Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



ချဲလ်ဆီးပရိတ်သတ်များဟာ ပြီးခဲ့တဲ့ စတန်းဖို့ ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပွဲအတွင်း မန်စီးတီးတိုက်စစ်ကစားသမားစတာလင်ကိုသောက်မျောက်မဲကောင်လို့ ဆဲရေးတိုင်းထွာခဲ့ကြကြောင်းစုံစမ်းသိရှိရပါတယ်။






(Unicode)

တနင်္လာနေ့ ညနေခင်းနောက်ဆုံးရသတင်းတိုများစုစည်းတင်ဆက်ပေးမှု

မက်ဒရစ်အသင်းနဲ့ရင်ဆိုင်ကစားရမယ်ဆိုရင် သူအကောင်းဆုံးပေးဆပ်ကစားမှာဖြစ်ကြောင်း၊ မက်ဆီကိုရင်ဆိုင်ကစားဖို့ဘယ်တုန်းကမှကြောက်လန့်ခြင်းမရှိခဲ့ကြောင်း စီးရီအေမှာ မက်ဆီကို လာကစားဖို့စိန်ခေါ်ကြောင်း ရိုနယ်ဒိုကဆိုလိုက်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဂွမ်ဒိုဇီက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကသူ့ကိုPSG အသင်းကခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြောင်းဝန်ခံပြောကြားခဲ့ပြီး အာဆင်နယ်ကို ရွေးချယ်ခဲ့တာဟာ အကောင်းဆုံးဆုံးဖြတ်ချက်လို့ဆိုလိုက်ပါတယ်။

ချဲလ်ဆီးပရိတ်သတ်များဟာ ပြီးခဲ့တဲ့ စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲအတွင်း မန်စီးတီးတိုက်စစ်ကစားသမားစတာလင်ကို “သောက်မျောက်မဲကောင်” လို့ဆဲရေးတိုင်းထွာခဲ့ကြကြောင်းစုံစမ်းသိရှိရပါတယ်။

ဇန်နဝါရီမှာ နောက်ခံလူသစ်တစ်ယောက်ခေါ်ယူဖို့ဘုတ်အဖွဲ့က မော်ရင်ဟို ကို မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း The Sun သတင်းစာကဖော်ပြထားပါတယ်။

မန်စီးတီးနည်းပြဂွာဒီယိုလာက မန်စီးတီးအသင်းကို ချန်ပီယံလိပ်မှာပါဗိုလ်စွဲဖို့ရေပန်းစားတဲ့အသင်းအဖြစ် မစဉ်းစားသင့်သေးဘူးလို့ဝန်ခံပြောကြားလိုက်ပါတယ်။

လီဗာပူးလ်နည်းပြဂျာဂန်ကလော့ က သူဟာ အသင်းရဲ့တိုက်စစ်ကစားသမား ဆာလာရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးဘယ်တုန်းကမှစိုးရိမ်ခြင်းမရှိခဲ့ကြောင်းပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့အသက်၃၀ ကျော်ကစားသမားတွေကို ၁နှစ်စာချုပ်သက်တမ်းသာတိုးတဲ့ စည်းမျည်းကြောင့် အခုနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တော့မယ့် ဒေးဗစ်လုစ်ဝစ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရဖွယ်ရှိနေပါတယ်။

ခန္ဓာကိုယ်အလေးချိန်များလာတာကြောင့် အစားလျှော့စားတော့မှာဖြစ်တယ်လို့ယူနိုက်တက်တိုက်စစ်မှူးလူကာကူ ကဝန်ခံပြောကြားလိုက်ပါတယ်။


No comments

Powered by Blogger.