Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ်အသင်းရဲ့ ယခုရာသီပရီးမီးယားလိပ်ရှုံးပွဲမရှိစံချိန်ဟာတကယ့်အစစ်အမှန်မဟုတ်သေးကြောင်း မရှုံးနိမ့်ဖို့ ကျွန်တော်တို့ တွေလုပ်စရာအများကြီးလိုသေးတယ်လို့ ကွင်းလယ်လူဝစ်ခ်ျနယ်ဒန်က ယူနိုက်တက်အသင်းနဲ့ ပွဲမတိုင်ခင်အသင်းကို သတိပေးပြောကြားခဲ့ပါတယ်။
(Unicode)
ကြာသပတေးနေ့နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းတိုများစုစည်းမှု
CSKA အသင်းကို ပိုးစက်ပက်စက်ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့ချန်ပီယံလိပ်မှတ်တမ်းမှာ စံချိန်တင်အရှုံးရလဒ်ကိုရရှိခဲ့ပြီးနောက်ရီးရဲလ်နည်းပြဆိုလာရီက သူဟာ ဒီရှုံးပွဲအတွက်တာဝန်ခံမယ်လို့ပြောကြားသွားခဲ့ပါတယ်။
ဗလန်စီယာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဖီးလ်ဂျုံးရဲ့ own goal လည်းပါဝင်ခဲ့တာကြောင့် ယူနိုက်တက်နည်းပြမော်ရင်ဟိုက ကျွန်တော်တို့အသင်းဟာ ၂ဂိုးသွင်းရသားနဲ့ ပွဲအပြီးမှာ ဘာလို့၂-၁ ဖြင့်ရှုံးနိမ့်ခဲ့တာလဲလို့အရွှန်းဖောက်ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ခံစစ်ကို ဒီထက်ကောင်းလာအောင်ပြုပြင်ဖို့လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာလူသစ်ခေါ်ယူဖွယ်ရှိတယ်လို့နည်းပြအူနိုင်းအမ်မရီက ဝန်ခံပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ယခုရာသီပရီးမီးယားလိပ်ရှုံးပွဲမရှိစံချိန်ဟာတကယ့်အစစ်အမှန်မဟုတ်သေးကြောင်း မရှုံးနိမ့်ဖို့ကျွန်တော်တို့တွေလုပ်စရာအများကြီးလိုသေးတယ်လို့ကွင်းလယ်လူဝစ်ချ်နယ်ဒန်က ယူနိုက်တက်အသင်းနဲ့ပွဲမတိုင်ခင်အသင်းကို သတိပေးပြောကြားခဲ့ပါတယ်။
ရီးရဲလ်နောက်ခံလူ ကာဗာဂျေလ်က CSKA အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူငယ်ကစားသမားတွေကိုထုတ်သုံးခဲ့တဲ့အပေါ် ငယ်မွေးခြံပေါက်လူငယ်ကစားသမားတွေဟာ အသင်းကြီးပါဝင်ကစားဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပွဲအပြီးမှာပြောကြားသွားခဲ့ပါတယ်။
နောက်ခံလူကာဟေးလ်အနေနဲ့၃နှစ်စာချုပ်နဲ့ကမ်းလှမ်းလာမယ့်အခြားအသင်းတစ်သင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ချဲလ်ဆီးနည်းပြဆာရီက ပြောကြားခဲ့ပါတယ်။
ပေါလ်ပေါ့ဘာဟာ မန်စီးတီး ဒါမှမဟုတ် လီဗာပူးလ်မှာ ဆိုကမ္ဘာ့အဆင့်ကစားသမားဖြစ်လာနိုင်တယ်လို့ယူနိုက်တက်ကစားသမားဟောင်းမိုက်ကယ်အိုဝင်က ပြောကြားခဲ့ပါတယ်။
Post a Comment