Header Ads


အူဘာမီယန္းကိုငွက္ေပ်ာသီးနဲ႔ေပါက္တဲ့စပါးပရိတ္သတ္ဒဏ္ေငြေပါင္၅၀၀နွင့္ပြဲျကည့္ခြင့္၄နွစ္ပိတ္ခံရမည္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အူဘာမီယန္းကို ငွက္ေပ်ာသီးခြံနဲ႔ပစ္ေပါက္ခဲ့တဲ့စပါးပရိတ္သတ္ဟာ ေဘာလံုးကြင္းေတြနဲ႕ ၄နွစ္ ေဝးကြာေနဖို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ဒီလူကေတာ့အသက္၅၇နွစ္အရြယ္အဗာေအာ့ပန္တယ္လီ ျဖစ္ျပီး ကားဒရိုက္ဘာတစ္ဦးျဖစ္ပါတယ္။

လူမ်ိဳးေရးခြဲျခားခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဒဏ္ေငြေပါင္၅၀၀ပါ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။သူကေတာ့ ေဒါသထြက္လို႔လုပ္ခဲ့တာျဖစ္ေျကာင္းရွင္းလင္းခဲ့ျပီး အူဘာမီယန္းဂိုးသြင္းယူျပီးေနာက္ ေအာင္ပြဲခံခ်ိန္မွာငွက္ေပ်ာခြံနဲ႔ပစ္ခဲ့တာပါ။အူဘာမီယန္းကေတာ့ ''ေလးနွစ္ျပီးရင္ အစကျပန္စျကတာေပါ့''လို႔ေရးသားခဲ့ပါတယ္။ပန္တယ္လီ အေနနဲ႔ ငွက္ေပ်ာသီးခြံကိုကိုင္ျပီး အမ္းမရိတ္ကြင္းထဲလွမ္းပစ္ခဲ့တယ္ဆိုတာ CCTVေတြမွာ အရွင္းသားေပၚလြင္ေနခဲ့ပါတယ္။

ငွက္ေပ်ာခြံနဲ႕ပစ္ေပါက္ခဲ့မိေပမယ့္ လူမ်ိဳးေရးခြဲျခားခ်င္တဲ့ရည္ရြယ္ခ်က္မဟုတ္ေျကာင္းဒီျဖစ္ရပ္အျပီးမွာ ပန္တယ္လီကရဲတပ္ဖို႔ကို ေျပာခဲ့ပါတယ္။ဒါေပမယ့္ပရိတ္သတ္တစ္ေယာက္ကေတာ့ ပန္တယ္လီ လိမ္ညာထြက္ဆိုတာလို႔ေျပာခဲ့ပါတယ္။''သူရည္ရြယ္ခ်က္ရွိရွိလုပ္ခဲ့တာပါ။သူ႔အမူအရာကို က်ေနာ္တို႔ေတြ႕ရတာေတာ့ ဂိုးသြင္းျပီးေျပးလာတဲ့ လူမည္းတစ္ေယာက္ကို ငွက္ေပ်ာက္ခြံနဲ႔ပစ္ခဲ့ျခင္းပါပဲ''လို႔ ဆိုခဲ့ပါတယ္။ပန္တယ္လီကေတာ့ငွက္ေပ်ာခြံဟာ သူနဲ႔အနီးဆံုးရွိေနတဲ့ အရာျဖစ္ျပီး ကေလးတစ္ေယာက္ေဘးနားက်ေနတာေတြ႕လို႔ ယူျပီးပစ္ခဲ့တာလို႔ေရွာင္လႊဲခဲ့ပါတယ္။

သူရဲ႕ေရွ႕ေနကေတာ့''ငွက္ေပ်ာခြံနဲ႔ပစ္ခဲ့တာဆိုေပမယ့္ ပလပ္စတစ္ခြက္ ဒါမွမဟုတ္ ပန္းသီးအတြင္းသားနဲ႔ပစ္တာလည္းျဖစ္သြားနိုင္ပါတယ္။ဒါေပမယ့္ လူမ်ိဳးေရးခြဲျခားတယ္လို႔ရင့္သီးစြာေခါင္းစဥ္တပ္ခံခဲ့ရတယ္။အူဘာဆီကလည္း ဘာတုန္႕ျပန္မႈမွ မျကားမိပါဘူး။ေအာင္ပြဲခံေနတဲ့ အသင္းေဖာ္ေတြျကားျဖစ္ခဲ့တာျဖစ္ျပီး တစ္ျခားေခါင္းစဥ္ရွိမေနပါဘူး။ဒီပြဲကစိတ္လႈပ္ရွားစရာေကာင္းလြန္းေနျပီး ပန္တယ္လီကလည္း အသည္းအသန္အားေပးေနပါတယ္။ဒီျဖစ္ရပ္ကလည္းစိတ္လႈပ္ရွားစရာအခိုက္အတန္႔တစ္ခုမွာျဖစ္ပ်က္ခဲ့တာပါ။အနီးဆံုးအရာဝတၳဳတစ္ခုနဲ႔လွမ္းပစ္ခဲ့တာျဖစ္ျပီး ဒါကငွက္ေပ်ာခြံျဖစ္ေနခဲ့တာပါ။ ''လို႕ဆိုခဲ့ပါတယ္။


အစိုးရေရွ႕ေနေတြကေတာ့ ''သူဟာ အာဆင္နယ္လူမည္းကစားသမားကို ငွက္ေပ်ာခြံနဲ႔ပစ္ေပါက္ခဲ့တာ''လို႔ပဲသတ္မွတ္ခဲ့ျကပါတယ္။ဘာပဲျဖစ္ျဖစ္ လူမ်ိဳးေရးခြဲျခားခဲ့သလိုျဖစ္ခဲ့တာေျကာင့္ ပန္တယ္လီဟာ ဒဏ္ေငြေပါင္၅၀၀ေဆာင္ခဲ့ရျပီး ေဘာလံုးပြဲျကည့္ရႈခြင့္ေလးနွစ္အထိ အပိတ္ခံခဲ့ရပါတယ္။သူဟာ စပါးအသင္းကိုအားေပးလာတာနွစ္၅၀ရွိခဲ့ျပီျဖစ္ျပီး ဘဝတစ္ေလ်ွာက္လံုးစပါးအသင္းကိုအားေပးလာတာျဖစ္ပါတယ္။

(Unicode)

အူဘာမီယန်းကိုငှက်ပျောသီးနဲ့ပေါက်တဲ့စပါးပရိတ်သတ်ဒဏ်ငွေပေါင်၅၀၀နှင့်ပွဲကြည့်ခွင့်၄နှစ်ပိတ်ခံရမည်

အူဘာမီယန်းကို ငှက်ပျောသီးခွံနဲ့ပစ်ပေါက်ခဲ့တဲ့စပါးပရိတ်သတ်ဟာ ဘောလုံးကွင်းတွေနဲ့ ၄နှစ် ဝေးကွာနေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒီလူကတော့အသက်၅၇နှစ်အရွယ်အဗာအော့ပန်တယ်လီ ဖြစ်ပြီး ကားဒရိုက်ဘာတစ်ဦးဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒဏ်ငွေပေါင်၅၀၀ပါ ချမှတ်ခဲ့တာဖြစ်ပါတယ်။သူကတော့ ဒေါသထွက်လို့လုပ်ခဲ့တာဖြစ်ကြောင်းရှင်းလင်းခဲ့ပြီး အူဘာမီယန်းဂိုးသွင်းယူပြီးနောက် အောင်ပွဲခံချိန်မှာငှက်ပျောခွံနဲ့ပစ်ခဲ့တာပါ။အူဘာမီယန်းကတော့ ''လေးနှစ်ပြီးရင် အစကပြန်စကြတာပေါ့''လို့ရေးသားခဲ့ပါတယ်။ပန်တယ်လီ အနေနဲ့ ငှက်ပျောသီးခွံကိုကိုင်ပြီး အမ်းမရိတ်ကွင်းထဲလှမ်းပစ်ခဲ့တယ်ဆိုတာ CCTVတွေမှာ အရှင်းသားပေါ်လွင်နေခဲ့ပါတယ်။

ငှက်ပျောခွံနဲ့ပစ်ပေါက်ခဲ့မိပေမယ့် လူမျိုးရေးခွဲခြားချင်တဲ့ရည်ရွယ်ချက်မဟုတ်ကြောင်းဒီဖြစ်ရပ်အပြီးမှာ ပန်တယ်လီကရဲတပ်ဖို့ကို ပြောခဲ့ပါတယ်။ဒါပေမယ့်ပရိတ်သတ်တစ်ယောက်ကတော့ ပန်တယ်လီ လိမ်ညာထွက်ဆိုတာလို့ပြောခဲ့ပါတယ်။''သူရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါ။သူ့အမူအရာကို ကျနော်တို့တွေ့ရတာတော့ ဂိုးသွင်းပြီးပြေးလာတဲ့ လူမည်းတစ်ယောက်ကို ငှက်ပျောက်ခွံနဲ့ပစ်ခဲ့ခြင်းပါပဲ''လို့ ဆိုခဲ့ပါတယ်။ပန်တယ်လီကတော့ငှက်ပျောခွံဟာ သူနဲ့အနီးဆုံးရှိနေတဲ့ အရာဖြစ်ပြီး ကလေးတစ်ယောက်ဘေးနားကျနေတာတွေ့လို့ ယူပြီးပစ်ခဲ့တာလို့ရှောင်လွှဲခဲ့ပါတယ်။

သူရဲ့ရှေ့နေကတော့''ငှက်ပျောခွံနဲ့ပစ်ခဲ့တာဆိုပေမယ့် ပလပ်စတစ်ခွက် ဒါမှမဟုတ် ပန်းသီးအတွင်းသားနဲ့ပစ်တာလည်းဖြစ်သွားနိုင်ပါတယ်။ဒါပေမယ့် လူမျိုးရေးခွဲခြားတယ်လို့ရင့်သီးစွာခေါင်းစဉ်တပ်ခံခဲ့ရတယ်။အူဘာဆီကလည်း ဘာတုန့်ပြန်မှုမှ မကြားမိပါဘူး။အောင်ပွဲခံနေတဲ့ အသင်းဖော်တွေကြားဖြစ်ခဲ့တာဖြစ်ပြီး တစ်ခြားခေါင်းစဉ်ရှိမနေပါဘူး။ဒီပွဲကစိတ်လှုပ်ရှားစရာကောင်းလွန်းနေပြီး ပန်တယ်လီကလည်း အသည်းအသန်အားပေးနေပါတယ်။ဒီဖြစ်ရပ်ကလည်းစိတ်လှုပ်ရှားစရာအခိုက်အတန့်တစ်ခုမှာဖြစ်ပျက်ခဲ့တာပါ။အနီးဆုံးအရာဝတ္ထုတစ်ခုနဲ့လှမ်းပစ်ခဲ့တာဖြစ်ပြီး ဒါကငှက်ပျောခွံဖြစ်နေခဲ့တာပါ။ ''လို့ဆိုခဲ့ပါတယ်။

အစိုးရရှေ့နေတွေကတော့ ''သူဟာ အာဆင်နယ်လူမည်းကစားသမားကို ငှက်ပျောခွံနဲ့ပစ်ပေါက်ခဲ့တာ''လို့ပဲသတ်မှတ်ခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ် လူမျိုးရေးခွဲခြားခဲ့သလိုဖြစ်ခဲ့တာကြောင့် ပန်တယ်လီဟာ ဒဏ်ငွေပေါင်၅၀၀ဆောင်ခဲ့ရပြီး ဘောလုံးပွဲကြည့်ရှုခွင့်လေးနှစ်အထိ အပိတ်ခံခဲ့ရပါတယ်။သူဟာ စပါးအသင်းကိုအားပေးလာတာနှစ်၅၀ရှိခဲ့ပြီဖြစ်ပြီး ဘဝတစ်လျှောက်လုံးစပါးအသင်းကိုအားပေးလာတာဖြစ်ပါတယ်။

No comments

Powered by Blogger.