Header Ads


ပရီးမီးယားလိပ္ပြဲစဥ္၂၀အၿပီးအသင္းၾကီးမ်ားရဲ့ေနာက္ဆံုးရသတင္းမ်ာစုစည္းတင္ဆက္မႈ





မန္ခ်က္စတာယူနိုက္တက္

ဘုန္းေမာက္နဲ ့ပြဲမွာေျခစြမ္းျပကစားခဲ့တဲ့ကြင္းလယ္လူေပါလ္ေပါ့ဘာက သူတို ့ဟာတစ္ဖန္ျပန္လည္ေပ်ာ္ရႊင္လာၿပီျဖစ္တယ္လို ့ပြဲအၿပီးမွာေျပာၾကားခဲ့ပါတယ္။ေပါ့ဘာဟာအဆိုပါပြဲမွာ ၂ဂိုးသြင္းယူခဲ့ၿပီး ၁ဂိုးဖန္တီးေပးခဲ့ပါတယ္။

မန္စီးတီးနဲ ့လီဗာပူးလ္ကစားသမားေဟာင္းဘယ္လာမီက အကယ္၍ ရပ္ဖို ့ဒ္သာအေထာင္တိုက္စစ္မွဴးအျဖစ္ဆက္ကစားမယ္ဆိုရင္ ယူနိုက္တက္ရဲ ့ဆရာတစ္ဆူျဖစ္လာလိမ့္မယ္လို ့ဆိုလိုက္ပါတယ္။နည္းျပဆိုလ္ရွားကလည္း ရပ္ဖို ့ဒ္တစ္ေယာက္ဟာ အဆင့္အတန္းတစ္ခုကိုေရာက္လာၿပီျဖစ္တယ္လို ့ခ်ီးက်ဳးေျပာၾကားလိုက္ပါတယ္။

ေပါ့ဘာက သူဘုန္းေမာက္နဲ့ ပြဲမွာလက္ပတ္ျဖဴ၀တ္ဆင္ခဲ့ရတဲ့အေၾကာင္းအရင္းဟာ လူမ်ိဳးေရးခြဲျခားခံခဲ့ရတဲ့နာပိုလီေနာက္ခံလူကိုလူဘာလီကိုေထာက္ခံအားေပးတဲ့အေနနဲ ့၀တ္ဆင္ျခင္းျဖစ္တယ္လို ့ပြဲအၿပီးမွာေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္

နည္းျပကေလာ့ ကသူတို ့အသင္းမွာ ဒိုင္ဗင္ထိုးတဲ့ကစားသမားေတြတစ္ေယာက္မွမရိွဘူးလို ့ဆာလာရဲ ့ပယ္နယ္တီေတြနဲ ့ပတ္သတ္ၿပီးကာကြယ္ေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္လူရွာကြီရီက သူတို ့အသင္းမွာဖိအားလံုး၀မရိွတဲ့အတြက္ယခုနွစ္ပရီးမီးယားလိပ္ခ်န္ပီယံဆုကိုကိုင္ေျမာက္နို္င္တဲ့အသင္းျဖစ္တယ္လို ့ယံုၾကည္ေၾကာင္းဆိုလိုက္ပါတယ္။

လီဗာပူးလ္ေနာက္ခံလူေရာဘတ္ဆန္က ၂၀၁၈ ခုနွစ္မွာ သူတို ့အသင္းမွာဘာဆုဖလားတစ္လံုးမွ ရယူနိုင္ခဲ့ျခင္းမရိွတဲ့အတြက္နွစ္သစ္မွာေအာင္ျမင္မႈေတြအတြက္လႊမ္းမိုးနိုင္ဖို ့ၾကိဳးစားရမယ္လို ့အသင္းေဖာ္ေတြကိုတိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္

နည္းျပအမ္မရီရဲ ့နည္းျပအဖြဲ ့အ၀င္ေဟာင္းတစ္ဦးက အသင္းကစားသမား အယ္လီနီဟာ အာဆင္နယ္ကေနထြက္ခြာဖို ့လိုအပ္ေနတယ္လို ့ဆိုလိုက္ၿပီး ဇန္န၀ါရီအေျပာင္းအေရႊ ့အတြက္အသင္းတစ္သင္းရွာၿပီးအငွားထြက္ကစားဖို ့တိုက္တြန္းေျပာဆိုခဲ့ေၾကာင္းသိရပါတယ္။

လီဗာပူးလ္ကိုရံႈးနိမ့္ခဲ့တာနဲ ့ပတ္သတ္ၿပီး အသင္းကစားသမားေတြဒဏ္ရာရေနတယ္ဆိုတဲ့အေၾကာင္းျပခ်က္ကိုေပးဖို ့မလိုအပ္ဘူးလို ့ဂိုးသမားလီနိုကဆိုလိုက္ပါတယ္။

PSG အသင္းကေခၚယူဖို ့နီးစပ္ေနတဲ့ကြင္းလယ္လူရမ္ေဆးကို ဂ်ဴဗင္တပ္စ္အသင္းကၾကားျဖတ္ေခၚယူသြားဖို ့ျပင္ဆင္ေနေၾကာင္းသိရပါတယ္။

မန္စီးတီး

နည္းျပဂြာဒီယိုလာက လီဗာပူးလ္နဲ ့ေတြ ့ဆံုမယ့္ပြဲမွာ ကြင္းလယ္လူဒီဘရိုင္းတစ္ေယာက္လြဲေခ်ာ္သြားမွာျဖစ္တယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။ဒါ့အျပင္စီးတီးအေနနဲ ့ပရီးမီးယားလိပ္ခ်န္ပီယံျဖစ္ခ်င္တယ္ဆိုရင္ လီဗာပူးလ္ကို အနိုင္ကန္ရမွာျဖစ္တယ္လို ့ဆိုလိုက္ပါတယ္။

လီဗာပူးလ္နဲ ့ထိပ္တိုက္ရင္ဆိုင္ရမယ့္ပြဲအတြက္ သူတို ့ေတြအဆင္သင့္ျဖစ္ေနဖို ့လိုၿပီလို ့ေနာက္ခံလူကြန္ပနီကေျပာၾကားလိုက္ပါတယ္။

နည္းျပဂြာဒီယိုလာက သူတို ့အသင္းဟာလီဗာပူးလ္အသင္းကို Clean Sheets ပြဲေတြ၊သြင္းဂိုးေတြနဲ့ပတ္သတ္ၿပီး ယွဥ္ၿပိဳင္နိုင္ျခင္းမရွိပါဘူးလို ့၀န္ခံေျပာၾကားလိုက္ပါတယ္။


ခ်ဲလ္ဆီး

နည္းျပဆာရီက ခရစ္စတယ္ပဲေလ့စ္အသင္းနဲ ့ပြဲမွာ အေရးပါတဲ့သြင္းဂိုးသြင္းယူခဲ့တဲ့ ကန္တီကို ကန္တီအေနနဲ ့အသင္းခံစစ္ကိုသာအာရံုစိုက္ရမွာျဖစ္တယ္လို ့၀န္ခံေျပာၾကားလိုက္ပါတယ္။ဒါ့အျပင္ဆာရီကသူတို ့အသင္းမွာ ဒဏ္ရာျပႆနာေတြရိွေနတာေၾကာင့္ဒုကၡေရာက္ေနတယ္လုိ ့ဆိုလိုက္ပါေသးတယ္။

ေဒါ့မြန္ေတာင္ပံကစားသမားပူလီဆစ္ဟာ ခ်ဲလ္ဆီအသင္းဆီေရာက္လာဖို ့အေတာ္ေလးနီးစပ္ေနၿပီျဖစ္ေၾကာင္းလူမႈကြန္ရက္ဓာတ္ပံုမ်ားအရသိရပါတယ္။

အသင္းရဲ့ စတားအင္ဒီဟာဇက္ဟာ ခ်ဲလ္ဆီးမွာပဲဆက္ေနရမလား ဒါမွမဟုတ္ ရီးရဲလ္ကိုပဲေျပာင္းေရႊ ့သြားရမလားဆိုတာေ၀ခြဲမရျဖစ္ေနေၾကာင္းသိရပါတယ္။

(Unicode)

ပရီးမီးယားလိပ်ပွဲစဉ်၂၀အပြီးအသင်းကြီးများရဲ့နောက်ဆုံးရသတင်းမျာစုစည်းတင်ဆက်မှု


မန်ချက်စတာယူနိုက်တက်

ဘုန်းမောက်နဲ့ပွဲမှာခြေစွမ်းပြကစားခဲ့တဲ့ကွင်းလယ်လူပေါလ်ပေါ့ဘာက သူတို့ဟာတစ်ဖန်ပြန်လည်ပျော်ရွှင်လာပြီဖြစ်တယ်လို့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။ပေါ့ဘာဟာအဆိုပါပွဲမှာ ၂ဂိုးသွင်းယူခဲ့ပြီး ၁ဂိုးဖန်တီးပေးခဲ့ပါတယ်။

မန်စီးတီးနဲ့လီဗာပူးလ်ကစားသမားဟောင်းဘယ်လာမီက အကယ်၍ ရပ်ဖို့ဒ်သာအထောင်တိုက်စစ်မှူးအဖြစ်ဆက်ကစားမယ်ဆိုရင် ယူနိုက်တက်ရဲ့ဆရာတစ်ဆူဖြစ်လာလိမ့်မယ်လို့ဆိုလိုက်ပါတယ်။နည်းပြဆိုလ်ရှားကလည်း ရပ်ဖို့ဒ်တစ်ယောက်ဟာ အဆင့်အတန်းတစ်ခုကိုရောက်လာပြီဖြစ်တယ်လို့ချီးကျုးပြောကြားလိုက်ပါတယ်။

ပေါ့ဘာက သူဘုန်းမောက်နဲ့ ပွဲမှာလက်ပတ်ဖြူဝတ်ဆင်ခဲ့ရတဲ့အကြောင်းအရင်းဟာ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့နာပိုလီနောက်ခံလူကိုလူဘာလီကိုထောက်ခံအားပေးတဲ့အနေနဲ့ဝတ်ဆင်ခြင်းဖြစ်တယ်လို့ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။

လီဗာပူးလ်

နည်းပြကလော့ ကသူတို့အသင်းမှာ ဒိုင်ဗင်ထိုးတဲ့ကစားသမားတွေတစ်ယောက်မှမရှိဘူးလို့ဆာလာရဲ့ပယ်နယ်တီတွေနဲ့ပတ်သတ်ပြီးကာကွယ်ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်လူရှာကွီရီက သူတို့အသင်းမှာဖိအားလုံးဝမရှိတဲ့အတွက်ယခုနှစ်ပရီးမီးယားလိပ်ချန်ပီယံဆုကိုကိုင်မြောက်နိုင်တဲ့အသင်းဖြစ်တယ်လို့ယုံကြည်ကြောင်းဆိုလိုက်ပါတယ်။

လီဗာပူးလ်နောက်ခံလူရောဘတ်ဆန်က ၂၀၁၈ ခုနှစ်မှာ သူတို့အသင်းမှာဘာဆုဖလားတစ်လုံးမှ ရယူနိုင်ခဲ့ခြင်းမရှိတဲ့အတွက်နှစ်သစ်မှာအောင်မြင်မှုတွေအတွက်လွှမ်းမိုးနိုင်ဖို့ကြိုးစားရမယ်လို့အသင်းဖော်တွေကိုတိုက်တွန်းပြောကြားလိုက်ပါတယ်။

အာဆင်နယ်

နည်းပြအမ်မရီရဲ့နည်းပြအဖွဲ့အဝင်ဟောင်းတစ်ဦးက အသင်းကစားသမား အယ်လီနီဟာ အာဆင်နယ်ကနေထွက်ခွာဖို့လိုအပ်နေတယ်လို့ဆိုလိုက်ပြီး ဇန်နဝါရီအပြောင်းအရွှေ့အတွက်အသင်းတစ်သင်းရှာပြီးအငှားထွက်ကစားဖို့တိုက်တွန်းပြောဆိုခဲ့ကြောင်းသိရပါတယ်။

လီဗာပူးလ်ကိုရှုံးနိမ့်ခဲ့တာနဲ့ပတ်သတ်ပြီး အသင်းကစားသမားတွေဒဏ်ရာရနေတယ်ဆိုတဲ့အကြောင်းပြချက်ကိုပေးဖို့မလိုအပ်ဘူးလို့ဂိုးသမားလီနိုကဆိုလိုက်ပါတယ်။

PSG အသင်းကခေါ်ယူဖို့နီးစပ်နေတဲ့ကွင်းလယ်လူရမ်ဆေးကို ဂျူဗင်တပ်စ်အသင်းကကြားဖြတ်ခေါ်ယူသွားဖို့ပြင်ဆင်နေကြောင်းသိရပါတယ်။

မန်စီးတီး

နည်းပြဂွာဒီယိုလာက လီဗာပူးလ်နဲ့တွေ့ဆုံမယ့်ပွဲမှာ ကွင်းလယ်လူဒီဘရိုင်းတစ်ယောက်လွဲချော်သွားမှာဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။ဒါ့အပြင်စီးတီးအနေနဲ့ပရီးမီးယားလိပ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင် လီဗာပူးလ်ကို အနိုင်ကန်ရမှာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။

လီဗာပူးလ်နဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲအတွက် သူတို့တွေအဆင်သင့်ဖြစ်နေဖို့လိုပြီလို့နောက်ခံလူကွန်ပနီကပြောကြားလိုက်ပါတယ်။

နည်းပြဂွာဒီယိုလာက သူတို့အသင်းဟာလီဗာပူးလ်အသင်းကို Clean Sheets ပွဲတွေ၊သွင်းဂိုးတွေနဲ့ပတ်သတ်ပြီး ယှဉ်ပြိုင်နိုင်ခြင်းမရှိပါဘူးလို့ဝန်ခံပြောကြားလိုက်ပါတယ်။


ချဲလ်ဆီး

နည်းပြဆာရီက ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ အရေးပါတဲ့သွင်းဂိုးသွင်းယူခဲ့တဲ့ ကန်တီကို ကန်တီအနေနဲ့အသင်းခံစစ်ကိုသာအာရုံစိုက်ရမှာဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။ဒါ့အပြင်ဆာရီကသူတို့အသင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့်ဒုက္ခရောက်နေတယ်လို့ဆိုလိုက်ပါသေးတယ်။

ဒေါ့မွန်တောင်ပံကစားသမားပူလီဆစ်ဟာ ချဲလ်ဆီအသင်းဆီရောက်လာဖို့အတော်လေးနီးစပ်နေပြီဖြစ်ကြောင်းလူမှုကွန်ရက်ဓာတ်ပုံများအရသိရပါတယ်။

အသင်းရဲ့ စတားအင်ဒီဟာဇက်ဟာ ချဲလ်ဆီးမှာပဲဆက်နေရမလား ဒါမှမဟုတ် ရီးရဲလ်ကိုပဲပြောင်းရွှေ့သွားရမလားဆိုတာဝေခွဲမရဖြစ်နေကြောင်းသိရပါတယ်။








No comments

Powered by Blogger.