Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဗန်ဒိုက်စ်ရဲ့ ကစားပုံတွေဟာ သူ့ ရဲ့ပြောင်းရွှေ့ ကြေးပေါင် ၇၅သန်းကိုမေ့ပျောက်စေခဲ့ပြီဖြစ်တယ်လို့ လီဗာပူးလ်အသင်းဖော်ကွင်းလယ်လူဝခ်ျနယ်ဒန်က ပြောကြားလိုက်ပါတယ်။
(Unicode)
Boxing Day ပွဲများအပြီးအသင်းကြီးများရဲ့နောက်ဆုံးရသတင်းများစုစည်းတင်ဆက်မှု
ဝက်ဖိုဒ် ၁-၂ ချဲလ်ဆီး နဲ့ပွဲမှာ ချဲလ်ဆီးအသင်းအတွက်အရေးပါတဲ့ သွင်းဂိုး၂ဂိုးသွင်းယူခဲ့တဲ့ အင်ဒီဟာဇက်က သူဟာချဲလ်ဆီးအသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်ချင်တယ်လို့ဖွင့်ဟဝန်ခံပြောကြားလိုက်ပြီး အပြောင်းအရွှေ့ပုံပြင်များကိုအဆုံးသတ်စေခဲ့ပြီပဲဖြစ်ပါတယ်။င်္ဒီပွဲမှာသွင်းဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူဟာပွဲပေါင်း၁၀၀ ဂိုးသွင်းနိုင်တဲ့သူဖြစ်လာခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ဂိုးပေါင်း ၁၀၁ ဂိုးပြည့်မြောက်ခဲ့တာပဲဖြစ်ပါတယ်။
ဟယ်လ်ဒါင်္ဖီးအသင်းနဲ့ပွဲမှာ ခြေစွမ်းပြသွင်းဂိုး၂ဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာရဲ့ခြေစွမ်းဟာ ဥရောပရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ယောက်ခြေစွမ်းလို့ဖီးလ်နဗီးလ်က ချီးကျူးပြောကြားလိုက်ပါတယ်။
မန်စီးတီးဟာလက်စတာကိုရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက မန်စီးတီးကို ၆မှတ်ဖြတ်နိုင်ထားပြီဖြစ်သော်လည်း ဒါဟာဘာမှမဟုတ်သေးဘူးလို့လီဗာပူးလ်နည်းပြကလော့က ဆိုလိုက်ပါတယ်။
ယူနိုက်တက်နည်းပြဆိုလ်ရှားက သူဟာ ယူနိုက်တက်နည်းပြအလုပ်နဲ့ပတ်သတ်ပြီး ညှိ နှိုင်းဖြေရှင်းမှုတွေပြုလုပ်နေဆဲဖြစ်ပြီး အခုချိန်မှာတော့အသင်းကွင်းလယ်လူပေါ့ဘာတစ်ယောက်ဘောလုံးကစားရတာပျော်ရွှင်နေပြီဖြစ်ကြောင်းပွဲအပြီးမှာပြောကြားလိုက်ပါတယ်။
ဗန်ဒိုက်စ်ရဲ့ကစားပုံတွေဟာ သူ့ရဲ့ပြောင်းရွှေ့ကြေးပေါင် ၇၅သန်းကိုမေ့ပျောက်စေခဲ့ပြီဖြစ်တယ်လို့လီဗာပူးလ်အသင်းဖော်ကွင်းလယ်လူဝချ်နယ်ဒန်က ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးနည်းပြဆာရီက ဟာဇက်ဟာ မက်ဆီနဲ့ရိုနယ်ဒိုတို့လိုအသင်းအတွက်အလွန်အရေးကြီးတဲ့ကစားသမားဖြစ်တယ်လို့ချီးကျုးပြောကြားလိုက်ပါတယ်။
ကွင်းလယ်ဒိုင်လူကြီးဟောင်း မာ့ခ်ဟတ်စလေက နယူးကာဆယ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးပြီးပယ်နယ်တီပြစ်ဒဏ်ရယူခဲ့တဲ့ ဆာလာကို ဒဏ်ပေးသင့်တယ်လို့ဝေဖန်ပြောကြားလိုက်ပါတယ်။
ဘရိုက်တန်ကိုသရေကျတဲ့ပွဲမှာ ရေဗူးကိုပိတ်ကန်ခဲ့တာကြောင့် ဘရိုက်တန်ပရိတ်သတ်တွေဆီအဆိုပါရေဗူးဟာရောက်သွားခဲ့တဲ့အတွက် အာဆင်နယ်နည်းပြအူနိုင်းအမ်မရီက သူတောင်းပန်ပါကြောင်းပြောကြားလိုက်ပြီး အိုလ်ဇေးကို လူစားလဲခဲ့တာဟာ နည်းစနစ်ပိုင်းကြောင့်သာဖြစ်တယ်လို့ဆိုလိုက်ပါသေးတယ်။
လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးနည်းပြပတ်ဂွာဒီယိုလာက သူတို့အသင်းဟာ နောက်ပွဲတွေမှာ ယုံကြည်မှုတွေနဲ့အတူအကောင်းဆုံးပြန်လာနိုင်မှာဖြစ်တယ်လို့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။
Post a Comment