ယူႏိုုက္တက္ကေနထြက္ခြာဖိုု ့စဥ္းစားေနျပီျဖစ္တဲ့လူကာကူ
လူကာကူဟာ မန္ခ်က္စတာယူနိုက္တက္နဲ႔ ေရွ႕ဆက္ဖို႔ကို စဥ္းစားခန္းဝင္ေနျပီျဖစ္ပါတယ္။အဲဗာတန္ကေျပာင္းေရြ႕လာတဲ့လူကာကူအတြက္ ယူနိုက္တက္နဲ႔ဒုတိယရာသီမွာအနည္းငယ္ ရုန္းကန္ေနရေပမယ့္ အသင္းမွာေပ်ာ္ရႊင္လ်က္ရွိပါတယ္။ဒီရာသီျပိဳင္ပြဲစံုငါးဂိုးသာရွိေသးျပီး ၁၂ပြဲဆက္ဂိုးေပါက္ေပ်ာက္ဆံုးေနမႈကို ျပီးခဲ့တဲ့ေဆာက္သမ္တန္နဲ႔ ပြဲ မွသာေခ်ဖ်က္နိုင္ခဲ့တာပါ။အာဆင္နယ္နဲ႕ျကားရက္ပြဲစဥ္မွာလည္း အရန္ခံုတန္းမွာသာရွိေနခဲ့ျပီး မျကာခနဆိုသလို ေမာ္ရင္ဟိုရဲ႕ ပြဲထြက္စာရင္းကခ်န္လွပ္ျခင္းခံေနရပါတယ္။
မတ္လေနာက္ပိုုင္းအိုုထရက္ဖိုု ့ဒ္မွာ ဂိုုးမသြင္းနိုုင္တဲ့ လူကာကူဟာ မေန ့ကကစားခဲ့တဲ့ဖူလ္ဟမ္နဲ ့ပြဲမွာေတာ့ မာတာရဲ ့ဖန္တီးေပးမႈကေနဂိုုးသြင္းယူနိုုင္ခဲ့ၿပီး ကာလၾကာရွည္အိမ္ကြင္းဂိုုးေပါက္ေပ်ာက္ဆံုုးေနမႈကိုုအဆံုုးသတ္နိုုင္ခဲ့ပါတယ္။
ဒါပင္မယ့္လည္းေပါ့ဘာ,ဆန္းခ်က္နဲ႔ လူကာကူတို႔သံုးေယာက္ဟာခုေနာက္ပိုင္း အိုးထရက္ဖို႔ဒ္မွာ ရုန္းကန္ေနရျပီး ေမာ္ရင္ဟိုသာ အခုလိုခ်န္လွပ္ထားအံုးမယ္ဆို အသင္းကထြက္ခြာဖြယ္ရွိတယ္လို႔ လူကာကူကဝန္ခံခဲ့တာပါ။ေပါင္75သန္းေက်ာ္ေပးဝယ္ခဲ့ရတဲ့ ဘယ္ဂ်ီယံသားကို ယူနိုက္တက္က လြယ္လြယ္လက္လႊတ္ခံဖို႔ေတာ့မရွိပါဘူး။
ဒါ့အျပင္ ကာလရွည္စာခ်ဳပ္သက္တမ္းလည္း က်န္ရွိေနပါေသးတယ္။တစ္ဖက္မွာလည္း နည္းျပေမာ္ရင္ဟိုရဲ႕ေအးဂ်င္ျဖစ္သူ Jorge Mendesက ေမာ္ရင္ဟိုအေနနဲ႔ အသင္းကထြက္ခြာဖို႔အစီအစဥ္မရွိေျကာင္း အတိအလင္းေၾကျငာခဲ့ပါတယ္။''ေမာ္ရင္ဟိုတစ္ေယာက္ ဒီကလပ္မွာေပ်ာ္ရြင္ေနသလို အသင္းကလည္း သူနဲ႔အတူလက္တြဲရတာကို ေက်နပ္လ်က္ရွိပါတယ္။ယူနိုက္တက္နဲ႔နွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ထားသလို အနာဂတ္အတြက္ အသင္းကိုတည္ေဆာက္ဖို႔အာမခံခ်က္ရထားပါတယ္''လို႔ေမာ္ရင္ဟိုရဲ႕အနာဂတ္နဲ႔ပတ္သတ္ျပီး သူ႔ေအးဂ်င့္ကရွင္းလင္းသြားခဲ့ပါတယ္။
(Unicode)
ယူနိုက်တက်ကနေထွက်ခွာဖို့စဉ်းစားနေပြီဖြစ်တဲ့လူကာကူ
လူကာကူဟာ မန်ချက်စတာယူနိုက်တက်နဲ့ ရှေ့ဆက်ဖို့ကို စဉ်းစားခန်းဝင်နေပြီဖြစ်ပါတယ်။အဲဗာတန်ကပြောင်းရွေ့လာတဲ့လူကာကူအတွက် ယူနိုက်တက်နဲ့ဒုတိယရာသီမှာအနည်းငယ် ရုန်းကန်နေရပေမယ့် အသင်းမှာပျော်ရွှင်လျက်ရှိပါတယ်။ဒီရာသီပြိုင်ပွဲစုံငါးဂိုးသာရှိသေးပြီး ၁၂ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးနေမှုကို ပြီးခဲ့တဲ့ဆောက်သမ်တန်နဲ့ ပွဲ မှသာချေဖျက်နိုင်ခဲ့တာပါ။အာဆင်နယ်နဲ့ကြားရက်ပွဲစဉ်မှာလည်း အရန်ခုံတန်းမှာသာရှိနေခဲ့ပြီး မကြာခနဆိုသလို မော်ရင်ဟိုရဲ့ ပွဲထွက်စာရင်းကချန်လှပ်ခြင်းခံနေရပါတယ်။
မတ်လနောက်ပိုင်းအိုထရက်ဖို့ဒ်မှာ ဂိုးမသွင်းနိုင်တဲ့ လူကာကူဟာ မနေ့ကကစားခဲ့တဲ့ဖူလ်ဟမ်နဲ့ပွဲမှာတော့ မာတာရဲ့ဖန်တီးပေးမှုကနေဂိုးသွင်းယူနိုင်ခဲ့ပြီး ကာလကြာရှည်အိမ်ကွင်းဂိုးပေါက်ပျောက်ဆုံးနေမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါပင်မယ့်လည်းပေါ့ဘာ,ဆန်းချက်နဲ့ လူကာကူတို့သုံးယောက်ဟာခုနောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ရုန်းကန်နေရပြီး မော်ရင်ဟိုသာ အခုလိုချန်လှပ်ထားအုံးမယ်ဆို အသင်းကထွက်ခွာဖွယ်ရှိတယ်လို့ လူကာကူကဝန်ခံခဲ့တာပါ။ပေါင်75သန်းကျော်ပေးဝယ်ခဲ့ရတဲ့ ဘယ်ဂျီယံသားကို ယူနိုက်တက်က လွယ်လွယ်လက်လွှတ်ခံဖို့တော့မရှိပါဘူး။
ဒါ့အပြင် ကာလရှည်စာချုပ်သက်တမ်းလည်း ကျန်ရှိနေပါသေးတယ်။တစ်ဖက်မှာလည်း နည်းပြမော်ရင်ဟိုရဲ့အေးဂျင်ဖြစ်သူ Jorge Mendesက မော်ရင်ဟိုအနေနဲ့ အသင်းကထွက်ခွာဖို့အစီအစဉ်မရှိကြောင်း အတိအလင်းကြေငြာခဲ့ပါတယ်။''မော်ရင်ဟိုတစ်ယောက် ဒီကလပ်မှာပျော်ရွင်နေသလို အသင်းကလည်း သူနဲ့အတူလက်တွဲရတာကို ကျေနပ်လျက်ရှိပါတယ်။ယူနိုက်တက်နဲ့နှစ်ရှည်စာချုပ် ချုပ်ထားသလို အနာဂတ်အတွက် အသင်းကိုတည်ဆောက်ဖို့အာမခံချက်ရထားပါတယ်''လို့မော်ရင်ဟိုရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး သူ့အေးဂျင့်ကရှင်းလင်းသွားခဲ့ပါတယ်။
Post a Comment