ေပါလ္စခိုးလ္ရဲ ့ဗီဒီယိုေတြကုိမ်ားမ်ားၾကည့္ဖို ့တိုက္တြန္းအၾကံေပးျခင္းခံေနရတဲ့ေပါလ္ေပါ့ဘာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူႏိုက္တက္အသင္းရဲ႕ကြင္းလယ္လူေပါ့ဘာဟာ လက္႐ွိအသင္းမွာပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနၿပီး အသင္းေဖာ္ေတြကိုလည္းေကာင္းစြာပံပိုးႏိုင္ျခင္းလည္းမ႐ွိေသးပါဘူး အထူးသျဖင့္ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ဗလင္စီယာအသင္းႏွင့္ပြဲစဥ္သူအေနႏွင့္လံုးဝေျခစြမ္းျပသႏိုင္ခဲ့ျခင္းမ႐ွိခဲ့ပါဘူး။ဒီကိစၥကသူအတြက္ယူႏိုက္တက္အသင္းမွာအိမ္မက္ဆိုးတစ္ခုလိုေနာက္ကေနလိုက္လံေျခာက္လန္႔လ်က္႐ွိေနပါတယ္။
ျပင္သစ္လက္ေရြးစင္အသင္းကစားသမားေပါ့ဘာကနည္းျပေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာသူရဲ႕ပံုမွန္ေျခစြမ္းရဖို႔အေတာ္ကို႐ုန္းကန္ေနရၿပီးသူရဲ႕တိက်တဲ့ေပးပို႔မႈေတြပါေပ်ာက္ဆံုးလ်က္႐ွိေနပါတယ္။ဒါအျပင္အဆိုပါပြဲစဥ္မွာေပါ့ဘာရဲ႕အမွားေၾကာင့္ဗလင္စီယာအသင္းဂိုးရဖို႔အခြင့္အေရး႐ွိခဲ့ေသာလည္းလူကြၽံေဘာျဖစ္ခဲ့တာေၾကာင့္သူအတြက္ကံေကာင္းသြားခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ဒါေပမယ့္ အဲဒီညမွာသူ ထိုအမွားတစ္ခုတည္းသာက်ဴးလြန္ခဲ့ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ကစားသမားေဟာင္းမိုက္ကယ္အိုဝင္က ပြဲၿပီးခရာမႈတ္အၿပီးအေဝးမွသူရဲ့ျကိုးစားမႈေတြအေပၚ ခ်ီးက်ဴးဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။
"ကြၽန္ေတာ္ထင္ျမင္ခ်က္အရဆိုရင္သူက ကမၻာထိပ္တန္းအသင္းမွာကစားေနတဲ့ထိပ္တန္းကစားသမားတစ္ဦးပါ။အသင္းအေပၚအမ်ားႀကီးအက်ိဳးျပဳေနတဲ့ကစားသမားပါ "လို႔ BT Sportကိုေျပာၾကားသြားပါတယ္။
"ကြၽန္ေတာ္သူကိုေစာင့္ၾကည့္ရင္းသူရဲ႕ပ်က္စီးေနတဲ့ကစားပံုေတြကိုေကာင္းေကာင္းျမင္မိတယ္။ဘာလို႔လဲဆိုေတာ့ကြၽန္ေတာ္ေကာင္းေကာင္းသိတယ္တစ္ပတ္နဲ့တစ္ပတ္သူဒီထပ္ပိုေကာင္းေအာင္ကစားႏိုင္တယ္။ကြၽန္ေတာ္ကေတာ့သူကိုပိုအားေပးတယ္။ဘာလို႔လဲဆိုေတာ့အသင္းလိုက္ကစားရတာျဖစ္ျဖစ္ဒါမွမဟုတ္နည္းျပရဲ႕ကစားကြက္မွာကစားရတဲ့အခါသူရဲ႕ေကာင္းတဲ့အရည္အခ်င္းေတြေပ်ာက္ဆံုးကုန္တယ္ဗ်"
မိုက္ကယ္အိုဝင္ကေပါ့ဘာကိုေကာင္းမြန္တဲ့အၾကံညဏ္အခ်ိဳ႕ပါေပးခဲ့ၿပီး ေပါ့ဘာအေနႏွင့္အသင္းရဲ႕ဂႏၲဝင္ကစားသမားေပါလ္စခိုးရဲ႕ကစားဟန္ကစားကြက္ကိုေလ့လာသင့္တယ္လို႔ဆိုပါတယ္။
"ကြၽန္ေတာ္အထင္ေျပာရရင္သူရဲ႕ကစားဟန္ကိုနည္းျပအေနႏွင့္ေဝဖန္အျပစ္တင္ေကာင္းတင္ႏိုင္ပါတယ္။
"ကြၽန္ေတာ္မွတ္မိေသးတယ္ သူအသင္းကိုေရာက္လာေတာ့ သူကိုအားလံုးကကြင္းလယ္မွာအစံုကစားခိုင္းခဲ့တယ္ေလ အဲဒါကသူရဲ႕အရည္အခ်င္းအမွန္ကိုအသံုးမခ်ႏိုင္ဘဲဖ်က္ဆီးသလိုလုပ္ခဲ့တယ္ေလ"
"ကြၽန္ေတာ္ သူအတြက္စိတ္မေကာင္းျဖစ္မိတာေတာ့အမွန္ပါ ဒါေပမယ့္ကစားသမားကိုအဲဒီစမ္းသပ္မႈေတြကဖ်က္ဆီးလိုက္တာဗ် ကြၽန္ေတာ္သူကိုေကာင္းေကာင္းေလ့လာမိတယ္။ဘာလို႔လဲဆိုေတာ့သူကအခုထိ ၁၆ ၁၇အရြယ္လူငယ္တစ္ေယာက္လိုေဘာလံုးကိုေလ့လာေနတုန္းပဲ႐ွိေသးတယ္။"
"ကြၽန္ေတာ္ထင္တယ္ သူအခ်ိန္ျဖံဳးမည့္အတူတူ ေပၚလ္စခိုးရဲ႕ကစားကြက္ကိုေလ့လာဖို႔ ဗီဒီယိုေတြၾကည့္ရင္းကုန္ဆံုးသင့္ပါတယ္။ေသခ်ာၾကည့္ေသခ်ာေလ့လာ ေပါလ္စခိုးရဲ႕ ေဘာလံုးထိန္းသိမ္းပံုေတြ တစ္ဖက္အသင္းကိုဘယ္လိုေက်ာ္ျဖတ္သလဲစသျဖင့္ေပါ့"
"အကယ္၍ သာ ဂြာဒီယိုလာတို႔ ကေလာ့တို႔ေအာက္မွာသာကစားခြင့္ရမည္ဆိုရင္သူကမၻာအေကာင္းဆံုးကစားသမားတစ္ေယာက္လိုျမင္ေတြရမွာေသခ်ာပါတယ္။"
အိုဝင္ကေတာ့ ေပါ့ဘာကိစၥအေပၚမွာ နည္းျပေရာ ကစားသမားႏွစ္ဦးစလံုးျပဳျပင္တာဝန္ယူရမည္လို႔ယံုျကည္္ေနပါတယ္။
(Unicode)
ပေါလ်စခိုးလ်ရဲ့ဗီဒီယိုတွေကိုများများကြည့်ဖို့တိုက်တွန်းအကြံပေးခြင်းခံနေရတဲ့ပေါလ်ပေါ့ဘာ
ယူနိုက်တက်အသင်းရဲ့ကွင်းလယ်လူပေါ့ဘာဟာ လက်ရှိအသင်းမှာပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး အသင်းဖော်တွေကိုလည်းကောင်းစွာပံပိုးနိုင်ခြင်းလည်းမရှိသေးပါဘူး အထူးသဖြင့်ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဗလင်စီယာအသင်းနှင့်ပွဲစဉ်သူအနေနှင့်လုံးဝခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒီကိစ္စကသူအတွက်ယူနိုက်တက်အသင်းမှာအိမ်မက်ဆိုးတစ်ခုလိုနောက်ကနေလိုက်လံခြောက်လန့်လျက်ရှိနေပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းကစားသမားပေါ့ဘာကနည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာသူရဲ့ပုံမှန်ခြေစွမ်းရဖို့အတော်ကိုရုန်းကန်နေရပြီးသူရဲ့တိကျတဲ့ပေးပို့မှုတွေပါပျောက်ဆုံးလျက်ရှိနေပါတယ်။ဒါအပြင်အဆိုပါပွဲစဉ်မှာပေါ့ဘာရဲ့အမှားကြောင့်ဗလင်စီယာအသင်းဂိုးရဖို့အခွင့်အရေးရှိခဲ့သောလည်းလူကျွံဘောဖြစ်ခဲ့တာကြောင့်သူအတွက်ကံကောင်းသွားခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒါပေမယ့် အဲဒီညမှာသူ ထိုအမှားတစ်ခုတည်းသာကျူးလွန်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းမိုက်ကယ်အိုဝင်က ပွဲပြီးခရာမှုတ်အပြီးအဝေးမှသူရဲ့ကြိုးစားမှုတွေအပေါ် ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
"ကျွန်တော်ထင်မြင်ချက်အရဆိုရင်သူက ကမ္ဘာထိပ်တန်းအသင်းမှာကစားနေတဲ့ထိပ်တန်းကစားသမားတစ်ဦးပါ။အသင်းအပေါ်အများကြီးအကျိုးပြုနေတဲ့ကစားသမားပါ "လို့ BT Sportကိုပြောကြားသွားပါတယ်။
"ကျွန်တော်သူကိုစောင့်ကြည့်ရင်းသူရဲ့ပျက်စီးနေတဲ့ကစားပုံတွေကိုကောင်းကောင်းမြင်မိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်တစ်ပတ်နဲ့တစ်ပတ်သူဒီထပ်ပိုကောင်းအောင်ကစားနိုင်တယ်။ကျွန်တော်ကတော့သူကိုပိုအားပေးတယ်။ဘာလို့လဲဆိုတော့အသင်းလိုက်ကစားရတာဖြစ်ဖြစ်ဒါမှမဟုတ်နည်းပြရဲ့ကစားကွက်မှာကစားရတဲ့အခါသူရဲ့ကောင်းတဲ့အရည်အချင်းတွေပျောက်ဆုံးကုန်တယ်ဗျ"
မိုက်ကယ်အိုဝင်ကပေါ့ဘာကိုကောင်းမွန်တဲ့အကြံညဏ်အချို့ပါပေးခဲ့ပြီး ပေါ့ဘာအနေနှင့်အသင်းရဲ့ဂန္တဝင်ကစားသမားပေါလ်စခိုးရဲ့ကစားဟန်ကစားကွက်ကိုလေ့လာသင့်တယ်လို့ဆိုပါတယ်။
"ကျွန်တော်အထင်ပြောရရင်သူရဲ့ကစားဟန်ကိုနည်းပြအနေနှင့်ဝေဖန်အပြစ်တင်ကောင်းတင်နိုင်ပါတယ်။
"ကျွန်တော်မှတ်မိသေးတယ် သူအသင်းကိုရောက်လာတော့ သူကိုအားလုံးကကွင်းလယ်မှာအစုံကစားခိုင်းခဲ့တယ်လေ အဲဒါကသူရဲ့အရည်အချင်းအမှန်ကိုအသုံးမချနိုင်ဘဲဖျက်ဆီးသလိုလုပ်ခဲ့တယ်လေ"
"ကျွန်တော် သူအတွက်စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါ ဒါပေမယ့်ကစားသမားကိုအဲဒီစမ်းသပ်မှုတွေကဖျက်ဆီးလိုက်တာဗျ ကျွန်တော်သူကိုကောင်းကောင်းလေ့လာမိတယ်။ဘာလို့လဲဆိုတော့သူကအခုထိ ၁၆ ၁၇အရွယ်လူငယ်တစ်ယောက်လိုဘောလုံးကိုလေ့လာနေတုန်းပဲရှိသေးတယ်။"
"ကျွန်တော်ထင်တယ် သူအချိန်ဖြုံးမည့်အတူတူ ပေါ်လ်စခိုးရဲ့ကစားကွက်ကိုလေ့လာဖို့ ဗီဒီယိုတွေကြည့်ရင်းကုန်ဆုံးသင့်ပါတယ်။သေချာကြည့်သေချာလေ့လာ ပေါလ်စခိုးရဲ့ ဘောလုံးထိန်းသိမ်းပုံတွေ တစ်ဖက်အသင်းကိုဘယ်လိုကျော်ဖြတ်သလဲစသဖြင့်ပေါ့"
"အကယ်၍ သာ ဂွာဒီယိုလာတို့ ကလော့တို့အောက်မှာသာကစားခွင့်ရမည်ဆိုရင်သူကမ္ဘာအကောင်းဆုံးကစားသမားတစ်ယောက်လိုမြင်တွေရမှာသေချာပါတယ်။"
အိုဝင်ကတော့ ပေါ့ဘာကိစ္စအပေါ်မှာ နည်းပြရော ကစားသမားနှစ်ဦးစလုံးပြုပြင်တာဝန်ယူရမည်လို့ယုံကြည်နေပါတယ်။
Post a Comment