Header Ads


ဘုန္းေမာက္စတားကိုေခၚယူဖြယ္ရိွေနတယ္လို ့ခ်ဲလ္ဆီးလက္ေထာက္နည္းျပ၀န္ခံေျပာၾကားလိုက္ပါတယ္။


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးအသင္းဟာ ဘုန္းေမာက္တိုက္စစ္မွဴး၀ီလ္ဆင္ကို ေခၚယူဖို ့ေသခ်ာေပါက္စိတ္၀င္စားေနတာျဖစ္တယ္လို ့ကလပ္လက္ေထာက္နည္းျပဇိုလာရဲ့အဆိုအရသိရပါတယ္။

EFL ကြာတားဖိုင္နယ္ပြဲမွာ ဘုန္းေမာက္အသင္းနဲ ့ရင္ဆိုင္ကစားခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းဟာ ဟာဇက္ရဲ ့၁လံုးေသာဂိုးျဖင့္အနိုင္ရၿပီး ဆီမီးဖိုင္နယ္အဆင့္ကိုတက္ေရာက္နိုင္ခဲ့ေသာ္လည္း နည္းျပဆာရီနဲ ့သူ ့ရဲ ့နည္းျပအဖြဲ ့အ၀င္ေတြကေတာ့ ၀ီလ္ဆင္ရဲ့ ကစားေပါက္ကို ေက်နပ္ေနၾကေၾကာင္းသိရပါတယ္။


အသက္၂၆နွစ္အရြယ္၀ီလ္ဆင္ဟာ လက္တေလာမွာေတာ့ဒဏ္ရာျပႆနာအမ်ားအျပားနဲ ့ရင္ဆိုင္ေနၿပီး အဓိကကေတာ့ ဒူးအဆစ္၂ခုလြဲေနတဲ့ ဒဏ္ရာျပႆနာအၾကီးစားပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္းသူဟာ စီနီယာအဂၤလန္အသင္းအတြက္ ပထမဆံုးနိုင္ပြဲကိုေတာင္ရယူေပးထားနိုင္ခဲ့ပါတယ္။

ၿပိဳင္ပြဲစံု ၁၉  ပြဲမွာ ၁၀ဂုိးထိသြင္းယူထားတဲ့ ၀ီလ္ဆင္ဟာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ ့မွာ အသင္းကေန ထြက္ခြာဖို ့ရိွေနပါတယ္။ခ်ဲလ္ဆီးအသင္းလက္ေထာက္နည္းျပဇိုလာကေတာ့ သူတို ့ဘက္က၀ီလ္ဆင္အေပၚစိတ္၀င္စားေနမႈအား မသိုမ၀ွက္ပဲ မီဒီယာေတြေရွ ့ပြင့္ပြင့္လင္းလင္းေျပာၾကားခဲ့ပါတယ္။

၀ီလ္ဆင္တစ္ေယာက္ ခ်ဲလ္ဆီးအသင္းဆီေျပာင္းေရႊ ့သင့္သလား?

(Unicode)

ဘုန်းမောက်စတားကိုခေါ်ယူဖွယ်ရှိနေတယ်လို့ချဲလ်ဆီးလက်ထောက်နည်းပြဝန်ခံပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်တိုက်စစ်မှူးဝီလ်ဆင်ကို ခေါ်ယူဖို့သေချာပေါက်စိတ်ဝင်စားနေတာဖြစ်တယ်လို့ကလပ်လက်ထောက်နည်းပြဇိုလာရဲ့အဆိုအရသိရပါတယ်။

EFL ကွာတားဖိုင်နယ်ပွဲမှာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းဟာ ဟာဇက်ရဲ့၁လုံးသောဂိုးဖြင့်အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့သော်လည်း နည်းပြဆာရီနဲ့သူ့ရဲ့နည်းပြအဖွဲ့အဝင်တွေကတော့ ဝီလ်ဆင်ရဲ့ ကစားပေါက်ကို ကျေနပ်နေကြကြောင်းသိရပါတယ်။

အသက်၂၆နှစ်အရွယ်ဝီလ်ဆင်ဟာ လက်တလောမှာတော့ဒဏ်ရာပြဿနာအများအပြားနဲ့ရင်ဆိုင်နေပြီး အဓိကကတော့ ဒူးအဆစ်၂ခုလွဲနေတဲ့ ဒဏ်ရာပြဿနာအကြီးစားပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းသူဟာ စီနီယာအင်္ဂလန်အသင်းအတွက် ပထမဆုံးနိုင်ပွဲကိုတောင်ရယူပေးထားနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲစုံ ၁၉  ပွဲမှာ ၁၀ဂိုးထိသွင်းယူထားတဲ့ ဝီလ်ဆင်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။ချဲလ်ဆီးအသင်းလက်ထောက်နည်းပြဇိုလာကတော့ သူတို့ဘက်ကဝီလ်ဆင်အပေါ်စိတ်ဝင်စားနေမှုအား မသိုမဝှက်ပဲ မီဒီယာတွေရှေ့ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

ဝီလ်ဆင်တစ်ယောက် ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့သင့်သလား?






No comments

Powered by Blogger.