိုင္အခြင့္ေရးကို ကာကြယ္ျပီး လစ္ဗာငွက္တို႔ကို ရံႈးထြက္အဆင့္ဆီ ေခၚေဆာင္ေပးခဲ့ပါတယ္။ဒီပြဲအျပီး ကာေရဂါနဲ႔ TV showမွာ ကေလာ့တစ္ေယာက္ အလြန္အူျမဴးေနခဲ့ပါတယ္။ဆက္လက္ျပီးကေလာ့က''ဘယ္လိုစြမ္းအားမ်ိဳးနဲ႔ မီလစ္ရဲ႕အပိုင္ကန္ခ်က္ကို အယ္လီဆန္ကာကြယ္ခဲ့လဲမသိပါဘူး။သူသာဒီေလာက္ေကာင္းမွန္းအစထဲကသိခဲ့ရင္ ေၾကးကို ၂ဆေလာက္ေတာင္ေပးေခၚခဲ့မိမွာပါ။’’လို႔ဆိုခဲ့ပါတယ္။
ဧည့္သည္အသင္းတိုက္စစ္မွဴး မီလစ္ဟာ အခ်ိန္ပိုမွာေနာက္တစ္ဆင့္တက္ေစမယ့္ အပိုင္အခြင့္အေရးကိုအသံုးခ်ခဲ့ေပယ့္ အယ္လီဆန္ေျကာင့္ အရာမထင္ခဲ့ရတာပါ။မီလစ္အေနနဲ႔ ေဘာလံုးကို အမိအရထိန္းကန္နိုင္ခဲ့ေပမယ့္ လီဗာပူးဂိုးသမားရဲ႕သူရဲေကာင္းဆန္ဆန္ကာကြယ္မႈနဲ႕ရင္ဆိုင္ခဲ့ရပါတယ္။ဘာပဲျဖစ္ျဖစ္ဒါဟာ လီဗာပူးအတြက္ တကယ္အေရးပါတဲ့ကာကြယ္မႈျဖစ္ခဲ့ျပီး  ဒီဂိုးသာခြင့္ျပဳခဲ့ရရင္  ယူရိုပါလိဂ္ ဆင္းကန္ရမယ့္ အေျခအေနကေနေရွာင္လြဲနိုင္ခဲ့တာပါ။ကာကြယ္မႈေလးတစ္ခုကို အလြန္အမင္းခ်ီးက်ဴးတယ္လို႔ထင္ေနရင္ အယ္လီဆန္ကာကြယ္လိုက္ခ်ိန္မွာ ဗန္ဒိုက္ရဲ႕မ်က္နွာအမူအရာကိုျကည့္မိရင္ သေဘာေပါက္သြားမွာပါ။လီဗာပူးကေတာ့ လက္စြမ္းေကာင္းေတြနဲ႕ ဂိုးေပါက္ကိုေစာင့္ေရွာက္ဖို႔စစ္မွန္တဲ့  သူတစ္ေယာက္ကိုရွာေဖြနိုင္ခဲ့တာပါပဲ။

(Unicode)

အယ်လီဆန်သာဒီလောက်ထိကောင်းတယ်ဆိုပြောင်းရွှေ့ကြေးကို၂ဆတောင်ပေးမှာလို့ဆိုလိုက်တဲ့ကလော့

ဒီရာသီမှာပြသနေတဲ့လက်စွမ်းကောင်းတွေကြောင့်  ဂိုးသမားအယ်လီဆန်ကို ပြောင်းရွှေ့ကြေးနှစ်ဆလောက်ပေးဖို့ထိုက်တန်တယ်လို့ ကလော့ကဆိုခဲ့တာပါ။ဘရာဇီးနံပါတ်တစ်ဂိုးသမား အယ်လီဆန်ဟာ လီဗာပူးအသင်းကိုနွေရာသီကမှ ရိုးမားအသင်းကနေ ပေါင်66.9သန်းနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။အဲ့တုန်းက ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးဖြစ်ပါတယ်။ဒါကြောင့် တန်တယ် မတန်ဘူးဆိုတဲ့  ငြင်းခုန်မှုတွေဂယက်ရိုက်ခဲ့ပြီး လက်ရှိမှာတော့ ၂၂ပွဲကစားပြီးချိန်မှာ ၁၂ပွဲထိ clean sheetsရခဲ့ကာပေးဂိုး၁၃ဂိုးသာခွင့်ပြုခဲ့ရပါတယ်။

အယ်လီဆန်ဟာ ဝေဖန်သံတွေကိုတိတ်ဆိတ်စေခဲ့ပြီး သူ့တန်ဖိုးကို အကောင်းဆုံးသက်သေပြနိုင်ခဲ့တာပါ။နာပိုလီနဲ့ပွဲမှာလည်း ပွဲချိန်၉၂မိနစ်မှာ သေချာပေါက်ဂိုးပေးရမယ့် အပိုင်အခွင့်ရေးကို ကာကွယ်ပြီး လစ်ဗာငှက်တို့ကို ရှုံးထွက်အဆင့်ဆီ ခေါ်ဆောင်ပေးခဲ့ပါတယ်။ဒီပွဲအပြီး ကာရေဂါနဲ့ TV showမှာ ကလော့တစ်ယောက် အလွန်အူမြူးနေခဲ့ပါတယ်။ဆက်လက်ပြီးကလော့က''ဘယ်လိုစွမ်းအားမျိုးနဲ့ မီလစ်ရဲ့အပိုင်ကန်ချက်ကို အယ်လီဆန်ကာကွယ်ခဲ့လဲမသိပါဘူး။သူသာဒီလောက်ကောင်းမှန်းအစထဲကသိခဲ့ရင် ကြေးကို ၂ဆလောက်တောင်ပေးခေါ်ခဲ့မိမှာပါ။’’လို့ဆိုခဲ့ပါတယ်။

ဧည့်သည်အသင်းတိုက်စစ်မှူး မီလစ်ဟာ အချိန်ပိုမှာနောက်တစ်ဆင့်တက်စေမယ့် အပိုင်အခွင့်အရေးကိုအသုံးချခဲ့ပေယ့် အယ်လီဆန်ကြောင့် အရာမထင်ခဲ့ရတာပါ။မီလစ်အနေနဲ့ ဘောလုံးကို အမိအရထိန်းကန်နိုင်ခဲ့ပေမယ့် လီဗာပူးဂိုးသမားရဲ့သူရဲကောင်းဆန်ဆန်ကာကွယ်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ဒါဟာ လီဗာပူးအတွက် တကယ်အရေးပါတဲ့ကာကွယ်မှုဖြစ်ခဲ့ပြီး  ဒီဂိုးသာခွင့်ပြုခဲ့ရရင်  ယူရိုပါလိဂ် ဆင်းကန်ရမယ့် အခြေအနေကနေရှောင်လွဲနိုင်ခဲ့တာပါ။ကာကွယ်မှုလေးတစ်ခုကို အလွန်အမင်းချီးကျူးတယ်လို့ထင်နေရင် အယ်လီဆန်ကာကွယ်လိုက်ချိန်မှာ ဗန်ဒိုက်ရဲ့မျက်နှာအမူအရာကိုကြည့်မိရင် သဘောပေါက်သွားမှာပါ။လီဗာပူးကတော့ လက်စွမ်းကောင်းတွေနဲ့ ဂိုးပေါက်ကိုစောင့်ရှောက်ဖို့စစ်မှန်တဲ့  သူတစ်ယောက်ကိုရှာဖွေနိုင်ခဲ့တာပါပဲ။

No comments

Powered by Blogger.