Header Ads


ပရီးမီးယားလိဂ္ကစားသမားေတြကိုသာေဘာ္လြန္ဒီေအာ္ဆုေပးမယ္ဆိုရင္ဘယ္သူေတြရမယ္ထင္သလဲ?



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
 မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔နွစ္ဦး၁၀နွစ္ျကာလႊမ္းမိုးထားတဲ့ ကမာၻ ့အေကာင္းဆံုးကစားသမားဆုကို ဒီနွစ္မွာေတာ့ လူကာမိုဒရစ္က ရယူသြားနိုင္ခဲ့ပါတယ္။မက္ဆီနဲ႕စီေရာ္နယ္ဒိုတို႔ဟာ အေကာင္းဆံုးဆုေတြအတြက္ တျခားကစားသမားေတြထက္ေခါင္းတစ္လံုးသာေနခဲ့သလို Ballon d'Orဆုကိုလည္းဒီနွစ္ဦးကပဲဆယ္စုနွစ္တစ္ခုျကာသိမ္းပိုက္ထားခဲ့ပါတယ္။ဆနိုက္ဒါ,ရီဘာရီတို႔ဒီဆုအတြက္ေရပန္းစားခဲ့တုန္းကလည္း ၿဂိဳလ္သားနွစ္ေယာက္ကို မယွဥ္နိုင္ခဲ့ပါဘူး။၁၀နွစ္အတြင္း စီေရာ္နယ္ဒိုက ယူနိုက္တက္နဲ႔တစ္ျကိမ္,ရီးရဲနဲ႔ေလးျကိမ္  ရခဲ့ျပီး က်န္ငါးနွစ္မွာေတာ့ မက္ဆီကဆြတ္ခူးခဲ့ပါတယ္။ေနာက္ဆံုးေတာ့ မိုဒရစ္က Ballon d'Orဆုကို ရယူျပီး ဒီနွစ္ေယာက္ရဲ႕လႊမ္းမိုးမႈကို အဆံုးသတ္နိုင္ခဲ့ပါတယ္။ဒါေပမယ့္လည္း ေနာက္ဆံုး၁၀နွစ္အတြင္း ဒီဆုကို လာလီဂါကစားသမားေတြသာ ရယူနိုင္ခဲ့တဲ့အေျခအေနပါ။2008ခုနွစ္က ယူနိုက္တက္တိုက္စစ္မွဴး စီေရာ္နယ္ဒိုရယူနိုင္ခဲ့ျခင္းသာ ပရီးမီးယားလိဂ္ကစားသမားေတြရဲ႕ ေနာက္ဆံုးဗိုလ္ဝင္ခံျခင္းျဖစ္ခဲ့ပါတယ္။CR7မတိုင္ခင္ေနာက္ဆံုးရယူခဲ့သူကေတာ့၂၀၀၁ခုနွစ္မွာ လီဗာပူးတိုက္စစ္မွဴးအိုဝင္ ရခဲ့ျခင္းျဖစ္ပါတယ္။စီေရာ္နယ္ဒိုျပီးေနာက္ဆန္ခါတင္စားရင္မွာေရြးခ်ယ္ခံရျပီး ပရီးမီးယားလိဂ္ကစားသမားေတြထဲက နွစ္အလိုက္မဲအမ်ားဆံုးရခဲ့သူေတြကိုေဖာ္ျပေပးပါမယ္။

2008.စီေရာ္နယ္ဒို (မန္ခ်က္စတာယူနိုက္တက္)
2009.ဝိန္းရြန္းနီ    (မန္ခ်က္စတာယူနိုက္တက္)
2010.ဒီဒီယာ ဒေရာ႔ဘာ(ခ်ယ္ဆီး)
2011.ဝိန္းရြန္းနီ  (မန္ခ်က္စတာယူနိုက္တက္)
2012.ဒီဒီယာ ဒေရာ႔ဘာ(ခ်ယ္ဆီး)
2013.ေရာ္ဘင္ဗန္ပါစီ(မန္ခ်က္စတာယူနိုက္တက္)
2014.အိန္ဂ်ယ္ဒီမာရီယာ(ရီးရဲမက္ဒရစ္/မန္ခ်က္စတာယူနိုက္တက္)
2015.အီဒင္ဟာဇက္(ခ်ယ္ဆီး)
2016.မာရက္ဇ္(လက္စတာ)
2017.အန္ဂိုလိုကန္တီ(ခ်ယ္ဆီး)
2018.မိုဟာမက္ဆာလာ(လီဗာပူး)


မနွစ္ကဆိုရင္ လီဗာပူးရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္မႈမွာ ဆာလာ ရဲ႕ဂိုးေတြက အဓိကက်ခဲ့ျပီး ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆံုး ေရႊဖိနပ္ဆုကိုလည္း ဆာလာရယူနိုင္ခဲ့ပါတယ္။2014မွာ ပရီးယားလိဂ္ကစားသမားေတြထဲ ဒီမာရီယာဦးေဆာင္ခဲ့တာကေတာ့ ရီးရဲမွာ ျပသခဲ့တဲ့ေျခစြမ္းေျကာင့္ျဖစ္ျပီး ရီးရဲနဲ႔အသလက္တီကိုတို႔ရဲ႕ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲစဥ္မွာ Man of the matchရခဲ့ပါတယ္။မာရက္ကေတာ့ လက္စတာရဲ႕ အံ့အားသင့္ဖြယ္ PLခ်န္ပီယံျဖစ္ခဲ့တဲ့ခရီးလမ္းမွာ အဓိကအခန္းက႑ကပါဝင္ခဲ့တာေျကာင့္ ပထမေနရာရခဲ့တာျဖစ္ျပီး ဒုတိယေနရာမွာ ဗာဒီရွိေနခဲ့ပါတယ္။ဒေရာ့ဘာကေတာ့George Weahျပီးရင္ ဒီစာရင္းမွာပါဝင္ခဲ့တဲ့ ဒုတိယေျမာက္အာဖရိကသားျဖစ္ခဲ့ပါတယ္။ဒီဆယ္နွစ္အတြင္း မန္စီးတီးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံ၃ျကိမ္ျဖစ္ခဲ့ေပမယ့္ မဲအမ်ားဆံုးစာရင္းမွာ ကစားသမားတစ္ေယာက္မွမပါလာတာေတာ့ အံ့အားသင့္စရာပါပဲ။ပရီးမီးယားလိဂ္ကစားသမားေတြမရေတာ့တာျကာျပီျဖစ္တဲ့ Ballon d'Orဆုကို  ဘယ္အဂၤလန္ကလပ္အသင္းကစားသမားက ရယူေပးသြားနိုင္မလဲဆိုတာေတာ့ ...?

(Unicode)

 ပရီးမီးယားလိဂ်ကစားသမားတွေကိုသာဘော်လွန်ဒီအော်ဆုပေးမယ်ဆိုရင်ဘယ်သူတွေရမယ်ထင်သလဲ?

 မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ဦး၁၀နှစ်ကြာလွှမ်းမိုးထားတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဒီနှစ်မှာတော့ လူကာမိုဒရစ်က ရယူသွားနိုင်ခဲ့ပါတယ်။မက်ဆီနဲ့စီရော်နယ်ဒိုတို့ဟာ အကောင်းဆုံးဆုတွေအတွက် တခြားကစားသမားတွေထက်ခေါင်းတစ်လုံးသာနေခဲ့သလို Ballon d'Orဆုကိုလည်းဒီနှစ်ဦးကပဲဆယ်စုနှစ်တစ်ခုကြာသိမ်းပိုက်ထားခဲ့ပါတယ်။ဆနိုက်ဒါ,ရီဘာရီတို့ဒီဆုအတွက်ရေပန်းစားခဲ့တုန်းကလည်း ဂြိုလ်သားနှစ်ယောက်ကို မယှဉ်နိုင်ခဲ့ပါဘူး။၁၀နှစ်အတွင်း စီရော်နယ်ဒိုက ယူနိုက်တက်နဲ့တစ်ကြိမ်,ရီးရဲနဲ့လေးကြိမ်  ရခဲ့ပြီး ကျန်ငါးနှစ်မှာတော့ မက်ဆီကဆွတ်ခူးခဲ့ပါတယ်။နောက်ဆုံးတော့ မိုဒရစ်က Ballon d'Orဆုကို ရယူပြီး ဒီနှစ်ယောက်ရဲ့လွှမ်းမိုးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း နောက်ဆုံး၁၀နှစ်အတွင်း ဒီဆုကို လာလီဂါကစားသမားတွေသာ ရယူနိုင်ခဲ့တဲ့အခြေအနေပါ။2008ခုနှစ်က ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရယူနိုင်ခဲ့ခြင်းသာ ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ နောက်ဆုံးဗိုလ်ဝင်ခံခြင်းဖြစ်ခဲ့ပါတယ်။CR7မတိုင်ခင်နောက်ဆုံးရယူခဲ့သူကတော့၂၀၀၁ခုနှစ်မှာ လီဗာပူးတိုက်စစ်မှူးအိုဝင် ရခဲ့ခြင်းဖြစ်ပါတယ်။စီရော်နယ်ဒိုပြီးနောက်ဆန်ခါတင်စားရင်မှာရွေးချယ်ခံရပြီး ပရီးမီးယားလိဂ်ကစားသမားတွေထဲက နှစ်အလိုက်မဲအများဆုံးရခဲ့သူတွေကိုဖော်ပြပေးပါမယ်။

2008.စီရော်နယ်ဒို (မန်ချက်စတာယူနိုက်တက်)
2009.ဝိန်းရွန်းနီ    (မန်ချက်စတာယူနိုက်တက်)
2010.ဒီဒီယာ ဒရော့ဘာ(ချယ်ဆီး)
2011.ဝိန်းရွန်းနီ  (မန်ချက်စတာယူနိုက်တက်)
2012.ဒီဒီယာ ဒရော့ဘာ(ချယ်ဆီး)
2013.ရော်ဘင်ဗန်ပါစီ(မန်ချက်စတာယူနိုက်တက်)
2014.အိန်ဂျယ်ဒီမာရီယာ(ရီးရဲမက်ဒရစ်/မန်ချက်စတာယူနိုက်တက်)
2015.အီဒင်ဟာဇက်(ချယ်ဆီး)
2016.မာရက်ဇ်(လက်စတာ)
2017.အန်ဂိုလိုကန်တီ(ချယ်ဆီး)
2018.မိုဟာမက်ဆာလာ(လီဗာပူး)

မနှစ်ကဆိုရင် လီဗာပူးရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်မှုမှာ ဆာလာ ရဲ့ဂိုးတွေက အဓိကကျခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း ဆာလာရယူနိုင်ခဲ့ပါတယ်။2014မှာ ပရီးယားလိဂ်ကစားသမားတွေထဲ ဒီမာရီယာဦးဆောင်ခဲ့တာကတော့ ရီးရဲမှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့်ဖြစ်ပြီး ရီးရဲနဲ့အသလက်တီကိုတို့ရဲ့ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ Man of the matchရခဲ့ပါတယ်။မာရက်ကတော့ လက်စတာရဲ့ အံ့အားသင့်ဖွယ် PLချန်ပီယံဖြစ်ခဲ့တဲ့ခရီးလမ်းမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တာကြောင့် ပထမနေရာရခဲ့တာဖြစ်ပြီး ဒုတိယနေရာမှာ ဗာဒီရှိနေခဲ့ပါတယ်။ဒရော့ဘာကတော့George Weahပြီးရင် ဒီစာရင်းမှာပါဝင်ခဲ့တဲ့ ဒုတိယမြောက်အာဖရိကသားဖြစ်ခဲ့ပါတယ်။ဒီဆယ်နှစ်အတွင်း မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံ၃ကြိမ်ဖြစ်ခဲ့ပေမယ့် မဲအများဆုံးစာရင်းမှာ ကစားသမားတစ်ယောက်မှမပါလာတာတော့ အံ့အားသင့်စရာပါပဲ။ပရီးမီးယားလိဂ်ကစားသမားတွေမရတော့တာကြာပြီဖြစ်တဲ့ Ballon d'Orဆုကို  ဘယ်အင်္ဂလန်ကလပ်အသင်းကစားသမားက ရယူပေးသွားနိုင်မလဲဆိုတာတော့ ...?

No comments

Powered by Blogger.