PSGမွာတုန္းကေတာ့ဆာလာကို အူနိုင္းအမ္မရီတစ္ေယာက္မေခၚရတဲ့အေၾကာင္းအရင္းကဘာျဖစ္မလဲ?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အူနိုင္းအမ္မရီတစ္ေယာက္ PSG နည္းျပအျဖစ္ရိွေနခဲ့စဥ္က မိုဟာမက္ဆာလာကိုေခၚယူနိုင္မယ့္အခြင့္အေရးကိုုျငင္းပယ္ခဲ့ဖူးပါတယ္။အခုခ်ိန္မွာေတာ့ အာဆင္နယ္နည္းျပၾကီးတစ္ေယာက္သူ ့ရဲ ့ရိုးသားတဲ့ဆံုးျဖတ္ခ်က္အေၾကာင္းကိုရွင္းျပခဲ့ပါတယ္။
ကစားသမား ဆာလာဟာ ခ်ဲလ္ဆီးအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို ့ရုန္းကန္ခဲ့ရၿပီးေနာက္အီတလီေျမကို ထြက္ခြာခဲ့ၿပီး ပံုစံေကာင္းေတြကိုျပန္လည္ရွာေဖြခဲ့ပါတယ္။သူဟာ ရိုးမားမွာသြားမကစားခင္ထဲက ဖီအိုရင္တီးနားမွာေတာက္ပခဲ့ဖူးပါတယ္။သူဟာ စီးရီးေအမွာ အငွားသြားကစားရင္း ၁၄ဂိုးအထိသြင္းယူခဲ့တာေၾကာင့္ ရိုးမာအသင္းအတြက္ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို ့အေျခအေနလံုေလာက္ခဲ့တာပဲျဖစ္ပါတယ္။ဒါပင္မယ့္သူဟာ ရိုးမားမွာ ၁ရာသီေက်ာ္ေလာက္တာခံခဲ့ၿပီး လီဗာပူးလ္က သူ ့ကို ေပါင္၃၆.၉ သန္းျဖင့္ေတာ္ေကာက္ခဲ့ပါတယ္။
” အီဂ်စ္ဘုရင္” လို ့တင္စားေခၚေ၀ၚၾကတဲ့ ဆာလာဟာ အခုခ်ိန္မွာေတာ့ သြင္းဂိုးေတြ၊အံၾသစရာပံုစံေကာင္းေတြေၾကာင့္ တကယ့္ဘုရင္တစ္ပါးျဖစ္ေနပါၿပီ။
ဒါပင္မယ့္လည္း PSG အသင္းကသူ ့ကိုကမ္းလွမ္းဖုိ ့စဥ္းစားတဲ့အခ်ိန္တုန္းကနဲ ့ဆိုရင္ေတာ့အေတာ္ေလးကြဲျပားျခားနားေနတာကေတာ့အမွန္ပါပဲ။PSG နည္းျပအျဖစ္ အမ္မရီတစ္ေယာက္ ရိွခဲ့စဥ္က ဆာလာအေပၚသံသယတစ္ခ်ိဳ ့ရိွခဲ့တာေၾကာင့္ မေခၚယူဖို ့ဆံုးျဖတ္ခဲ့တယ္လို ့သိရပါတယ္။
“ သူရိုးမားမွာ ကစားေနတုန္း ကၽြန္ေတာ္တို ့ေတြ PSG ကို ဆာလာေရာက္လာနိုင္ဖို ့အခြင့္အေရးရိွခဲ့ပါတယ္။ကၽြန္ေတာ္သူ ့အေပၚမွာသံသယတစ္ခ်ိဳ ့ရိွခဲ့ပါတယ္။ၿပီးေတာ့သူလီဗာပူးလ္ကိုေျပာင္းေရႊ ့သြားၿပီး အဲ့သံသယေတြကိုရိုက္ခ်ိဳးသြားခဲ့ပါတယ္။သံသယေတြကေတာ့ သူဟာအသင္းၾကီးတစ္သင္းအတြက္စြမ္းေဆာင္ရည္ေကာင္းေတြယူေဆာင္လာနိုင္ပါ့မလာေပါ့။ဒါပင္မယ့္ ဒီကေန ့ခင္ဗ်ားတို ့ေတြကိုကၽြန္ေတာ္ေျပာျပနိုင္တာကေတာ့ ကမာၻ ့ထိပ္တန္းကစားသမား ၅ေယာက္အေၾကာင္းေျပာၾကမယ္ဆိုရင္ ဆာလာဟာ မပါမျဖစ္ပါပဲ။”
အမ္မရီရဲ ့အာဆင္နယ္အသင္းဟာ ပရီးမီယားလိပ္မွာ ဦးေဆာင္ေနတဲ့ ဆာလာတို ့ရဲ ့လီဗာပူးလ္အသင္းနဲ ့ဒီေန ့ညမွာရင္ဆိုင္ရမွာပဲျဖစ္ပါတယ္။
ဒါ့အျပင္အမ္မရီတစ္ေယာက္ မန္စီးတီးရဲ ့၂ပြဲဆက္ရံႈးနိမ့္မႈအေပၚ ေျပာၾကားခဲ့ပါေသးတယ္။
“ မန္စီးတီးတို ့ေနာက္ဆံုး၂ပြဲဆက္ရံႈးခဲ့တာဟာၾကီးမားတဲ့အံၾသစရာပါပဲ။ကၽြန္ေတာ့္အတြက္အံၾသစရာပါပဲ။အခုခ်ိန္မွာေတာ့လီဗာပူးလ္အသင္းဟာသူတို ့ရဲ ့ပြဲေတြမွာအမွားလုပ္ေလ့မရိွပါဘူး။သူတို ့ကဒီလိုပံုစံအသင္းကိုဖန္တီးခဲ့ၾကတာပါ။ကၽြန္ေတာ္မွတ္မိေသးတယ္။လြန္ခဲ့တဲ့ ၃နွစ္ကာလတုန္းက သူတို ့အသင္းမွာ ေနာက္တန္းအခက္အခဲတစ္ခ်ိဳ ့ရိွခဲ့ပါတယ္။ေနာက္ေတာ့လူေတြေခၚခဲ့တယ္။ဥပမာ- ဗန္ဒိုက္စ္လို ေပါ့။ ေကာင္းမြန္တဲ့ရင္းနွီးျမွပ္နွံမႈေတြပါပဲ။အက်ိဳးရလဒ္က ရလဒ္ေကာင္းေတြေမ ွ်ာ္မွန္းနိုင္တာေပါ့။သူတုိ ့ဟာအသင္းၾကီးတစ္သင္းပါ။” လို ့ဆိုလိုက္ပါတယ္။
(Unicode)
PSGမှာတုန်းကတော့ဆာလာကို အူနိုင်းအမ်မရီတစ်ယောက်မခေါ်ရတဲ့အကြောင်းအရင်းကဘာဖြစ်မလဲ?
အူနိုင်းအမ်မရီတစ်ယောက် PSG နည်းပြအဖြစ်ရှိနေခဲ့စဉ်က မိုဟာမက်ဆာလာကိုခေါ်ယူနိုင်မယ့်အခွင့်အရေးကိုငြင်းပယ်ခဲ့ဖူးပါတယ်။အခုချိန်မှာတော့ အာဆင်နယ်နည်းပြကြီးတစ်ယောက်သူ့ရဲ့ရိုးသားတဲ့ဆုံးဖြတ်ချက်အကြောင်းကိုရှင်းပြခဲ့ပါတယ်။
ကစားသမား ဆာလာဟာ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပြီးနောက်အီတလီမြေကို ထွက်ခွာခဲ့ပြီး ပုံစံကောင်းတွေကိုပြန်လည်ရှာဖွေခဲ့ပါတယ်။သူဟာ ရိုးမားမှာသွားမကစားခင်ထဲက ဖီအိုရင်တီးနားမှာတောက်ပခဲ့ဖူးပါတယ်။သူဟာ စီးရီးအေမှာ အငှားသွားကစားရင်း ၁၄ဂိုးအထိသွင်းယူခဲ့တာကြောင့် ရိုးမာအသင်းအတွက်ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့အခြေအနေလုံလောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်သူဟာ ရိုးမားမှာ ၁ရာသီကျော်လောက်တာခံခဲ့ပြီး လီဗာပူးလ်က သူ့ကို ပေါင်၃၆.၉ သန်းဖြင့်တော်ကောက်ခဲ့ပါတယ်။
” အီဂျစ်ဘုရင်” လို့တင်စားခေါ်ဝေါ်ကြတဲ့ ဆာလာဟာ အခုချိန်မှာတော့ သွင်းဂိုးတွေ၊အံသြစရာပုံစံကောင်းတွေကြောင့် တကယ့်ဘုရင်တစ်ပါးဖြစ်နေပါပြီ။
ဒါပင်မယ့်လည်း PSG အသင်းကသူ့ကိုကမ်းလှမ်းဖို့စဉ်းစားတဲ့အချိန်တုန်းကနဲ့ဆိုရင်တော့အတော်လေးကွဲပြားခြားနားနေတာကတော့အမှန်ပါပဲ။PSG နည်းပြအဖြစ် အမ်မရီတစ်ယောက် ရှိခဲ့စဉ်က ဆာလာအပေါ်သံသယတစ်ချို့ရှိခဲ့တာကြောင့် မခေါ်ယူဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။
“ သူရိုးမားမှာ ကစားနေတုန်း ကျွန်တော်တို့တွေ PSG ကို ဆာလာရောက်လာနိုင်ဖို့အခွင့်အရေးရှိခဲ့ပါတယ်။ကျွန်တော်သူ့အပေါ်မှာသံသယတစ်ချို့ရှိခဲ့ပါတယ်။ပြီးတော့သူလီဗာပူးလ်ကိုပြောင်းရွှေ့သွားပြီး အဲ့သံသယတွေကိုရိုက်ချိုးသွားခဲ့ပါတယ်။သံသယတွေကတော့ သူဟာအသင်းကြီးတစ်သင်းအတွက်စွမ်းဆောင်ရည်ကောင်းတွေယူဆောင်လာနိုင်ပါ့မလာပေါ့။ဒါပင်မယ့် ဒီကနေ့ခင်ဗျားတို့တွေကိုကျွန်တော်ပြောပြနိုင်တာကတော့ ကမ္ဘာ့ထိပ်တန်းကစားသမား ၅ယောက်အကြောင်းပြောကြမယ်ဆိုရင် ဆာလာဟာ မပါမဖြစ်ပါပဲ။”
အမ်မရီရဲ့အာဆင်နယ်အသင်းဟာ ပရီးမီယားလိပ်မှာ ဦးဆောင်နေတဲ့ ဆာလာတို့ရဲ့လီဗာပူးလ်အသင်းနဲ့ဒီနေ့ညမှာရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။
ဒါ့အပြင်အမ်မရီတစ်ယောက် မန်စီးတီးရဲ့၂ပွဲဆက်ရှုံးနိမ့်မှုအပေါ် ပြောကြားခဲ့ပါသေးတယ်။
“ မန်စီးတီးတို့နောက်ဆုံး၂ပွဲဆက်ရှုံးခဲ့တာဟာကြီးမားတဲ့အံသြစရာပါပဲ။ကျွန်တော့်အတွက်အံသြစရာပါပဲ။အခုချိန်မှာတော့လီဗာပူးလ်အသင်းဟာသူတို့ရဲ့ပွဲတွေမှာအမှားလုပ်လေ့မရှိပါဘူး။သူတို့ကဒီလိုပုံစံအသင်းကိုဖန်တီးခဲ့ကြတာပါ။ကျွန်တော်မှတ်မိသေးတယ်။လွန်ခဲ့တဲ့ ၃နှစ်ကာလတုန်းက သူတို့အသင်းမှာ နောက်တန်းအခက်အခဲတစ်ချို့ရှိခဲ့ပါတယ်။နောက်တော့လူတွေခေါ်ခဲ့တယ်။ဥပမာ- ဗန်ဒိုက်စ်လို ပေါ့။ ကောင်းမွန်တဲ့ရင်းနှီးမြှပ်နှံမှုတွေပါပဲ။အကျိုးရလဒ်က ရလဒ်ကောင်းတွေမေ ျှာ်မှန်းနိုင်တာပေါ့။သူတို့ဟာအသင်းကြီးတစ်သင်းပါ။” လို့ဆိုလိုက်ပါတယ်။
Post a Comment