အာဆင္နယ္ေနာက္ခံလူေတြအတုန္းတုန္းအရုန္းရုန္းျပိဳလဲသြားေစခဲ့တဲ့ဖာမီနိုရဲ ့Solo ဂိုးဗီဒီယို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဖာမီနိုရဲ ့ပထမေခ်ပဂိုးကရိုးရွင္းပါတယ္။ဒါပင္မယ့္လည္း လီဗာပူးလ္၂-၁ အာဆင္နယ္ ျဖစ္ေစမယ့္ သြင္းဂိုးကေတာ့ ဖာမီနိုရဲ ့အေတာ္လွပတဲ့ တစ္ကိုယ္ေတာ္သြင္းဂိုးပဲျဖစ္ပါတယ္။အာဆင္နယ္အသင္းဟာပြဲကစားခ်ိန္၁၁မိနစ္မွာ မစ္လန္နိုင္းရဲ ့သြင္းဂိုးနဲ့ဦးေဆာင္ဂိုးရယူနိုင္ခဲ့ေသာ္လည္း လီဗာပူးလ္တိုက္စစ္မွဴးဖာမီနိုရဲ ့ဆက္တိုက္သြင္းဂိုး ၂ဂိုးေၾကာင့္ ေနာက္ပိုင္းမိနစ္ေတြမွာ အန္ဖီးလ္ကလပ္ကို လက္ေျမွာက္ခဲ့ရတာပဲျဖစ္ပါတယ္။
လီဗာပူးလ္တို ့ရဲ ့ပထမဆံုးေခ်ပဂိုးကေတာ့ ကံေကာင္းလို ့ရရိွခဲ့တာလို ့ဆိုနိုင္ပါတယ္။သို ့ေသာ္လည္း ဖာမီနိုရဲ ့ဒုတိယဂိုးကေတာ့ အေတာ္ေလးကမာၻ ့အဆင့္ေျခစြမ္းနဲ ့ဂိုးမ်ိဳးကိုသြင္းျပခဲ့တာပဲျဖစ္ပါတယ္။
ဆာဒီယိုမာေနးဟာကြင္းလယ္ကေန ေဘာလံုးကိုအာဆင္နယ္ကြင္းလယ္လူေတာ္ရဲရားကိုေက်ာ္ျဖတ္ေပးခဲ့ၿပီး ဖာမီနိုက ေဘာလံုးလက္ခံရယူခဲ့ကာ ဂန္းနားတို ့ရဲ့ေနာက္ခံလူ၃ဦးကို ဖိန္ ့လံုးေတြေျခြျပခဲ့ၿပီးေနာက္ ဂိုးသမားဘာ့ဒ္လီနို ရဲ ့ဘယ္ဘက္ေထာင့္ကို သြင္းယူသြားခဲ့တာပဲျဖစ္ပါတယ္။
ဒါဟာ အာဆင္နယ္အသင္းရဲ့ခံစစ္ပုိင္းစြမ္းေဆာင္ရည္ဆိုးရြားမႈကိုထင္ဟပ္ေစခဲ့တာပဲျဖစ္ပါတယ္။လီဗာပူးလ္ နံပါတ္ ၉ ကစားသမားရဲ ့အဖိန္ ့အလႈပ္ေတြအၾကားအာဆင္နယ္ေနာက္ခံလူေတြ ဒူေခ်ာင္ေနခဲ့တာကေတာ့ တကယ္စိတ္ပ်က္စရာပါပဲ။
ဖာမီနိုဟာ အဆိုပါ ပြဲမွာ ဟတ္ထရစ္သြင္းယူနိုင္ခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ကလပ္နဲ ့ေတြ ့ဆံုတဲ့ပြဲေတြမွာ သြင္းဂိုး ၉ ဂိုးအထိသြင္းယူနိုင္တဲ့သူျဖစ္လာခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ အဆိုပါရံႈးပြဲေၾကာင့္ နည္းျပအူနိုင္းအမ္မရီလက္ထက္ပရီးမီးယားလိပ္ထိပ္တန္း ၅သင္းနဲ ့ရင္ဆိုင္ခဲ့ရာ မန္စီးတီး၊လီဗာပူးလ္၊ခ်ဲလ္ဆီးတို ့ကိုရံႈးခဲ့ၿပီး ယူနိုက္တက္ကို သေရ ေတာ့တင္ဟမ္အသင္းကို အနိုင္ကစားနိုင္ခဲ့တာပဲျဖစ္ပါတယ္။
(Unicode)
အာဆင်နယ်နောက်ခံလူတွေအတုန်းတုန်းအရုန်းရုန်းပြိုလဲသွားစေခဲ့တဲ့ဖာမီနိုရဲ့Solo ဂိုးဗီဒီယို
ဖာမီနိုရဲ့ပထမချေပဂိုးကရိုးရှင်းပါတယ်။ဒါပင်မယ့်လည်း လီဗာပူးလ်၂-၁ အာဆင်နယ် ဖြစ်စေမယ့် သွင်းဂိုးကတော့ ဖာမီနိုရဲ့အတော်လှပတဲ့ တစ်ကိုယ်တော်သွင်းဂိုးပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာပွဲကစားချိန်၁၁မိနစ်မှာ မစ်လန်နိုင်းရဲ့သွင်းဂိုးနဲ့ဦးဆောင်ဂိုးရယူနိုင်ခဲ့သော်လည်း လီဗာပူးလ်တိုက်စစ်မှူးဖာမီနိုရဲ့ဆက်တိုက်သွင်းဂိုး ၂ဂိုးကြောင့် နောက်ပိုင်းမိနစ်တွေမှာ အန်ဖီးလ်ကလပ်ကို လက်မြှောက်ခဲ့ရတာပဲဖြစ်ပါတယ်။
လီဗာပူးလ်တို့ရဲ့ပထမဆုံးချေပဂိုးကတော့ ကံကောင်းလို့ရရှိခဲ့တာလို့ဆိုနိုင်ပါတယ်။သို့သော်လည်း ဖာမီနိုရဲ့ဒုတိယဂိုးကတော့ အတော်လေးကမ္ဘာ့အဆင့်ခြေစွမ်းနဲ့ဂိုးမျိုးကိုသွင်းပြခဲ့တာပဲဖြစ်ပါတယ်။
ဆာဒီယိုမာနေးဟာကွင်းလယ်ကနေ ဘောလုံးကိုအာဆင်နယ်ကွင်းလယ်လူတော်ရဲရားကိုကျော်ဖြတ်ပေးခဲ့ပြီး ဖာမီနိုက ဘောလုံးလက်ခံရယူခဲ့ကာ ဂန်းနားတို့ရဲ့နောက်ခံလူ၃ဦးကို ဖိန့်လုံးတွေခြွေပြခဲ့ပြီးနောက် ဂိုးသမားဘာ့ဒ်လီနို ရဲ့ဘယ်ဘက်ထောင့်ကို သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်။
ဒါဟာ အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ဆိုးရွားမှုကိုထင်ဟပ်စေခဲ့တာပဲဖြစ်ပါတယ်။လီဗာပူးလ် နံပါတ် ၉ ကစားသမားရဲ့အဖိန့်အလှုပ်တွေအကြားအာဆင်နယ်နောက်ခံလူတွေ ဒူချောင်နေခဲ့တာကတော့ တကယ်စိတ်ပျက်စရာပါပဲ။
ဖာမီနိုဟာ အဆိုပါ ပွဲမှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် မြောက်လန်ဒန်ကလပ်နဲ့တွေ့ဆုံတဲ့ပွဲတွေမှာ သွင်းဂိုး ၉ ဂိုးအထိသွင်းယူနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဆိုပါရှုံးပွဲကြောင့် နည်းပြအူနိုင်းအမ်မရီလက်ထက်ပရီးမီးယားလိပ်ထိပ်တန်း ၅သင်းနဲ့ရင်ဆိုင်ခဲ့ရာ မန်စီးတီး၊လီဗာပူးလ်၊ချဲလ်ဆီးတို့ကိုရှုံးခဲ့ပြီး ယူနိုက်တက်ကို သရေ တော့တင်ဟမ်အသင်းကို အနိုင်ကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Post a Comment