ေမာ္ရင္ဟိုကိုထုတ္ပယ္လ ွ်င္ယူနိုက္တက္အသင္းေလ်ာ္ေၾကးဘယ္ေလာက္အထိေပးရမွာလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အခုခ်ိန္မွာေတာ့ နည္းျပေမာ္ရင္ဟိုကုိထုတ္ပယ္ဖို ့ဆိုတာ မန္ယူနိုက္တက္ဖန္ေတြအတြက္ရင္ထဲကဆႏၵပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္း ကလပ္အသင္းအေနနဲဲ ့သူတို ့အသင္းရဲ ့မန္ေနဂ်ာကိုထုတ္ပယ္ဖို ့ေငြေၾကးအေျမာက္အျမားသံုးစြဲဖို ့ရိွပံုမေပၚပါဘူး။
မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန ့ကကစားခဲ့တဲ့လီဗာပူးလ္အသင္းနဲ့ပြဲမွာ ဦးတည္ခ်က္ကင္းမဲ့စြာနဲ ့အဆိပ္မရိွတဲ့ေရေျမြတစ္ေကာင္လို ့ျဖစ္ခဲ့ပါတယ္။လီဗာပူးလ္အသင္းကေတာ့သူတို ့အသင္းရဲ့ ဒီရာသီအေကာင္းဆံုးစြမ္းေဆာင္ရည္ကိုျပသနိုင္ခဲ့ပါတယ္။၂သင္းစလံုးအတြက္ဒါဟာ အံၾသစရာေတာ့မဟုတ္ပါဘူး။လီဗာပူးလ္အသင္းဟာမႏွစ္ရာသီထဲကကစားပံုေရာေျခစြမ္းပိုင္းပါတိုးတက္လာတဲ့အသင္းပါ။ဒါ့အျပင္ ဒီပြဲမတိုင္ခင္မွာ ဒီပြဲအၿပီးမွာပါ ဇယားထိပ္မွာဦးေဆာင္သူအျဖစ္ရပ္တည္ေနၿပီး ယူနိုက္တက္ကေတာ့ အဆင့္၄ရပ္၀န္းကေန ဖယ္ခြာကာ အဆိုးရြားဆံုးရလဒ္ေတြနဲ ့ရပ္တည္ေနလ်က္ရိွေနပါတယ္။
ေမာ္ရင္ဟိုဟာအဆိုပါပြဲမွာ ေပါ့ဘာကို အရံခုံမွာသာထိုင္ခိုင္းေစခဲ့ၿပီး မာတာနဲ ့မာရွယ္တို ့ကို အေျပာင္းအလဲျဖစ္သြားေအာင္လူစားလဲပါ၀င္ေစခဲ့တာပဲျဖစ္ပါတယ္။သရဲနီပရိတ္သတ္အမ်ားစုကေတာ့ မန္ေနဂ်ာဟာအသင္းသားေတြ နဲ ့ျပႆနာေတြမရိွေတာ့ဘူးလို ့ဆိုေနၾကေသာ္လည္း ဒီရာသီမကုန္ခင္အထိ ေမာ္ရင္ဟိုမ်က္ႏွာကို အသင္းမွာျမင္ေတြ ့လိုျခင္းေတာ့မရိွေတာ့ပါဘူး။
ဒါပင္မယ့္လည္းဇန္န၀ါရီအေျပာင္းအေရႊ ့မွာ ေမာ္ရင္ဟိုလိုခ်င္တဲ့ကစားသမားကိုအသင္းကသာေခၚယူေပးမယ္ဆိုရင္ေတာ့ အိုထရက္ဖို ့ဒ္ကလပ္အေနနဲ ့တစ္နည္းတစ္ဖံုေျပာင္းလဲသြားမလားေစာင့္ၾကည့္ခ်င္စရာေတာ့ေကာင္းေနပါတယ္။
Duncan Castles ရဲ့အဆိုအရေတာ့ ေမာ္ရင္ဟိုကိုထုတ္ပယ္ပါက ေလ်ာ္ေၾကးေငြအျဖစ္ ေပါင္၂၄သန္းအထိေပးေခ်ရမွာျဖစ္ၿပီး ေနာက္ရာသီမွာခ်န္ပီယံလိပ္၀င္ခြင့္မရပါက ၂၅ % ေလ်ာ့ခ်ကာေပါင္၁၈သန္းေပးၿပီးထုတ္ပယ္ရမွာပဲျဖစ္ပါတယ္။
ဒါဟာ အရင္နည္းျပေဟာင္းေတြျဖစ္ၾကတဲ့ ဗန္ဟားနဲ ့ေဒးဗစ္မိုယက္စ္တုန္းကအေျခအေနမ်ိဳးျဖစ္ေနၿပီး အဆိုပါနည္းျပ၂ေယာက္ကိုင္တြယ္ခဲ့စဥ္တုန္းကယူနိုက္တက္အသင္းဟာခ်န္ပီယံလိပ္၀င္ခြင့္မရခဲ့တာေၾကာင့္အဆိုပါနည္းျပ၂ဦးစလံုးကို ရာသီကုန္မွာထုတ္ပယ္ခဲ့တာပဲျဖစ္ပါတယ္။
မိုယက္စ္လက္ထက္တုန္းကဆို ရာသီကုန္ဖို ့၄ပြဲေလာက္လိုထဲကထုတ္ပယ္ခဲ့တာျဖစ္ၿပီး ဗန္ဟားကိုမူ FA ဖလားရယူၿပီးေနာက္ ထုတ္ပယ္ခဲ့တာပဲျဖစ္ပါတယ္။ဗန္ဟားလက္ထက္တုန္းက ဒီဇင္ဘာလမွာ ယခုနည္းျပေမာ္ရင္ဟိုလက္ေအာက္ထက္ရလဒ္အေတာ္ေလးဆိုးရြားခဲ့ၿပီး ၄ပြဲဆက္တိုက္ရံႈးနိမ့္ခဲ့သလို ခ်န္ပီယံလိပ္ရံႈးထြက္အဆင့္ကေနလည္းထြက္ခဲ့ရပါတယ္။
အဲဒီအခ်ိန္မွာပဲ ေမာ္ရင္ဟိုဟာခ်ဲလ္ဆီးအသင္းကေန အထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး ဗန္ဟားေနရာအစားထိုးဖို ့ေကာလဟာလသတင္းေတြေတာင္ထြက္ခဲ့ပါေသးပါတယ္။ေနာက္ဆံုးမွာေတာ့ေမာ္ရင္ဟိုဟာaယူနိုက္တက္နည္းျပရာထူးအတြက္ေမလကုန္အထိေစာင့္ဆိုင္းခဲ့ရတာပဲျဖစ္ပါတယ္။
အခုလက္ရိွခ်ိန္မွာ ေတာ့ အေျခအေနေတြအရ ေမာ္ရင္ဟိုဟာ အထုတ္ပယ္ခံရဖို ့မရိွေသးပဲရာသီကုန္အထိအသင္းကေစာင့္ၾကည့္ဖြယ္ရိွေနပါတယ္။
(Unicode)
မော်ရင်ဟိုကိုထုတ်ပယ်လ ျှင်ယူနိုက်တက်အသင်းလျော်ကြေးဘယ်လောက်အထိပေးရမှာလဲ?
အခုချိန်မှာတော့ နည်းပြမော်ရင်ဟိုကိုထုတ်ပယ်ဖို့ဆိုတာ မန်ယူနိုက်တက်ဖန်တွေအတွက်ရင်ထဲကဆန္ဒပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ကလပ်အသင်းအနေနဲ့သူတို့အသင်းရဲ့မန်နေဂျာကိုထုတ်ပယ်ဖို့ငွေကြေးအမြောက်အမြားသုံးစွဲဖို့ရှိပုံမပေါ်ပါဘူး။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကစားခဲ့တဲ့လီဗာပူးလ်အသင်းနဲ့ပွဲမှာ ဦးတည်ချက်ကင်းမဲ့စွာနဲ့အဆိပ်မရှိတဲ့ရေမြွေတစ်ကောင်လို့ဖြစ်ခဲ့ပါတယ်။လီဗာပူးလ်အသင်းကတော့သူတို့အသင်းရဲ့ ဒီရာသီအကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။၂သင်းစလုံးအတွက်ဒါဟာ အံသြစရာတော့မဟုတ်ပါဘူး။လီဗာပူးလ်အသင်းဟာမနှစ်ရာသီထဲကကစားပုံရောခြေစွမ်းပိုင်းပါတိုးတက်လာတဲ့အသင်းပါ။ဒါ့အပြင် ဒီပွဲမတိုင်ခင်မှာ ဒီပွဲအပြီးမှာပါ ဇယားထိပ်မှာဦးဆောင်သူအဖြစ်ရပ်တည်နေပြီး ယူနိုက်တက်ကတော့ အဆင့်၄ရပ်ဝန်းကနေ ဖယ်ခွာကာ အဆိုးရွားဆုံးရလဒ်တွေနဲ့ရပ်တည်နေလျက်ရှိနေပါတယ်။
မော်ရင်ဟိုဟာအဆိုပါပွဲမှာ ပေါ့ဘာကို အရံခုံမှာသာထိုင်ခိုင်းစေခဲ့ပြီး မာတာနဲ့မာရှယ်တို့ကို အပြောင်းအလဲဖြစ်သွားအောင်လူစားလဲပါဝင်စေခဲ့တာပဲဖြစ်ပါတယ်။သရဲနီပရိတ်သတ်အများစုကတော့ မန်နေဂျာဟာအသင်းသားတွေ နဲ့ပြဿနာတွေမရှိတော့ဘူးလို့ဆိုနေကြသော်လည်း ဒီရာသီမကုန်ခင်အထိ မော်ရင်ဟိုမျက်နှာကို အသင်းမှာမြင်တွေ့လိုခြင်းတော့မရှိတော့ပါဘူး။
ဒါပင်မယ့်လည်းဇန်နဝါရီအပြောင်းအရွှေ့မှာ မော်ရင်ဟိုလိုချင်တဲ့ကစားသမားကိုအသင်းကသာခေါ်ယူပေးမယ်ဆိုရင်တော့ အိုထရက်ဖို့ဒ်ကလပ်အနေနဲ့တစ်နည်းတစ်ဖုံပြောင်းလဲသွားမလားစောင့်ကြည့်ချင်စရာတော့ကောင်းနေပါတယ်။
Duncan Castles ရဲ့အဆိုအရတော့ မော်ရင်ဟိုကိုထုတ်ပယ်ပါက လျော်ကြေးငွေအဖြစ် ပေါင်၂၄သန်းအထိပေးချေရမှာဖြစ်ပြီး နောက်ရာသီမှာချန်ပီယံလိပ်ဝင်ခွင့်မရပါက ၂၅ % လျော့ချကာပေါင်၁၈သန်းပေးပြီးထုတ်ပယ်ရမှာပဲဖြစ်ပါတယ်။
ဒါဟာ အရင်နည်းပြဟောင်းတွေဖြစ်ကြတဲ့ ဗန်ဟားနဲ့ဒေးဗစ်မိုယက်စ်တုန်းကအခြေအနေမျိုးဖြစ်နေပြီး အဆိုပါနည်းပြ၂ယောက်ကိုင်တွယ်ခဲ့စဉ်တုန်းကယူနိုက်တက်အသင်းဟာချန်ပီယံလိပ်ဝင်ခွင့်မရခဲ့တာကြောင့်အဆိုပါနည်းပြ၂ဦးစလုံးကို ရာသီကုန်မှာထုတ်ပယ်ခဲ့တာပဲဖြစ်ပါတယ်။
မိုယက်စ်လက်ထက်တုန်းကဆို ရာသီကုန်ဖို့၄ပွဲလောက်လိုထဲကထုတ်ပယ်ခဲ့တာဖြစ်ပြီး ဗန်ဟားကိုမူ FA ဖလားရယူပြီးနောက် ထုတ်ပယ်ခဲ့တာပဲဖြစ်ပါတယ်။ဗန်ဟားလက်ထက်တုန်းက ဒီဇင်ဘာလမှာ ယခုနည်းပြမော်ရင်ဟိုလက်အောက်ထက်ရလဒ်အတော်လေးဆိုးရွားခဲ့ပြီး ၄ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိပ်ရှုံးထွက်အဆင့်ကနေလည်းထွက်ခဲ့ရပါတယ်။
အဲဒီအချိန်မှာပဲ မော်ရင်ဟိုဟာချဲလ်ဆီးအသင်းကနေ အထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ဗန်ဟားနေရာအစားထိုးဖို့ကောလဟာလသတင်းတွေတောင်ထွက်ခဲ့ပါသေးပါတယ်။နောက်ဆုံးမှာတော့မော်ရင်ဟိုဟာaယူနိုက်တက်နည်းပြရာထူးအတွက်မေလကုန်အထိစောင့်ဆိုင်းခဲ့ရတာပဲဖြစ်ပါတယ်။
အခုလက်ရှိချိန်မှာ တော့ အခြေအနေတွေအရ မော်ရင်ဟိုဟာ အထုတ်ပယ်ခံရဖို့မရှိသေးပဲရာသီကုန်အထိအသင်းကစောင့်ကြည့်ဖွယ်ရှိနေပါတယ်။
Post a Comment