Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်မှာကစားခဲ့တဲ့ကာလအတွင်းကမ္ဘာ့အဆင့်အသင်းဖော်နှစ်ယောက်ကိုပြောပြခဲ့တဲ့ ဂယ်ရီနဗီးလ်
ဂယ်ရီနဗီးလ် အနေနဲ့ ယူနိုက်တက်ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ခေတ်ရဲ့ အကောင်းဆုံးကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။အသက်၄၃နှစ်အရွယ် သရဲနီတို့ရဲ့ညာနောက်ခံလူဟောင်းဟာ ယူနိုက်တက်မှာ ၁၉ရာသီကြာကစားခဲ့ပါတယ်။သူ့ရဲ့အသင်းဖော်တွေထဲမှာဂန္တဝင်နည်းပြကြီးဖာဂူဆန်ခေါ်ယူခဲ့တဲ့ ရွန်းနီ ,ကန်တိုနာ ဖာဒီနန်တို့လည်းပါဝင်ပါတယ်။
ယခုအပတ်လီဗာပူးနဲ့ယူနိုက်တက်ပွဲမတိုင်မှီကာရေဂါက နဗီးလ်ပြောခဲ့ဖူူးတဲ့စကားတစ်ခွန်းအကြောင်းပြန်ဖွင့်ဟခဲ့ပါတယ်။သူပြောခဲ့တာမန်ယူမှာသူတွဲကစားခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့်ကစားသမားနှစ်ယောက်ပဲရှိတယ်ဆိုတာပါပဲ။ကာရေဂါက''တစ်ခါကကျနော့်ကို နဗီးလ်ပြောဖူူးပါတယ်။ယူနိုက်တက်မှာတကယ့်ရှမ်းရှမ်းတောက် ကမ္ဘာ့အဆင့်ကစားသမားနှစ်ယောက်ပဲတွေ့ဖူးပါတယ်။တစ်ယောက်က စီရော်နယ်ဒိုဖြစ်ပြီး နောက်တစ်ယောက်က ပီတာရှမိုက်ကယ်ပါပဲ။သူတို့က ယူနိုက်တက်ခေတ်တစ်ခုစီရဲ့အောင်မြင်မှုသော့ချက်တွေပါပဲ။
နဗီးလ်ကသူယူနိုက်တက်မှာရုန်းကန်နေရချိန်မှာ ရှမိုက်ကယ်ရဲ့တွန်းအားပေးကူညီတာတွေကို သတိရနေပါတယ်။''ကျနော်၁၈နှစ်အရွယ်လောက်မှာယူနိုက်တက်စီနီယာအသင်းကိုရောက်လတော့ရှမိုက်ကယ်နဲ့တွေ့ဆုံရတယ်။အဲ့မှာကျနော်ဘာမှမပြောခင်မှာပဲ သူက စကားကိုခပ်ရင့်ရင့်ပြောတယ်။ဒီကောင်လေးကဂိုးရောသွင်းတက်လားတဲ့။နောက်တော့ သူနဲ့ကျနော် ဒီအကြောင်းတွေပြန်ပြောတိုင်း ရယ်ခဲ့ကြတယ်။ဒါပေမယ့် သူကတွေ့တွေ့ချင်းဆောက်နဲ့ထွင်းခဲ့တာပါ။သူကကျနော်စိတ်ကို အများကြီးလွှမ်းမိုးနိုင်တဲ့ကစားသမားတစ်ယောက်တော့မဟုတ်ပါဘူူး။ရှမိုက်ကယ်ဂိုးပေါက်ကိုတာဝန်ယူနေချိန်မှာ နောက်တန်းမှာရှိတဲ့ ဒင်းနစ်အာဝင်,ပါကား,ပယ်လစ်စတာ ,စတိဘရု တို့လေးယောက်လုံးက ယူနိုက်တက်ရဲ့ဂန္တဝင်တွေကြည်ပါပဲ။ကျနော်က ဒီအတွဲအဖက်ကို ပထမဆုံးချိုးဖျက်ခဲ့သူပါပဲ။ဒါကစိန်ခေါ်မှုတစ်ရပ်ဖြစ်သလို စွန့်စားခန်းတစ်ခုလိုပါပဲ။ဒါပေမယ့် ကျနော်လုပ်ပြနိုင်ခဲ့ပါတယ်။ပေါ့ပါကား ဒဏ်ရာရနေချိန်မှာ ညာနောက်ခံနေရာအတွက် ကျနော်စတင်ပွဲထွက်ခွင့်ရပါတယ်။သူတို့ကြားမှာ ကျနော်ကငယ်လွန်းနေတယ်။ကျနော်ကမရင့်ကျတ်သေးသလို အမှားတွေထပ်ခါထပ်ခါကျူးလွန်နေမိတယ်။ဒါကြောင့်နေ့တိုင်းရှမိုက်ကယ်က လေ့ကျင့်ရေးကွင်းမှာ ကျနော်ကို မောင်းခဲ့တယ်။အထူူးသဖြင့် ခံစစ်ကစားပုံနဲ့ ဖြတ်တင်ဘောတွေအတွက်ပေါ့။ပွဲကစားပြီးတာနဲ့ ကျနော်ကဖြတ်တင်ဘောတွေလေ့ကျင့်ပြီး သူက ပင်နယ်တီကန်တဲ့နေရာကနေ ရပ်ဖမ်းတယ်။ဘောလုံးကို ဖမ်းပြီးတာနဲ့ သူကမင်းလုပ်နေတာချီးလိုပဲ လို့အော်ပြောနေကြပါ။ဒီလိုနေ့စဉ်နေ့တိုင်းလေ့ကျင်းရင်းကနေပဲ ကျနော်တို့အတူ ပိုသန်မာလာကြတယ်။ ပွဲတစ်ပွဲကိုလွှမ်းမိုးနိုင်သူတွေဖြစ်လာကြတယ်''လို့နဗီးလ်ကဖွင့်ဟခဲ့ပါတယ်။
ကျနော်တို့အမြင်မှာရောဘယ်နှစ်ယောက်က ယူနိုက်တက်သမိုင်းရဲ့အကောင်းဆုံးတွေဖြစ်ကြမလဲ။
Post a Comment