Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
"လီဗာပူးလ်အသင်းက သူ့ ကိုမနက်ဖြန်မနက်မှာမ၀ယ်ဘူးဆိုရင်တော့ သူအနေနှင့်ထိပ်သီးအသင်း၎သင်းမှာကစားဖို့အခွင့်အရေးဘယ်လိုနည်းနှင့်မှရဖို့မရှိပါဘူး"လို့ မာဆွန်ကဆိုပါတယ်။
(Unicode)
အရမ်းကိုကောင်းလွန်းတဲ့လူးကပ်တော်ရဲရားဟာပရီးမီးယားလိပ်ထိပ်တန်းကလပ်တွေမှာကစားဖို့မရှိခဲ့တာပါ။
အသက်၅၀အရွယ်ရှိပြီဖြစ်တဲ့ Sky Sportသတင်းဌာနရဲ့ဘောလုံးဝေဖန်ရေးသမား ပေါလ်မာဆွန် က အာဆင်နယ် အသင်းကွင်းလယ်ကစားသမား တော်ရဲရား အပေါ်ချီးကျူးစကားဆိုခဲ့ပြီး အသက်၂၂အရွယ်ဥရုဂွေးလက်ရွေးစင်ကစားသမားတော့ရဲရားဟာအရည်အချင်းအပြည့်အဝရှိပြီးသူအနေနှင့်အသင်းငယ်မှာ ကစားမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းမှာကစားဖို့အတွက်မဖြစ်နိုင်ဘူးလို့ သူကဆိုလိုက်ပါတယ်။
"လီဗာပူးလ်အသင်းက သူ့ကိုမနက်ဖြန်မနက်မှာမဝယ်ဘူးဆိုရင်တော့ သူအနေနှင့်ထိပ်သီးအသင်း၄သင်းမှာကစားဖို့အခွင့်အရေးဘယ်လိုနည်းနှင့်မှရဖို့မရှိပါဘူး"လို့ မာဆွန်ကဆိုပါတယ်။
"သူဒီထပ်ပိုကောင်းအောင်လုပ်နိုင်တယ်။ဒါပေမယ့်လက်ရှိအကောင်းဆုံးအနေအထားအထိလုပ်နိုင်နေပါတယ်။"
"သူတို့ဒါကိုလိုအပ်ခဲ့တာပါ။ကျွန်တော်အားလုံးလည်းဒါကိုသိပြီးသားပါ။အာဆင်ဝင်းဂါးကလည်းဒါကိုကောင်းကောင်းသိခဲ့တယ်။ဒါပေမယ့်တော်ရဲရားကိုဝယ်ဖို့အရမ်းခေါင်းမာခဲ့တယ်။"
"သူဆောက်သမ်တန်အသင်းမှာကောင်းကောင်းကစားနိုင်ပါတယ်။ဒါပင်မယ့်သူ့ကိုအဲ့မှာကစားဖို့ဘယ်သူမှ မသတ်မှတ်ကြပါဘူး။နောက်ပြီးဘန်လေအသင်းမှာကစားစေဖို့ဘယ်သူမှသတိမထားမိခဲ့ကြဘူး။"
"အဲဒီအရာကိုအာဆင်နယ်အသင်းကတွေ့ခဲ့ပေမယ့်ကောင်းကောင်းအသုံးမချမိဘဲသူကိုဆိုးရွားစေခဲ့ပါတယ်။သူကအခုအားပေးတဲ့သူတော်တော်များလည်းရရှိနေတဲ့ကစားသမားလည်းဖြစ်ပါတယ်။သူနဂိုအရည်အချင်းကလူပေးကောင်းတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ဒါပေမယ့်သူက အရှိန်ကောင်းကောင်းနဲ့အရည်အချင်းပြည့်လာအောင်လုပ်နိုင်ခဲ့ပါတယ်။"
အာဆင်နယ်အသင်းကသူကိုနွေရာသီမှာ ပေါင်၂၆.၄သန်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းအတွက်၁၆ပွဲကစားခွင့်ရထားသူတစ်ဦးဖြစ်ပါတယ်။
တော်ရဲရား က သူအနေနှင့်အာဆင်နယ်အသင်းနှင့်အတူအောင်မြင်မှုတွေအနိုင်ရလဒ်တွေရရှိနေတဲ့အတွက်ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့်သူရဲ့အသင်းအတွက်ဒုတိယမြောက်ဂိုးကြောင့်ပိုဝမ်းသာမိပါကြောင်း ပရိသတ်တွေရဲ့အားပေးမှုရရှိတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုပြီးယခုထပ်မက ကြိုးစားပေးမယ်လို့ လူမှုကွန်ရက်မှတဆင့်ပြောကြားခဲ့ပါတယ်။
Post a Comment