စတာလင်ကိုထောက်ခံကြောင်း messageပေးပို့ခဲ့တဲ့ ဟာဇက်
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
စတာလင်ကိုထောက်ခံကြောင်း messageပို့ခဲ့တဲ့ ဟာဇက်
စတမ်းဖို့ဘရစ်ကွင်းကြီးအတွင်း ချယ်ဆီးကိုနှစ်ဂိုးပြတ်ရှုံးခဲ့သောပွဲမှာ စတာလင်ဟာ ချယ်ဆီးပရိတ်သတ်အချို့ရဲ့လူမျိုးရေးခွဲခြားခြင်းခံခဲ့ရပါတယ်။ဒါကြောင့် ဟာဇက်က စတာလင်ကို ထောက်ခံကြောင်းပြသခဲ့တာပါ။
ကြော်ငြာဘုတ်ပြားနား ဘောလုံးကောက်နေတဲ့ စတာလင်ကို ချယ်ဆီးပရိတ်သတ်တွေထဲလေးယောက်က ''f***ing black c***''လို့အော်ပြီးစော်ကားခဲ့တာပါ။ဒီလူတွေကို မကြာမှီအချိန်အတွင်း ဖော်ထုတ်အရေးယူသွားမယ်လို့ ချယ်ဆီးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
''ချယ်ဆီးအသင်းအနေနဲ့ ဒီလိုရွံရှာဖွယ်လုပ်ရပ် ပြုမူခဲ့သူကို ရှာဖွေသွားမှာပါ။ဒီလက်မှတ်ဝယ်ယူထားတဲ့သက်သေခံနဲ့အတူ လူမျိုးရေးခွဲခြားသူကို ပွဲကြည့်ခွင့်ပိတ်ပင်တာအပါအဝင် ဥပဒေအတိုင်းထိထိရောက်ရောက်အရေးယူသွားမှာပါ။ပြစ်မှုကျူးလွန်သူတွေကို စွဲချက်တင်မယ့်ကိစ္စကို အပြည့်အဝထောက်ခံပါတယ်။''အသင်း offical websiteမှာရေးတင်ထားတာတွေ့ရပါတယ်။ဒါဟာ အသင်းကိုအားပေးတဲ့ အမာခံပရိတ်သတ်တွေကို ထိခိုက်တာမဟုတ်ကြောင်းဆိုခဲ့ပြီးချယ်ဆီး အသင်းရဲ့အဓိကကစားသမား ဟာဇက်ကလည်း စတာလင်ကိုထောက်ခံကြောင်း messageပို့ခဲ့ပါတယ်။
''ကျနော်ပြောနိုင်တဲ့တစ်ခုထဲသောအကြောင်းအရာက စတာလင်ဟာအံ့သြဖွယ်ကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူ့ဘက်မှာကျနော်ရှိနေတယ်ဆိုတာပါပဲ''လို့ဟာဇက်က ဆိုခဲ့တာပါ။''စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲစောင့်ကြည့်ရမှာပါ။ချယ်ဆီးပရိတ်သတ်တွေက တော့ အသင်းနာမည်ကိုသီချင်းလုပ်ဆိုပြီး နိုင်ပွဲအတွက်ပျော်ရွှင်နေမှာ အသေအချာပါပဲ။စတာလင်ကိုအပြည့်အဝထောက်ခံပြီး ဒီလိုလူမျိုးရေးခွဲခြားသူတွေကို ကွင်းထဲမှာ ထပ်မြင်တွေ့ရမှာမဟုတ်ပါဘူး။စတာလင်ရဲ့ဖြစ်ရပ်လိုမဟုတ်ပေမယ့် ငယ်ရွယ်တဲ့လူမည်းဘောလုံးစတားတွေဟာ မီဒီယာတွေရဲ့မျက်နှာသာပေးမှုကို ခံရလေ့မရှိပါဘူး။”
စတာလင်ကတော့လူမျိုးရေးခွဲခြားခံနေရချိန်မှာ သူရီနေတဲ့ပုံကို သူ့Pageမှာဖော်ပြခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ ဆိုးရွာတဲ့လူတွေဆီက ဒီထက်ကောင်းတဲ့အရာတွေမမျှော်လင့်ထားကြောင်းဖွင့်ဟခဲ့ပါတယ်။ငယ်ငယ်ထဲက သတင်းစာအချို့မှာ သူမဟုတ်မမှန်တာတွေလုပ်နေတဲ့ပုံစံမျိုး ရေးသားခံခဲ့ရပါတယ်။မန်စီးတီးအသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ အဒရာဘိုင်ယိုနဲ့ ဖိုဒန်တို့ သူတို့အမေအတွက်အိမ်ဝယ်ပေးတဲ့အကြောင်း Daily Mailသတင်းစားရဲ့ရေးသားဖော်ပြမှုကို screenshot ရိုက်ပြီး သူ့wall ထဲတင်ခဲ့ပါတယ်။ဖိုဒမ်အကြောင်းကိုတော့ဖွဲ့နွဲ့ချီးကျူးခဲ့ပြီး လူမည်းကစားသမား အဒရာဘိုင်ယိုကတော့ လျစ်လျူရှုခံခဲ့ရပါတယ်။ယူရို-၂၀၁၆အပြီးအမေ့အတွက်အိမ်ဝယ်ပေးတာကို ကြွားလုံးထုတ်တယ်လို့သတင်းစာတွေရေးသားခဲ့တာကိုလည်း ပြန်ပြောင်းပြောသွားခဲ့ပါသေးတယ်။စတာလင်ကတော့ လူငယ်ကစားသမားတွေကြား လူမည်းနဲ့လူဖြူကို သတင်းစာတွေရဲ့အမြင်ကမတူညီပဲ ခွဲခြားဆက်ဆံနေတယ်လို့ယုံကြည်နေပါတယ်ေ။သတင်းတစ်ခုကိုကျော်ကြားဖို့ရေးရာမှာ နောက်တစ်ကြိမ်လောက်တော့ပြန်စဉ်းစားသင့်တယ်လို့ စတာလင်က တောင်းဆိုသွားခဲ့ပါတယ်။
Post a Comment