Header Ads


နည္းျပဆိုလ္ရွားရဲ ့ပြဲၾကိဳသတင္းစာရွင္းလင္းပြဲက မန္ဖန္ေတြကိုေက်နပ္ေစမွာအမွန္ပါပဲ။



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

သင့္အတြက္ ဆိုလ္ရွားဟာ မန္ခ်က္စတာယူနိုက္တက္ရဲ ့နည္းျပရာထူးနဲ ့ပတ္သတ္ၿပီး မွန္ကန္တယ္ဆိုတာသံသယရိွေနတယ္ဆိုရင္ သူ ့ရဲ ့မီဒီယာေရွ ့ပထမဆံုးပြဲၾကိဳသတင္းစာရွင္းလင္းပြဲက သင့္ရဲ ့စိတ္ေတြကုိေျပာင္းလဲသြားနိုင္ပါတယ္။

ယူနိုက္တက္အသင္းဟာ ဂ်ိဳ ့စ္ေမာ္ရင္ဟိုကိုနည္းျပရာထူးကေနထုတ္ပယ္ခဲ့ၿပီးေနာက္ အဂၤါေန ့နံနက္ပိုင္းမွာ နည္းျပဆိုလ္ရွားကို ယာယီနည္းျပအျဖစ္ခန္ ့အပ္ခဲ့ပါတယ္။ဒါပင္မယ့္လည္း လူေတာ္ေတာ္မ်ားမ်ားကေတာ့ ၂၀၁၄ ခုနွစ္က ဆိုလ္ရွားကိုင္တြယ္ခဲ့တဲ့ ကာဒဖ္စီးတီးရဲ ့ရလဒ္ေတြနဲ ့ပတ္သတ္ၿပီးေ၀ဖန္ေရးေတြ ျပဳလုပ္လာၾကတာပဲျဖစ္ပါတယ္။

ဒါပင္မယ့္မေန ့ညေသာၾကာေန ့က ပြဲၾကိဳသတင္းစာရွင္းလင္းပြဲကို ၾကည့္ၿပီး ဆံုးျဖတ္ရတာကေတာ့ သူဟာအိုထရက္ဖို ့ဒ္ကလပ္ကို ကိုင္တြယ္ဖို ့မွန္ကန္တဲ့လူတစ္ေယာက္လို ့ဆိုနိုင္ပါတယ္။ေအာက္မွာသူ ေျပာခဲ့တဲ့စကားေတြကိုေကာက္နႈတ္ၿပီးတင္ဆက္ေပးလိုက္ပါတယ္။


အရည္အေသြးရိွတဲ့ကစားသမားေတြရိွပါတယ္။ခင္ဗ်ားဟာ ေၾကာက္ရြံမရိွပဲ ရဲရင့္ျခင္းအျပည့္နဲ ့ကစားရပါမယ္။ခင္ဗ်ားရဲ ့စေကးေတြကို ဒီေနရာမွာ ထုတ္ျပရမယ္။စြန္ ့စြန္ ့စားစားလုပ္ၾကည့္ပါ။ကၽြန္ေတာ့္အေနနဲ့ကစားသမားေတြကို  ေဘာလံုးကစားရတာအရမ္းၾကိဳက္တဲ့ကေလးေတြလိုျဖစ္ေစခ်င္ပါတယ္။ၿပီးေတာ့ ကမာၻေပၚမွာ အေကာင္းဆံုးပရိတ္သတ္ေတြေရွ ့သူတို ့စေကးလ္ေတြကို ထုတ္ျပေစခ်င္ပါတယ္။ကာဒဖ္အသင္းမွာ ကိုင္တြယ္ခဲ့တဲ့အခ်ိန္ေတြကေတာ့ ကၽြန္ေတာ့္အတြက္ၾကီးမားတဲ့ေျခလွမ္းေတြပါပဲ။ကၽြန္ေတာ္အမွားအနည္းငယ္လုပ္ခဲ့မိတယ္။ဒါပင္မယ့္ခင္ဗ်ားသာမမွားခဲ့ဘူးဆိုရင္ဘာတစ္ခုမွာ ခင္ဗ်ားသင္ယူတက္ေျမာက္မွမဟုတ္ပါဘူး။

ခင္ဗ်ားဟာ မန္ခ်က္စတာယူနိုက္တက္ကို ေရာက္လာၿပီဆို အသင္းဟာ ေတာင္းဆိုမႈေတြအမ်ားၾကီးရိွေနတာေတြ ့ရပါမယ္။တစ္ခုက ခင္ဗ်ားဟာ အသင္းစိတ္ဓာတ္ရိွတဲ့ကစားသမားျဖစ္ရမယ္။ဒီကေကာင္ေလးေတြ ကၽြန္ေတာ့္ေလာက္ကို အရံခုံထိုင္ဖူးသူေတြမဟုတ္မွန္း ကၽြန္ေတာ္သိပါတယ္။ဒါဟာကၽြန္ေတာ့္အတြက္ ကြင္းထဲေရာက္ရင္အသင္းေဖာ္ေတြကို တစ္ေက်ာ့ျပန္သက္ေရာက္မႈေပးပါတယ္။ခင္ဗ်ားဟာ အရံခုံမွာထိုင္ေနလည္း ကြင္းထဲ၀င္လာရင္သက္ေရာက္မႈရိွေအာင္လုပ္ရမွာပါ။သူ(ဖာဂူဆန္) ဟာကၽြန္ေတာ့္အေပၚအရာရာအတိုင္းလႊမ္းမိုးထားတာပါ။သူနဲ့ကၽြန္ေတာ္အျမဲတမ္းအဆက္သြယ္ရိွၿပီးသားပါ။သူ ့ထက္ဘယ္သူ ့ဆီကမွာပိုေကာင္းတဲ့ အၾကံဥာဏ္ေတြရမွာမဟုတ္ေလာက္ပါဘူး။

ကၽြန္ေတာ့္မွာ အခ်က္အလက္ေတြရိွပါတယ္။အခုအခ်ိန္ အလုပ္က ကစားသမားေတြအေၾကာင္းသိဖို ့ပါ။ပြဲတိုင္းကစားသမားအနည္းနဲ့အမ်ားေတာ့ ကၽြန္ေတာ္ျမင္ဖူးတယ္။သူတို ့ကိုဘယ္လိုတိုးတက္ေအာင္လုပ္မလဲကၽြန္ေတာ္ဘာေတြစဥ္းစားရမလဲ ဒါကၽြန္ေတာ့္အလုပ္ပဲ။ကလပ္မွာ ၀န္ထမ္းေတြ၊ ကစားသမားေတြ ေခၚတာ ခန္ ့တာေတြ နဲ ့ကင္းေထာက္တာေတြရိွပါတယ္။သူတို ့မွာပစ္မွတ္ေတြရိွေနတယ္ဆိုတာကၽြန္ေတာ္ေသခ်ာေျပာရဲပါတယ္။ကၽြန္ေတာ့္ကို ကစားသမားတစ္ေယာက္အျဖစ္စာခ်ဳပ္ခ်ဳပ္ဖို ့ေခၚတုန္းကလည္း ကၽြန္ေတာ္၂ခါမစဥ္းစားခဲ့ပါဘူး။အခုဒီအခ်ိန္မွာလည္းတူူတူပါပဲ။ဒါဟာဂုဏ္သိကၡာေတြ၊အခြင့္ေရးေကာင္းေတြထက္ပိုပါတယ္။ဒါဟာ ေႏြရာသီမတိုင္ခင္အထိေပါ့ဗ်ာ။” 


ဆိုလ္ရွားရဲ ့ဗီဒီယိုအျပည့္အစံုကိုၾကည့္ခ်င္ပါက ေအာက္ကဗီဒီယိုကို ၾကည့္နိုင္ပါတယ္။



(Unicode)

နည်းပြဆိုလ်ရှားရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲက မန်ဖန်တွေကိုကျေနပ်စေမှာအမှန်ပါပဲ။


သင့်အတွက် ဆိုလ်ရှားဟာ မန်ချက်စတာယူနိုက်တက်ရဲ့နည်းပြရာထူးနဲ့ပတ်သတ်ပြီး မှန်ကန်တယ်ဆိုတာသံသယရှိနေတယ်ဆိုရင် သူ့ရဲ့မီဒီယာရှေ့ပထမဆုံးပွဲကြိုသတင်းစာရှင်းလင်းပွဲက သင့်ရဲ့စိတ်တွေကိုပြောင်းလဲသွားနိုင်ပါတယ်။


ယူနိုက်တက်အသင်းဟာ ဂျို့စ်မော်ရင်ဟိုကိုနည်းပြရာထူးကနေထုတ်ပယ်ခဲ့ပြီးနောက် အင်္ဂါနေ့နံနက်ပိုင်းမှာ နည်းပြဆိုလ်ရှားကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါပင်မယ့်လည်း လူတော်တော်များများကတော့ ၂၀၁၄ ခုနှစ်က ဆိုလ်ရှားကိုင်တွယ်ခဲ့တဲ့ ကာဒဖ်စီးတီးရဲ့ရလဒ်တွေနဲ့ပတ်သတ်ပြီးဝေဖန်ရေးတွေ ပြုလုပ်လာကြတာပဲဖြစ်ပါတယ်။

ဒါပင်မယ့်မနေ့ညသောကြာနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ကြည့်ပြီး ဆုံးဖြတ်ရတာကတော့ သူဟာအိုထရက်ဖို့ဒ်ကလပ်ကို ကိုင်တွယ်ဖို့မှန်ကန်တဲ့လူတစ်ယောက်လို့ဆိုနိုင်ပါတယ်။အောက်မှာသူ ပြောခဲ့တဲ့စကားတွေကိုကောက်နှုတ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။


“ အရည်အသွေးရှိတဲ့ကစားသမားတွေရှိပါတယ်။ခင်ဗျားဟာ ကြောက်ရွံမရှိပဲ ရဲရင့်ခြင်းအပြည့်နဲ့ကစားရပါမယ်။ခင်ဗျားရဲ့စကေးတွေကို ဒီနေရာမှာ ထုတ်ပြရမယ်။စွန့်စွန့်စားစားလုပ်ကြည့်ပါ။ကျွန်တော့်အနေနဲ့ကစားသမားတွေကို  ဘောလုံးကစားရတာအရမ်းကြိုက်တဲ့ကလေးတွေလိုဖြစ်စေချင်ပါတယ်။ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးပရိတ်သတ်တွေရှေ့သူတို့စကေးလ်တွေကို ထုတ်ပြစေချင်ပါတယ်။ကာဒဖ်အသင်းမှာ ကိုင်တွယ်ခဲ့တဲ့အချိန်တွေကတော့ ကျွန်တော့်အတွက်ကြီးမားတဲ့ခြေလှမ်းတွေပါပဲ။ကျွန်တော်အမှားအနည်းငယ်လုပ်ခဲ့မိတယ်။ဒါပင်မယ့်ခင်ဗျားသာမမှားခဲ့ဘူးဆိုရင်ဘာတစ်ခုမှာ ခင်ဗျားသင်ယူတက်မြောက်မှမဟုတ်ပါဘူး။”

“ ခင်ဗျားဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်လာပြီဆို အသင်းဟာ တောင်းဆိုမှုတွေအများကြီးရှိနေတာတွေ့ရပါမယ်။တစ်ခုက ခင်ဗျားဟာ အသင်းစိတ်ဓာတ်ရှိတဲ့ကစားသမားဖြစ်ရမယ်။ဒီကကောင်လေးတွေ ကျွန်တော့်လောက်ကို အရံခုံထိုင်ဖူးသူတွေမဟုတ်မှန်း ကျွန်တော်သိပါတယ်။ဒါဟာကျွန်တော့်အတွက် ကွင်းထဲရောက်ရင်အသင်းဖော်တွေကို တစ်ကျော့ပြန်သက်ရောက်မှုပေးပါတယ်။ခင်ဗျားဟာ အရံခုံမှာထိုင်နေလည်း ကွင်းထဲဝင်လာရင်သက်ရောက်မှုရှိအောင်လုပ်ရမှာပါ။သူ(ဖာဂူဆန်) ဟာကျွန်တော့်အပေါ်အရာရာအတိုင်းလွှမ်းမိုးထားတာပါ။သူနဲ့ကျွန်တော်အမြဲတမ်းအဆက်သွယ်ရှိပြီးသားပါ။သူ့ထက်ဘယ်သူ့ဆီကမှာပိုကောင်းတဲ့ အကြံဉာဏ်တွေရမှာမဟုတ်လောက်ပါဘူး။”


” ကျွန်တော့်မှာ အချက်အလက်တွေရှိပါတယ်။အခုအချိန် အလုပ်က ကစားသမားတွေအကြောင်းသိဖို့ပါ။ပွဲတိုင်းကစားသမားအနည်းနဲ့အများတော့ ကျွန်တော်မြင်ဖူးတယ်။သူတို့ကိုဘယ်လိုတိုးတက်အောင်လုပ်မလဲကျွန်တော်ဘာတွေစဉ်းစားရမလဲ ဒါကျွန်တော့်အလုပ်ပဲ။ကလပ်မှာ ဝန်ထမ်းတွေ၊ ကစားသမားတွေ ခေါ်တာ ခန့်တာတွေ နဲ့ကင်းထောက်တာတွေရှိပါတယ်။သူတို့မှာပစ်မှတ်တွေရှိနေတယ်ဆိုတာကျွန်တော်သေချာပြောရဲပါတယ်။ကျွန်တော့်ကို ကစားသမားတစ်ယောက်အဖြစ်စာချုပ်ချုပ်ဖို့ခေါ်တုန်းကလည်း ကျွန်တော်၂ခါမစဉ်းစားခဲ့ပါဘူး။အခုဒီအချိန်မှာလည်းတူူတူပါပဲ။ဒါဟာဂုဏ်သိက္ခာတွေ၊အခွင့်ရေးကောင်းတွေထက်ပိုပါတယ်။ဒါဟာ နွေရာသီမတိုင်ခင်အထိပေါ့ဗျာ။” 


ဆိုလ်ရှားရဲ့ဗီဒီယိုအပြည့်အစုံကိုကြည့်ချင်ပါက အောက်ကဗီဒီယိုကို ကြည့်နိုင်ပါတယ်။

No comments

Powered by Blogger.