အိမ္ကြင္းမွာေရာအေ၀းကြင္းမွာပါအေကာင္းဆံုးပရိတ္သတ္အျဖစ္မဲေပးျခင္းခံရတဲ့လီဗာပူးလ္ပရိတ္သတ္မ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိပ္ပြဲတစ္ပြဲဒါမွမဟုတ္ဥေရာပပြဲတစ္ပြဲမတိုင္ခင္ “ You will never walk alone” ဆိုတဲ့စာသားပါသီခ်င္းျဖစ္ျဖစ္ အလံျဖစ္ျဖစ္ျမင္ရၾကားရတာနဲ ့ဘယ္အသင္းနဲ ့ကန္ရေတာ့မယ္ဆိုမွန္းေဘာလံုးပရိတ္သတ္တိုင္းသိေနၾကပါတယ္။ဟုတ္ပါတယ္။ဒါဟာ လီဗာပူးလ္အသင္းရဲ ့သီခ်င္းပါပဲ။သင္ဘယ္အသင္းကိုအားေပးေနပါေစ လီဗာပူးလ္ပရိတ္သတ္ေတြရဲ ့အသင္းအေပၚတစ္ခဲနက္စိတ္အားထက္သန္စြာအားေပးမႈေတြကိုေတာ့ သင့္အေနနဲ ့အသိအမွတ္ျပဳသင့္ပါတယ္။ပရိတ္သတ္အေယာက္၄၀၀၀ကို မဲေပးေရြးခ်ယ္ခိုင္းၾကည့္ရမွာ ပရီးမီးယားလိပ္ရဲ ့အဆူညံဆံုးနားၿငီးဆံုးပရိတ္သတ္အျဖစ္ လီဗာပူးလ္ပရိတ္သတ္ေတြကိုေရြးခ်ယ္ခဲ့ၾကပါတယ္။
အပတ္စဥ္အေျခခံအခ်က္အလက္မ်ားအရ မန္ခ်က္စတာယူနိုက္တက္ပရိတ္သတ္ေတြေတာင္မွာ အန္ဖီးလ္ဟာ အိုထရက္ဖို ့ဒ္ထက္အသံအေတာ္က်ယ္တယ္လို ့အထိလက္ခံခဲ့ရပါတယ္။ဒါ့အျပင္ လီဗာပူးလ္ပရိတ္သတ္ေတြဟာ အိမ္က်ယ္ေတြၾကီးသာမဟုတ္ပါဘူး။အေ၀းကြင္းမွာလည္းဆူညံစြာအားေပးတဲ့ပရိတ္သတ္ေတြအျဖစ္သတ္မွတ္ခံထားရပါတယ္။
ဒီရလဒ္မ်ားဟာ ဘာကေလရဲ ့ၿပီးခဲ့တဲ့ေအပရယ္လက စစ္တမ္းေတြကေနေကာက္ယူခဲ့တာ့ျဖစ္ၿပီး အိမ္ကြင္းေရာအေ၀းကြင္းမွာပါ အသင္းအတြက္သီခ်င္းသီဆိုခဲ့ၾကတဲ့ပရိတ္သတ္အမ်ားစုပါ၀င္ခဲ့ၾကတယ္လို ့သိရပါတယ္။
အဆူညံဆံုးအိမ္ကြင္းပရိတ္သတ္မ်ား : ၁.လီဗာပူးလ္ ၂.နယူးကာဆယ္ ၃.ခရစ္စတယ္ပဲေလ့စ္ ၄. မန္ခ်က္စတာယူနိုက္တက္
အဆူညံဆံုးအေ၀းကြင္းပရိတ္သတ္မ်ား : ၁.လီဗာပူးလ္ ၂.နယူးကာဆယ္ ၃.မန္ခ်က္စတာယူနိုက္တက္ ၄. ၀က္စ္ဟမ္း ၅.ခရစ္စတယ္ပဲေလ့စ္
ဒါ့ပင္မယ့္လည္း နာပိုလီတုိက္စစ္မွဴးမာတင္တစ္ေယာက္ကေတာ့ အန္ဖီးလ္ကြင္းနဲ ့ပတ္သတ္ၿပီးအေကာင္းမျမင္တဲ့စကားကိုေတာ့ဆိုသြားခဲ့ပါတယ္။သူဟာ အန္ဖီးလ္ကြင္းထဲက “ This is Anfield “ ဆိုတဲ့စာသားဟာ သိပ္ကိုအမႊန္းတင္ထားတာျဖစ္တယ္လို ့ဆိုခဲ့တာပါ။
“ ကၽြန္ေတာ္တကယ္ၾကီးကိုမွတ္မိတာကေတာ့ သူတို ့ရဲ့ ဆိုင္းဘုတ္မွာေရးထားတဲ့ “ This is Anfield “ ဆိုတဲ့စာသားပါပဲ။လူတိုင္းကအဲ့အေၾကာင္းပဲေျပာေနၾကတယ္။ကၽြန္ေတာ္ထင္လိုက္တာကေအာ္ ဒါကေတာ့အေတာ္ေလးၾကီးက်ယ္ခမ္းနားမယ္ေပါ့။”လို ့သူ ့ရဲ ့သေဘာမေတြ ့ခဲ့ပံုကို ၿပီးခဲ့တဲ့ခ်န္ပီယံလိပ္ေနာက္ဆံုးအုပ္စုပြဲၿပီးေနာက္ The Times နဲ ့အင္တာဗ်ဴးမွာေျပာခဲ့တာပါ။
“ ကၽြန္ေတာ္ဥမင္လိႈင္ေခါင္းထဲကို ၀င္လာေတာ့ ေမးလိုက္တယ္။ အဲ့အရာကဘယ္ဟာလဲေပါ့။သူတို ့ကေျပာတယ္မင္းမသိလိုက္ဘူးနဲ ့တူတယ္တဲ့။ကၽြန္ေတာ္ေတာ့သတိကိုမထားမိတာပါဗ်ာ။အဲ့ဒါနဲ ့ဒုတိယပိုင္းလည္းေရာက္ေရာ ကၽြန္ေတာ္က ဒီစာတန္းေသးေလးကိုၾကည့္ၿပီးေမးမိတယ္။ ” ဒါေလးက အရမ္းကိုစပယ္ရွယ္ျဖစ္ေနတာလားေပါ့။” ေနာက္ေတာ့ဘာမွလည္းမဟုတ္ပါဘူးဗ်ာ။” လို ့မာတင္ကဆိုခဲ့ပါတယ္။
မည္သို ့ပင္ဆိုေစကာမူ ၁၆သင္းအဆင့္တက္ေရာက္ဖို ့အန္ဖီးလ္ကြင္းမွာလာေရာက္ကစားခဲ့တဲ့ မာတင္ရဲ ့နာပိုလီအသင္းဟာ သေရ၁မွတ္ရရံုနဲ ့ေနာက္တစ္ဆင့္တက္နုိင္မွာျဖစ္ေသာ္လည္း လီဗာပူးလ္ကို ၁-၀ ျဖင့္ရံႈးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိပ္ကို လက္ျပနႈတ္ဆက္ခဲ့ရပါတယ္။
(Unicode)
အိမ်ကွင်းမှာရောအဝေးကွင်းမှာပါအကောင်းဆုံးပရိတ်သတ်အဖြစ်မဲပေးခြင်းခံရတဲ့လီဗာပူးလ်ပရိတ်သတ်များ
ပရီးမီးယားလိပ်ပွဲတစ်ပွဲဒါမှမဟုတ်ဥရောပပွဲတစ်ပွဲမတိုင်ခင် “ You will never walk alone” ဆိုတဲ့စာသားပါသီချင်းဖြစ်ဖြစ် အလံဖြစ်ဖြစ်မြင်ရကြားရတာနဲ့ဘယ်အသင်းနဲ့ကန်ရတော့မယ်ဆိုမှန်းဘောလုံးပရိတ်သတ်တိုင်းသိနေကြပါတယ်။ဟုတ်ပါတယ်။ဒါဟာ လီဗာပူးလ်အသင်းရဲ့သီချင်းပါပဲ။သင်ဘယ်အသင်းကိုအားပေးနေပါစေ လီဗာပူးလ်ပရိတ်သတ်တွေရဲ့အသင်းအပေါ်တစ်ခဲနက်စိတ်အားထက်သန်စွာအားပေးမှုတွေကိုတော့ သင့်အနေနဲ့အသိအမှတ်ပြုသင့်ပါတယ်။ပရိတ်သတ်အယောက်၄၀၀၀ကို မဲပေးရွေးချယ်ခိုင်းကြည့်ရမှာ ပရီးမီးယားလိပ်ရဲ့အဆူညံဆုံးနားငြီးဆုံးပရိတ်သတ်အဖြစ် လီဗာပူးလ်ပရိတ်သတ်တွေကိုရွေးချယ်ခဲ့ကြပါတယ်။
အပတ်စဉ်အခြေခံအချက်အလက်များအရ မန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေတောင်မှာ အန်ဖီးလ်ဟာ အိုထရက်ဖို့ဒ်ထက်အသံအတော်ကျယ်တယ်လို့အထိလက်ခံခဲ့ရပါတယ်။ဒါ့အပြင် လီဗာပူးလ်ပရိတ်သတ်တွေဟာ အိမ်ကျယ်တွေကြီးသာမဟုတ်ပါဘူး။အဝေးကွင်းမှာလည်းဆူညံစွာအားပေးတဲ့ပရိတ်သတ်တွေအဖြစ်သတ်မှတ်ခံထားရပါတယ်။
ဒီရလဒ်များဟာ ဘာကလေရဲ့ပြီးခဲ့တဲ့အေပရယ်လက စစ်တမ်းတွေကနေကောက်ယူခဲ့တာ့ဖြစ်ပြီး အိမ်ကွင်းရောအဝေးကွင်းမှာပါ အသင်းအတွက်သီချင်းသီဆိုခဲ့ကြတဲ့ပရိတ်သတ်အများစုပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။
အဆူညံဆုံးအိမ်ကွင်းပရိတ်သတ်များ : ၁.လီဗာပူးလ် ၂.နယူးကာဆယ် ၃.ခရစ်စတယ်ပဲလေ့စ် ၄. မန်ချက်စတာယူနိုက်တက်
အဆူညံဆုံးအဝေးကွင်းပရိတ်သတ်များ : ၁.လီဗာပူးလ် ၂.နယူးကာဆယ် ၃.မန်ချက်စတာယူနိုက်တက် ၄. ဝက်စ်ဟမ်း ၅.ခရစ်စတယ်ပဲလေ့စ်
ဒါ့ပင်မယ့်လည်း နာပိုလီတိုက်စစ်မှူးမာတင်တစ်ယောက်ကတော့ အန်ဖီးလ်ကွင်းနဲ့ပတ်သတ်ပြီးအကောင်းမမြင်တဲ့စကားကိုတော့ဆိုသွားခဲ့ပါတယ်။သူဟာ အန်ဖီးလ်ကွင်းထဲက “ This is Anfield “ ဆိုတဲ့စာသားဟာ သိပ်ကိုအမွှန်းတင်ထားတာဖြစ်တယ်လို့ဆိုခဲ့တာပါ။
“ ကျွန်တော်တကယ်ကြီးကိုမှတ်မိတာကတော့ သူတို့ရဲ့ ဆိုင်းဘုတ်မှာရေးထားတဲ့ “ This is Anfield “ ဆိုတဲ့စာသားပါပဲ။လူတိုင်းကအဲ့အကြောင်းပဲပြောနေကြတယ်။ကျွန်တော်ထင်လိုက်တာကအော် ဒါကတော့အတော်လေးကြီးကျယ်ခမ်းနားမယ်ပေါ့။”လို့သူ့ရဲ့သဘောမတွေ့ခဲ့ပုံကို ပြီးခဲ့တဲ့ချန်ပီယံလိပ်နောက်ဆုံးအုပ်စုပွဲပြီးနောက် The Times နဲ့အင်တာဗျူးမှာပြောခဲ့တာပါ။
“ ကျွန်တော်ဥမင်လှိုင်ခေါင်းထဲကို ဝင်လာတော့ မေးလိုက်တယ်။ အဲ့အရာကဘယ်ဟာလဲပေါ့။သူတို့ကပြောတယ်မင်းမသိလိုက်ဘူးနဲ့တူတယ်တဲ့။ကျွန်တော်တော့သတိကိုမထားမိတာပါဗျာ။အဲ့ဒါနဲ့ဒုတိယပိုင်းလည်းရောက်ရော ကျွန်တော်က ဒီစာတန်းသေးလေးကိုကြည့်ပြီးမေးမိတယ်။ ” ဒါလေးက အရမ်းကိုစပယ်ရှယ်ဖြစ်နေတာလားပေါ့။” နောက်တော့ဘာမှလည်းမဟုတ်ပါဘူးဗျာ။” လို့မာတင်ကဆိုခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ၁၆သင်းအဆင့်တက်ရောက်ဖို့အန်ဖီးလ်ကွင်းမှာလာရောက်ကစားခဲ့တဲ့ မာတင်ရဲ့နာပိုလီအသင်းဟာ သရေ၁မှတ်ရရုံနဲ့နောက်တစ်ဆင့်တက်နိုင်မှာဖြစ်သော်လည်း လီဗာပူးလ်ကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိပ်ကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
Post a Comment