ရင္ဆိုင္ဖူးတဲ့ေနာက္ခံလူေတြထဲအခက္ခဲဆံုးေနာက္ခံလူတစ္ဦးနာမည္ကိုေျပာျပခဲ့တဲ့ရိုနယ္ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူႏိုက္တက္အသင္းမွာ ၇ႏွစ္ၾကာကစားခဲ့တဲ့စီ႐ိုနယ္ဒိုကကမၻာေပၚမွာေၾကာက္စရာေကာင္းတဲ့ေနာက္ခံလူေတြဟာပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာပဲထြက္ေပၚလာေလ့႐ွိတယ္လို႔ေျပာၾကားလိုက္ပါတယ္။
ပရီးမီးယားလိဂ္ကိုျပန္ၾကည့္မယ္ဆိုရင္ ခ်ဲလ္ဆီးအသင္းမွ ေနာက္ခံလူေဟာင္းၾကီး ဂြၽန္တယ္ရီ ရဲ႕စေကးအထြတ္အထိပ္ကိုခ်ဲလ္ဆီးအသင္းမွာကစားစဥ္ကေတြ႔ျမင္ခဲ့ပါတယ္။သူရဲ႕ပိတ္ဆို႔ျဖတ္ထုတ္မႈေတြကေကာင္းလား ဒါမွမဟုတ္ ကာရင္တန္ေလက်င့္ေရးကြင္းမွာ႐ွိခဲ့တဲ့ ဗီဒစ္တို႔ ဖာဒီနန္တို႔ထဲမွာဘယ္သူက ပိုေကာင္းသလဲ?လို႔ El Chiringuito TVအစီအစဥ္တစ္ခုမွာေမးျမန္းရာရိုနယ္ဒို က ဘယ္သူမွမဟုတ္ဘူးလို ့ေျဖၾကားခဲ့ပါတယ္။
တကယ္ေၾကာက္ဖို႔ေကာင္းတဲ့ေနာက္ခံလူက အာဆင္နယ္အသင္းႏွင့္ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္း အက္႐ွ္ေလကိုးပါပဲျဖစ္ပါတယ္လို႔ ေရႊေဘာလံုး၅ဆု႐ွင္႐ိုနယ္ဒို ဖြင့္ဟေျပာၾကားလိုက္ပါတယ္။အက္႐ွ္ေလကိုးဟာ နည္းပရိယာယ္မ်ားၿပီးၿပိဳင္ဖက္ကိုေကာင္းေကာင္းထိန္းႏိုင္တဲသူတစ္ဦးျဖစ္ေၾကာင္း အသက္၃၃ႏွစ္႐ွိၿပီျဖစ္တဲ့႐ိုနယ္လ္ဒိုက သူရဲ႕ ၁၆ႏွစ္သက္တမ္း႐ွိၿပီးျဖစ္တဲ့ကစားသမားဘဝမွာအက္ရ္ွေလကိုးဟာ အေကာင္းဆံုးအမာဆံုးေနာက္ခံလူျဖစ္တယ္လို႔ခ်ီးက်ဴးဂုဏ္ျပဳဝန္ခံေျပာၾကားလုိက္ပါတယ္။
႐ိုနယ္ဒိုက အက္ရွ္ေလကိုးရဲ့ေနာက္တန္းခံစစ္လံုျခံဳမႈပတ္သတ္ၿပီးဝန္ခံေျပာၾကားျခင္းမွာပထမဦးဆံုးအႀကိမ္လည္းမဟုတ္ပါဘူး။ ၂၀၁၆ခုႏွစ္ကလည္းCoach Magazineမွာလည္းေျပာၾကားထားဖူးပါတယ္။
"ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ကြၽန္ေတာ္ နဲ႔ အက္႐ွ္ေလကိုးၾကားမွာ ႀကီးမားတဲ့ၿပိဳင္ပြဲႀကီးေတြ႐ွိခဲ့ၾကတယ္။သူက မင္းကိုအသက္႐ႈဖို႔အတြက္တစ္စကၠန္႔ေတာင္ေပးဖ္ို႔မရွိပါဘူး။သူကလူကပ္ေကာင္းတဲ့ကစားသမားတစ္ဦးပါ။ေျပာရရင္ တစ္ဖက္လူသယ္လာတဲ့ေဘာလံုးကို ကိုင္တြယ္ျဖတ္ထုတ္ႏိုင္တဲ့အရည္အခ်င္းေကာင္းေတြအမ်ားႀကီးပါပဲ။မင္းဒါေတြကိုသိထားမယ္ဆိုရင္ေတာင္လြယ္ကူတဲ့ကစားပြဲျဖစ္လာမွာမဟုတ္ပါဘူး၊"
ဒါ့ေၾကာင့္လည္း ပရီးမီးယားလိပ္မွာသူတို ့၂ေယာက္ထိပ္တိုက္ရင္ဆိုင္ကစားၾကတိုင္း ပြဲေတြဟာၾကည့္ေကာင္းေနလြန္းခဲ့တာေတာ့ျငင္းလို ့မရတာအေသအခ်ာပါပဲ။
(Unicode)
ယူနိုက်တက်အသင်းမှာ ၇နှစ်ကြာကစားခဲ့တဲ့စီရိုနယ်ဒိုကကမ္ဘာပေါ်မှာကြောက်စရာကောင်းတဲ့နောက်ခံလူတွေဟာပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပဲထွက်ပေါ်လာလေ့ရှိတယ်လို့ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ်ကိုပြန်ကြည့်မယ်ဆိုရင် ချဲလ်ဆီးအသင်းမှ နောက်ခံလူဟောင်းကြီး ဂျွန်တယ်ရီ ရဲ့စကေးအထွတ်အထိပ်ကိုချဲလ်ဆီးအသင်းမှာကစားစဉ်ကတွေ့မြင်ခဲ့ပါတယ်။သူရဲ့ပိတ်ဆို့ဖြတ်ထုတ်မှုတွေကကောင်းလား ဒါမှမဟုတ် ကာရင်တန်လေကျင့်ရေးကွင်းမှာရှိခဲ့တဲ့ ဗီဒစ်တို့ ဖာဒီနန်တို့ထဲမှာဘယ်သူက ပိုကောင်းသလဲ?လို့ El Chiringuito TVအစီအစဉ်တစ်ခုမှာမေးမြန်းရာရိုနယ်ဒို က ဘယ်သူမှမဟုတ်ဘူးလို့ဖြေကြားခဲ့ပါတယ်။
တကယ်ကြောက်ဖို့ကောင်းတဲ့နောက်ခံလူက အာဆင်နယ်အသင်းနှင့်ချဲလ်ဆီးအသင်းကစားသမားဟောင်း အက်ရှ်လေကိုးပါပဲဖြစ်ပါတယ်လို့ ရွှေဘောလုံး၅ဆုရှင်ရိုနယ်ဒို ဖွင့်ဟပြောကြားလိုက်ပါတယ်။အက်ရှ်လေကိုးဟာ နည်းပရိယာယ်များပြီးပြိုင်ဖက်ကိုကောင်းကောင်းထိန်းနိုင်တဲသူတစ်ဦးဖြစ်ကြောင်း အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ရိုနယ်လ်ဒိုက သူရဲ့ ၁၆နှစ်သက်တမ်းရှိပြီးဖြစ်တဲ့ကစားသမားဘဝမှာအက်ရ်ှလေကိုးဟာ အကောင်းဆုံးအမာဆုံးနောက်ခံလူဖြစ်တယ်လို့ချီးကျူးဂုဏ်ပြုဝန်ခံပြောကြားလိုက်ပါတယ်။
ရိုနယ်ဒိုက အက်ရှ်လေကိုးရဲ့နောက်တန်းခံစစ်လုံခြုံမှုပတ်သတ်ပြီးဝန်ခံပြောကြားခြင်းမှာပထမဦးဆုံးအကြိမ်လည်းမဟုတ်ပါဘူး။ ၂၀၁၆ခုနှစ်ကလည်းCoach Magazineမှာလည်းပြောကြားထားဖူးပါတယ်။
"ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် နဲ့ အက်ရှ်လေကိုးကြားမှာ ကြီးမားတဲ့ပြိုင်ပွဲကြီးတွေရှိခဲ့ကြတယ်။သူက မင်းကိုအသက်ရှုဖို့အတွက်တစ်စက္ကန့်တောင်ပေးဖို့မရှိပါဘူး။သူကလူကပ်ကောင်းတဲ့ကစားသမားတစ်ဦးပါ။ပြောရရင် တစ်ဖက်လူသယ်လာတဲ့ဘောလုံးကို ကိုင်တွယ်ဖြတ်ထုတ်နိုင်တဲ့အရည်အချင်းကောင်းတွေအများကြီးပါပဲ။မင်းဒါတွေကိုသိထားမယ်ဆိုရင်တောင်လွယ်ကူတဲ့ကစားပွဲဖြစ်လာမှာမဟုတ်ပါဘူး၊"
ဒါ့ကြောင့်လည်း ပရီးမီးယားလိပ်မှာသူတို့၂ယောက်ထိပ်တိုက်ရင်ဆိုင်ကစားကြတိုင်း ပွဲတွေဟာကြည့်ကောင်းနေလွန်းခဲ့တာတော့ငြင်းလို့မရတာအသေအချာပါပဲ။
Post a Comment