Header Ads


တနဂၤေႏြေန ့နံနက္ခင္းေနာက္ဆံုုးရသတင္းမ်ားစုုစည္းတင္ဆက္မႈ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခ်ဲလ္ဆီးအသင္းကိုုရံႈးနိမ့္ၿပီး ပထမဆံုုးရံႈးပြဲၾကံဳေတြ ့ခံရၿပီးေနာက္ မန္စီးတီးနည္းျပ ဂြာဒီယိုုလာက သူတိုု ့အသင္းဟာ ရံႈးပြဲမရိွစံခ်ိန္ကိုု ထိန္းဖိုု ့ဒီကိုုလာကန္တာမဟုုတ္ေၾကာင္း ခ်န္ပီယံျဖစ္ဖိုု ့လာကန္တာျဖစ္တဲ့အတြက္ ျပႆနာမရိွေၾကာင္း၊ ပြဲတစ္ပြဲလံုုးရဲ မိနစ္ ၈မိနစ္ေလာက္ကလြဲ၍ သူတိုု ့အသင္းဟာ အေကာင္းဆံုုးကစားနိုုင္ခဲ့တာျဖစ္တယ္လိုု ့ပြဲအၿပီးမွာေျပာၾကားလိုုက္ပါတယ္။

ခ်ဲလ္ဆီးနည္းျပဆာရီက မန္စီးတီးအသင္းကိုု အနိုုင္ယူနိုုင္ခဲ့ၿပီး ပထမဆံုုးရံႈးပြဲကိုုမိတ္ဆက္ေပးခဲ့တဲ့အေပၚ သူတိုု ့အသင္းအေနျဖင့္ အနည္းငယ္ ကံေကာင္းခဲ့တာျဖစ္တယ္လိုု ့၀န္ခံေျပာၾကားလိုုက္ပါတယ္။

ခ်ဲလ္ဆီး နဲ ့မန္စီးတီးတိုု ့ပြဲမွာ မန္စီးတီးကစားသမား စတာလင္ကိုု ခ်ဲလ္ဆီးပရိတ္သတ္မ်ားလူမ်ိဳးေရးခြဲျခားခဲ့ေၾကာင္း ေတြ ့ရ၍ ရဲတပ္ဖြဲ ့မ်ားကစတင္စံုုစမ္းေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

မန္စီးတီးနဲ ့ပြဲမွာ အေရးပါတဲ့ သြင္းဂိုုးကိုုသြင္းယူေပးခဲ့တဲ့ ခ်ဲလ္ဆီးေနာက္ခံလူေဒးဗစ္လူး၀စ္က ခ်ဲလ္ဆီးအသင္းနိုုင္ခဲ့တဲ့အဓိကေသာ့ခ်က္ဟာ ေအာက္က်ိဳ ့ေနထိုုင္ျခင္းေၾကာင့္ျဖစ္တယ္လိုု ့ဆိုုလုုိက္ပါတယ္။

ယူႏိုုက္တက္နည္းျပေမာ္ရင္ဟို က ဖူလ္ဟမ္ပြဲမွာအသင္းလူစာရင္းမွာ မပါ၀င္ခဲ့တဲ့ ကြင္းလယ္လူေပါ့ဘာကိုု က်န္တဲ့အသင္းသားေတြလိုု ့စိတ္ဓာတ္တစ္သားတည္းထားၿပီး ကစားဖိုု ့သတိေပးစကားဆိုုလိုုက္ၿပီး သူ ဘယ္ေလာက္ေကာင္းေၾကာင္းကစားျပဖိုု ့လိုုတယ္လိုု ့သတိေပးလိုုက္ပါတယ္။

ဘုုန္းေမာက္နဲ ့ပြဲမွာ ဟတ္ထရစ္သြင္းယူခဲ့တဲ့ လီဗာပူးလ္တိုုက္စစ္ကစားသမား မိုုဟာမက္ဆာလာက သူ ့ရဲ ့ရည္မွန္းခ်က္ေတြဟာ ျမင့္မားေၾကာင္း အထူးသျဖင့္ အသင္းအေနျဖင့္ ဇယားထိပ္မွာ ရပ္တည္နိုုင္ဖိုု ့နဲ ပြဲတိုုင္းအနိုုင္လိုုခ်င္တာျဖစ္တယ္လိုု ့ေျပာၾကားလိုုက္ပါတယ္။ဒါ့အျပင္ ပရီးမီးယားလိပ္သြင္းဂိုုး ၄၀ ျပည့္ေျမာက္ခဲ့ၿပီး အသင္းရဲ့တိုုက္စစ္ကစားသမားေဟာင္းၾကီးေတြျဖစ္ၾကတဲ့ ဆြာရက္ဇ္၊ေတာရက္စ္တိုု ့ကိုု ေက်ာ္ျဖတ္ကာ အျမန္ဆံုုးသြင္းယူနိုုင္တဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

ယူႏိုုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္က ၂၀၀၈ ခုုနွစ္က မန္ခ်က္စတာယူႏိုုက္တက္အသင္းဟာ ယခုုလက္ရိွအေကာင္းဆံုုးအသင္းျဖစ္ေနတဲ့ မန္စီးတီးအသင္းထက္ ပိုုေကာင္းတယ္လိုု ့မွတ္ခ်က္ေပးခဲ့ပါတယ္။ ၂၀၀၈ ခုုနွစ္တုုန္း က ယူနိုုက္တက္အသင္းဟာ ပရီးမီးယားလိပ္ဖလားနဲ ့ခ်န္ပီယံလိပ္ဖလားတိုု ့ကိုုရယူနိုုင္ခဲ့တာပဲျဖစ္ပါတယ္။

ယူႏိုုက္တက္တိုုက္စစ္ကြင္းလယ္လူ လင္ဂတ္က ဖူလ္ဟမ္အသင္းကိုု - ျဖင့္အနိုုင္ရၿပီးေနာက္ ယူနိုုက္တက္ဟာပြဲတိုုင္းကိုု ၄ဂိုုးသြင္းယူခ်င္တာျဖစ္တယ္လိုု ့ဆိုုလိုုက္ပါတယ္။

ဟယ္လ္ဒါဖီးအသင္းနဲ ပြဲမွာ လွလွပပဂိုုးသြင္းယူခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားကို အသင္းေဖာ္ကြင္းလယ္လူဇာခါက ေတာ္ရဲရားဟာ အူဘားမီယန္း၊လာကာဇက္တီတိုု ့လိုုတိုုက္စစ္မွဴးျဖစ္ခ်င္ေနတာျဖစ္တယ္လိုု ့အရႊန္းေဖာက္ေျပာၾကားလိုုက္ပါတယ္။

အာဆင္နယ္အသင္းဟာ အိုုလ္ေဇးကိုု ေပါင္ ၂၅ သန္းျဖင့္ ေရာင္းခ်ဖိုု ့စီစဥ္ေနၿပီး အင္တာမီလန္အသင္းကလည္း ေခၚယူဖိုု ့ရိွေနေၾကာင္းသိရပါတယ္။

(Unicode)

ချဲလ်ဆီးအသင်းကိုရှုံးနိမ့်ပြီး ပထမဆုံးရှုံးပွဲကြုံတွေ့ခံရပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူတို့အသင်းဟာ ရှုံးပွဲမရှိစံချိန်ကို ထိန်းဖို့ဒီကိုလာကန်တာမဟုတ်ကြောင်း ချန်ပီယံဖြစ်ဖို့လာကန်တာဖြစ်တဲ့အတွက် ပြဿနာမရှိကြောင်း၊ ပွဲတစ်ပွဲလုံးရဲ့ ၅ မိနစ် ၈မိနစ်လောက်ကလွဲ၍ သူတို့အသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်တယ်လို့ပွဲအပြီးမှာပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးနည်းပြဆာရီက မန်စီးတီးအသင်းကို အနိုင်ယူနိုင်ခဲ့ပြီး ပထမဆုံးရှုံးပွဲကိုမိတ်ဆက်ပေးခဲ့တဲ့အပေါ် သူတို့အသင်းအနေဖြင့် အနည်းငယ် ကံကောင်းခဲ့တာဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

ချဲလ်ဆီး နဲ့မန်စီးတီးတို့ပွဲမှာ မန်စီးတီးကစားသမား စတာလင်ကို ချဲလ်ဆီးပရိတ်သတ်များလူမျိုးရေးခွဲခြားခဲ့ကြောင်း တွေ့ရ၍ ရဲတပ်ဖွဲ့များကစတင်စုံစမ်းနေပြီဖြစ်ကြောင်းသိရပါတယ်။

မန်စီးတီးနဲ့ပွဲမှာ အရေးပါတဲ့ သွင်းဂိုးကိုသွင်းယူပေးခဲ့တဲ့ ချဲလ်ဆီးနောက်ခံလူဒေးဗစ်လူးဝစ်က ချဲလ်ဆီးအသင်းနိုင်ခဲ့တဲ့အဓိကသော့ချက်ဟာ အောက်ကျို့နေထိုင်ခြင်းကြောင့်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။

ယူနိုက်တက်နည်းပြမော်ရင်ဟို က ဖူလ်ဟမ်ပွဲမှာအသင်းလူစာရင်းမှာ မပါဝင်ခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကို ကျန်တဲ့အသင်းသားတွေလို့စိတ်ဓာတ်တစ်သားတည်းထားပြီး ကစားဖို့သတိပေးစကားဆိုလိုက်ပြီး သူ ဘယ်လောက်ကောင်းကြောင်းကစားပြဖို့လိုတယ်လို့သတိပေးလိုက်ပါတယ်။

ဘုန်းမောက်နဲ့ပွဲမှာ ဟတ်ထရစ်သွင်းယူခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက သူ့ရဲ့ရည်မှန်းချက်တွေဟာ မြင့်မားကြောင်း အထူးသဖြင့် အသင်းအနေဖြင့် ဇယားထိပ်မှာ ရပ်တည်နိုင်ဖို့နဲ့ ပွဲတိုင်းအနိုင်လိုချင်တာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ဒါ့အပြင် ပရီးမီးယားလိပ်သွင်းဂိုး ၄၀ ပြည့်မြောက်ခဲ့ပြီး အသင်းရဲ့တိုက်စစ်ကစားသမားဟောင်းကြီးတွေဖြစ်ကြတဲ့ ဆွာရက်ဇ်၊တောရက်စ်တို့ကို ကျော်ဖြတ်ကာ အမြန်ဆုံးသွင်းယူနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ၂၀၀၈ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလက်ရှိအကောင်းဆုံးအသင်းဖြစ်နေတဲ့ မန်စီးတီးအသင်းထက် ပိုကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်တုန်း က ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိပ်ဖလားနဲ့ချန်ပီယံလိပ်ဖလားတို့ကိုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ယူနိုက်တက်တိုက်စစ်ကွင်းလယ်လူ လင်ဂတ်က ဖူလ်ဟမ်အသင်းကို ၄-၁ ဖြင့်အနိုင်ရပြီးနောက် ယူနိုက်တက်ဟာပွဲတိုင်းကို ၄ဂိုးသွင်းယူချင်တာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။

ဟယ်လ်ဒါဖီးအသင်းနဲ ပွဲမှာ လှလှပပဂိုးသွင်းယူခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို အသင်းဖော်ကွင်းလယ်လူဇာခါက တော်ရဲရားဟာ အူဘားမီယန်း၊လာကာဇက်တီတို့လိုတိုက်စစ်မှူးဖြစ်ချင်နေတာဖြစ်တယ်လို့အရွှန်းဖောက်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အိုလ်ဇေးကို ပေါင် ၂၅ သန်းဖြင့် ရောင်းချဖို့စီစဉ်နေပြီး အင်တာမီလန်အသင်းကလည်း ခေါ်ယူဖို့ရှိနေကြောင်းသိရပါတယ်။










No comments

Powered by Blogger.