Header Ads






Unicode သမားများအောက်ဆွဲဖတ်ပေးပါ။






(Unicode)

မိုချန်ကလာဘတ်အသင်းကိုဒေါင့်ကျဉ်းဂိုးသွင်းပြခဲ့တဲ့ဒေါ့မွန်စတားဆန်ချို


ဂျာဒန်ဆန်ချိုတစ်ယောက် မိုချန်ကလာဘတ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့စဉ် ဒေါ့မွန်အသင်းအတွက်တော်တော်လေးကောင်းမွန်တဲ့ အဖွင့်ဂိုးကိုသွင်းယူပြခဲ့ပါတယ်။အသက်၁၈နှစ်အရွယ်အင်္ဂလန်လူငယ်စတားဟာ ထူးချွန်ပြောင်မြောက်တဲ့ စကေးလ်ကပြသလိုက်ပြီး အများကထင်နေကြတဲ့သူ့ရဲ့လက်ရှိပုံစံဟာ မတိုးတာမဆုတ်သာဖြစ်နေတယ်ဆိုတဲ့အထင်တွေကို ဖြိုခွင်းပြလိုက်တဲ့အရိပ်အယောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒေါ့မွန်အသင်းဟာတန်ပြန်တိုက်စစ်ဆင်ကစားတဲ့အချိန်မှာတော့ မန်ချက်စတာစီးတီးလူငယ်ကစားသမားဟာ ဂိုးဖန်တီးပေးရင်ပေး ဒါမှမဟုတ် ဂိုးသွင်းယူချင်ရင်ယူဖို့ဘာတစ်ခုမှ မမှားယွင်းနေပါဘူး။ဒေါ့မွန်စတားဟာ ဘောလုံးကိုလက်ခံရရှိပြီး မိုချန်ကလာဘတ်ကစားသမားတစ်ယောက်ကို ကျော်ကာ ဒေါ့င်ကျဉ်းကနေ ဂိုးရအောင်သွင်းယူပြခဲ့တာပါ။


တကယ့်ကိုကောင်းတဲ့ ဂိုးပါပဲ။
ခရစ်စတိုဖာကာမာ ဟာ မိုချက်ကလာဘတ်အသင်းအတွက်ချေပဂိုးသွင်းယူခဲ့သော်လည်း မာကိုရူစ်က ဒုတိယပိုင်းမှာ ဦးဆောင်ဂိုးသွင်းယူခဲ့ကာနိုင်ပွဲရရှိစေခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ ဒီရာသီ နည်းပြ Luciem Favre လက်အောက်မှာ အကောင်းဆုံးရာသီအစပုံစံကောင်းကိုစတင်နေခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာလည်း ထိပ်ဆုံးကရပ်တည်နေတာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.