ေမာ္ရင္ဟိုကိုရီးရဲလ္္ဆီျပန္ေခၚေတာ့မယ့္ ဖေလာ္ရန္တီနိုပီးရက္ဇ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ိဳ ့စ္ေမာ္ရင္ဟိုရဲ ့နာမည္ဂုဏ္သတင္းကေတာ့ လတ္တေလာမွာ ဒီေရက်သြားသလို အဆိုးရြားဆံုးက်ဆင္းေနတာပဲျဖစ္ပါတယ္။အထုတ္ပယ္ခံခဲ့ရတဲ့မန္ခ်က္စတာယူနိုက္တက္နည္းျပေဟာင္းၾကီးဟာသူ ့ကိုစိတ္၀င္စားေနတဲ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ ့နည္းျပရာထူးကို ရယူဖို ့သိ္ပ္ေစာင့္ဆိုင္းေနစရာမလိုေၾကာင္းသိရပါတယ္။အရင္ကိုင္တြယ္ခဲ့ဖူးတဲ့အသင္း၃သင္းမွာလည္းအခုလို အထုတ္ပယ္ခံရၿပီးေနာက္ပိုင္းေမာ္ရင္ဟိုတစ္ေယာက္ဘယ္အသင္းကိုသြားမလဲ ဘယ္အသင္းကိုင္တြယ္မလဲ အျမဲတမ္းအေမးျမန္းခံရဆံုးပါပဲ။
ရီးရဲလ္မက္ဒရစ္အသင္းကေနအထုတ္ပယ္ခံခဲ့ရၿပီးေနာက္သူဟာခ်ဲလ္ဆီးနည္းျပအျဖစ္ျပန္လည္တာ၀န္ယူခဲ့ပါတယ္။ဒါဟာခ်ဲလ္ဆီးအသင္းအတြက္ ဒုတိယၾကိမ္ေျမာက္ျဖစ္ခဲ့ပါတယ္။ပရီးမီးယားလိပ္ဖလားကိုရယူေပးၿပီးလအနည္းငယ္ၾကာၿပီေနာက္ သူ ့ရဲ့ စိတ္ကူးအိပ္မက္အလုပ္ျဖစ္တဲ့ အိုထရက္ဖို ့ဒ္ဆီအေရာက္လွမ္းလာနိုင္ခဲ့တာပဲျဖစ္ပါတယ္။
အခုခ်ိန္မွာေတာ့ ေမာ္ရင္ဟိုရဲ ့ယူနိုက္တက္အသင္းဟာ လီဗာပူးအသင္းကို အေ၀းကြင္းမွာ ၃-၁ျဖင့္အေရးနိမ့္ခဲ့ၿပီးေနာက္ ေမာ္ရင္ဟိုရဲ ့နည္းစနစ္မ်ားဟာ အိုေဟာင္းေနၿပီျဖစ္ေၾကာင္းသေဘာေပါက္ခဲ့ၾကၿပီး ေမာ္ရင္ဟိုလည္း အိုထရက္ဖို ့ဒ္နည္းျပရာထူးကို လက္ျပနႈတ္ဆက္ခဲ့ရပါတယ္။
ဒါပင္မယ့္လည္းေမာ္ရင္ဟိုဟာသံုမရေအာင္နာမည္ပ်က္စာရင္း၀င္သြားတဲ့နည္းျပညံ့တစ္ေယာက္ေတာ့မဟုတ္ေသးပါဘူး။သူဟာ လာမယ့္အနာဂတ္မွာ ၾကီးမားတဲ့ကလပ္အသင္းရဲ ့နည္းျပရာထူးကိုတာ၀န္ယူဖို ့ရိွေနပါေသးတယ္။Ei Pais ရဲ ့အဆိုအရေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ သူတို ့အသင္းရဲ ့နည္းျပေဟာင္းကို လာမယ့္ေႏြရာသီမွာျပန္ေခၚဖို ့ရိွေနၿပီး အသင္းဥကၠဌ ပီးရက္ဇ္က ေမာ္ရင္ဟိုတစ္ေယာက္အသင္းကိုျပန္လည္တည္ေဆာက္ေပးတာမ်ိဳးအလိုရိွေၾကာင္းသိရပါတယ္။
နည္းျပဇီဒန္းဟာ မနစ္ေဘာလံုးရာသီၿပီးဆံုးတဲ့အခ်ိ္န္မွာ ရီးရဲလ္အသင္းကိုစြန္ ့ခြာခဲ့ၿပီး စပိန္နည္းျပလိုပတ္တဂီိကိုအစားထိုးခဲ့ေသာ္လည္းဘာတစ္ခုမွမျဖစ္လာခဲ့ပါဘူး။ဆိုလာရီကို ၂၀၂၁ အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး လိုပတ္တဂီေနရာအစားထိုးခဲ့ေသာ္လည္း လက္ရိွရီးရဲလ္နည္းျပဆိုလာရီဟာ အသင္းကစားသမားေတြကို ၾသဇာမေညာင္းတာကိုေတြ ့ရပါတယ္။
EI Pais ကေတာ့ ပီးရက္ဇ္အေနနဲ ့အသင္းကိုေမာ္ရင္ဟိုနဲ ့အတူျပန္လည္တည္ေဆာက္မည္ဆိုပါက ေငြေၾကးအေျမာက္အျမားသံုးစြဲရမွာျဖစ္တယ္လို ့ဆိုထားပါတယ္။ဇီဒန္းထြက္ခြာခဲ့ျခင္း၊ရိုနယ္ဒိုတစ္ေယာက္အသင္းကေနစြန့္ခြာသြားျခင္းတို ့က ရီးရဲလ္အေနနဲ ့သူတို ့၂ဦးေနရာမွာ အစားထိုးဖို ့ေစ်းကြက္မွာရွာေဖြရဦးမွာပဲျဖစ္ပါတယ္။ေမာ္ရင္ဟိုတစ္ေယာက္ မၾကာခင္လာလီဂါကိုျပန္လာဖို ့ရိွေနေသာ္လည္း ဒီတစ္ၾကိမ္မွာ ေတာ့ ေမာ္ရင္ဟို အေနနဲ့ ပတ္ဂြာဒီယိုလာနဲ ့ထိပ္တိုက္ရင္ဆိုင္ဖို ့အေျခအေနမရိွေတာ့ပါဘူး။
(Unicode)
မော်ရင်ဟိုကိုရီးရဲလ်ဆီပြန်ခေါ်တော့မယ့် ဖလော်ရန်တီနိုပီးရက်ဇ်
ဂျို့စ်မော်ရင်ဟိုရဲ့နာမည်ဂုဏ်သတင်းကတော့ လတ်တလောမှာ ဒီရေကျသွားသလို အဆိုးရွားဆုံးကျဆင်းနေတာပဲဖြစ်ပါတယ်။အထုတ်ပယ်ခံခဲ့ရတဲ့မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းကြီးဟာသူ့ကိုစိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြရာထူးကို ရယူဖို့သိပ်စောင့်ဆိုင်းနေစရာမလိုကြောင်းသိရပါတယ်။အရင်ကိုင်တွယ်ခဲ့ဖူးတဲ့အသင်း၃သင်းမှာလည်းအခုလို အထုတ်ပယ်ခံရပြီးနောက်ပိုင်းမော်ရင်ဟိုတစ်ယောက်ဘယ်အသင်းကိုသွားမလဲ ဘယ်အသင်းကိုင်တွယ်မလဲ အမြဲတမ်းအမေးမြန်းခံရဆုံးပါပဲ။
ရီးရဲလ်မက်ဒရစ်အသင်းကနေအထုတ်ပယ်ခံခဲ့ရပြီးနောက်သူဟာချဲလ်ဆီးနည်းပြအဖြစ်ပြန်လည်တာဝန်ယူခဲ့ပါတယ်။ဒါဟာချဲလ်ဆီးအသင်းအတွက် ဒုတိယကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။ပရီးမီးယားလိပ်ဖလားကိုရယူပေးပြီးလအနည်းငယ်ကြာပြီနောက် သူ့ရဲ့ စိတ်ကူးအိပ်မက်အလုပ်ဖြစ်တဲ့ အိုထရက်ဖို့ဒ်ဆီအရောက်လှမ်းလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ မော်ရင်ဟိုရဲ့ယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းကို အဝေးကွင်းမှာ ၃-၁ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုရဲ့နည်းစနစ်များဟာ အိုဟောင်းနေပြီဖြစ်ကြောင်းသဘောပေါက်ခဲ့ကြပြီး မော်ရင်ဟိုလည်း အိုထရက်ဖို့ဒ်နည်းပြရာထူးကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
ဒါပင်မယ့်လည်းမော်ရင်ဟိုဟာသုံမရအောင်နာမည်ပျက်စာရင်းဝင်သွားတဲ့နည်းပြညံ့တစ်ယောက်တော့မဟုတ်သေးပါဘူး။သူဟာ လာမယ့်အနာဂတ်မှာ ကြီးမားတဲ့ကလပ်အသင်းရဲ့နည်းပြရာထူးကိုတာဝန်ယူဖို့ရှိနေပါသေးတယ်။Ei Pais ရဲ့အဆိုအရတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့နည်းပြဟောင်းကို လာမယ့်နွေရာသီမှာပြန်ခေါ်ဖို့ရှိနေပြီး အသင်းဥက္ကဌ ပီးရက်ဇ်က မော်ရင်ဟိုတစ်ယောက်အသင်းကိုပြန်လည်တည်ဆောက်ပေးတာမျိုးအလိုရှိကြောင်းသိရပါတယ်။
နည်းပြဇီဒန်းဟာ မနစ်ဘောလုံးရာသီပြီးဆုံးတဲ့အချိန်မှာ ရီးရဲလ်အသင်းကိုစွန့်ခွာခဲ့ပြီး စပိန်နည်းပြလိုပတ်တဂီကိုအစားထိုးခဲ့သော်လည်းဘာတစ်ခုမှမဖြစ်လာခဲ့ပါဘူး။ဆိုလာရီကို ၂၀၂၁ အထိစာချုပ်သစ်ချုပ်ဆိုခဲ့ပြီး လိုပတ်တဂီနေရာအစားထိုးခဲ့သော်လည်း လက်ရှိရီးရဲလ်နည်းပြဆိုလာရီဟာ အသင်းကစားသမားတွေကို သြဇာမညောင်းတာကိုတွေ့ရပါတယ်။
EI Pais ကတော့ ပီးရက်ဇ်အနေနဲ့အသင်းကိုမော်ရင်ဟိုနဲ့အတူပြန်လည်တည်ဆောက်မည်ဆိုပါက ငွေကြေးအမြောက်အမြားသုံးစွဲရမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဇီဒန်းထွက်ခွာခဲ့ခြင်း၊ရိုနယ်ဒိုတစ်ယောက်အသင်းကနေစွန့်ခွာသွားခြင်းတို့က ရီးရဲလ်အနေနဲ့သူတို့၂ဦးနေရာမှာ အစားထိုးဖို့ဈေးကွက်မှာရှာဖွေရဦးမှာပဲဖြစ်ပါတယ်။မော်ရင်ဟိုတစ်ယောက် မကြာခင်လာလီဂါကိုပြန်လာဖို့ရှိနေသော်လည်း ဒီတစ်ကြိမ်မှာ တော့ မော်ရင်ဟို အနေနဲ့ ပတ်ဂွာဒီယိုလာနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့အခြေအနေမရှိတော့ပါဘူး။
Post a Comment