Header Ads


ေဒါက္ကလပ္ေကာ္စတာကိုေျပာင္းေရႊ ့ေၾကးအေျမာက္အျမားနဲ ့ကမ္းလွမ္းလိုက္ၿပီျဖစ္တဲ့ယူနိုက္တက္





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

နာမည္ၾကီးမန္ခ်က္စတာယူနိုက္တက္အသင္းဟာ လာမယ့္နွစ္သစ္ကူးမွာေတာ့နာမည္ၾကီးကစားသမားတစ္ေယာက္ကိုေခၚယူသြားဖို ့ရိွေနပါတယ္။သရဲနီတုိ ့ဟာ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမားေဒါက္ကလပ္စ္ေကာ္စတာကို လာမယ့္ဇန္န၀ါရီအေျပာင္းအရႊ ့တံခါးမဖြင့္ခင္ၾကိဳတင္ေခၚယူထားဖို ့ရိွေနပါတယ္။ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဂ်ိဳ ့စ္ေမာ္ရင္ဟိုဟာ ယူနို္က္တက္အတြက္ကစားသမားသစ္၃ဦးေခၚယူေပးခဲ့ပါတယ္။ဂိုးသမား လီဂရန္ ့၊ေနာက္ခံလူ ဒယ္ေလာ့နဲ ့ကြင္းလယ္လူဖရဒ္တို ့ကို အိုထရက္ဖို ့ဒ္ေခၚေဆာင္ခဲ့ပါတယ္။ဒါပင္မယ့္လည္းနည္းျပေဟာင္းေမာ္ရင္ဟိုဟာ ဒီထက္မက ကစားသမားသစ္ေတြလိုခ်င္ခဲ့ပါေသးတယ္။

အမွန္တကယ္ေတာ့ဒီကစားသမား ၃ေယာက္စလံုးဟာ ရာသီကုန္က ထြက္ခြာခဲ့ၾကတဲ့ကစားသမားေတြေနရာအစားထိုးျခင္းသက္သက္သာျဖစ္ေနပါတယ္။ဂၽြန္စတုန္းေနရာ လီဂရန္ ့အစားထိုးခဲ့တာ၊ဒယ္ေလဘလိုင္းေနရာ ဒယ္ေလာ့အစားထိုးခဲ့တာေတြနဲ ့မိုက္ကယ္ကာရစ္ေနရာ ဖရဒ္ကိုအစားထိုးခဲ့တာေတြပဲျဖစ္ပါတယ္။

ေမာ္ရင္ဟိုလက္ထက္ ယူနိုက္တက္ကစားသမားေတြဟာ ပံုမွန္စြမ္းေဆာင္ရည္ေတြေပ်ာက္ဆံုးေနခဲ့ၿပီး အထူးသျဖင့္ အသင္းရဲ ့ဗဟိုေနာက္ခံလူအတြဲေတြဟာအေတာ္ေလးအားနည္းေနခဲ့တာကိုေတြ ့ရပါတယ္။ဂ်ိဳ  ့စ္ေမာ္ရင္ဟိုတစ္ေယာက္ ကိုင္တြယ္ခဲ့တဲ့ ၂နွစ္တာကာလအတြင္းကစားသမားအသစ္ေခၚယူဖို ့အတြက္ေငြေတြအေျမာက္အျမားသံုးစြဲခဲ့တာသံသယျဖစ္စရာမရိွေသာ္လည္း ေမာ္ရင္ဟိုဟာ ေနာက္တန္းကိုအားျဖည့္ဖို ့ကလပ္ဘုတ္အဖြဲ ့ကိုတက်ီက်ီေတာင္းဆိုေနခဲ့ပါတယ္။

ဒါပင္မယ့္လည္းေမာ္ရင္ဟိုထြက္ခြာသြားတဲ့ေနာက္ပိုင္းမွာေတာ့ ယူနို္က္တက္ဟာ အသင္းရဲ ့ေတာင္ပံတိုက္စစ္ေတြကို အသက္ျပန္သြင္းဖို ့ရိွေနပါတယ္။ Rai Sports ရဲ ့အဆိုအရေတာ့ ယူနိုက္တက္ဟာ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမား ေဒါက္ကလပ္စ္ေကာ္စတာကို ယူရိုသန္း၆၀ျဖင့္ကမ္းလွမ္းခဲ့ေသာ္လည္း ဂ်ဴဗင္တပ္စ္က ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

သရဲနီတို ့ရဲ ့ညာေတာင္ပံတိုက္စစ္မွာ ေနရာပံုမွန္နဲ ့အသားက်ေနတဲ့ကစားသမားမေပၚထြက္ေသးပါဘူး။ဟြမ္မာတာ၊လင္ဂတ္နဲ ့ရပ္ဖို ့ဒ္စတဲ့ကစားသမားေတြဟာ အသင္းရဲ ့ညာေတာင္ပံမွာ လိုအပ္ရင္လိုအပ္သလို ကစားေပးေနရတာပဲျဖစ္ၿပီး အဆိုပါကစားသမား ၃ဦးစလံုး တိုက္စစ္အလယ္ေနရာမွာသာ သက္ေသာင့္သက္သာကစားနိုင္တဲ့သူေတြျဖစ္ပါတယ္။

ယူနိုက္တက္ဟာညာေတာင္ပံတိုက္စစ္ကို ပံုေဖာ္ဖို ့ဒီဇန္န၀ါရီကာလမွာ လူသစ္ေခၚယူမွာျဖစ္သလို ေနာက္ခံလူသစ္တစ္ေယာက္ကို လည္းေခၚယူသြားဖို ့ရိွေနျပန္ပါတယ္။ေဒါက္ကလပ္စ္ေကာ္စတာဟာ ဒီရာသီစီးရီးေအမွာ ၃ပြဲသာ ပြဲထြက္ကစားခြင့္ရထားတာပဲျဖစ္ပါတယ္။


ေမာ္ရင္ဟိုတစ္ေယာက္အသင္းမွာ မရိွေတာ့တဲ့အတြက္ယူနိုက္တက္တို ့အေျပာင္းအေရႊ ့ရာသီဖြင့္တဲ့အခ်ိန္မွာ အရင္လိုေျခရႈပ္နိုင္ပါ့မလားစိတ္၀င္စားစရာေကာင္းေနပါတယ္။သူတို ့အသင္းဟာလက္ရိွအေနနဲ ့ယာယီနည္းျပအျဖစ္ဆိုလ္ရွားကိုသာခန္ ့အပ္ထားနိုင္ၿပီး ေဘာလံုးဒါရိုက္တာတစ္ေယာက္ကို လည္းေခၚယူဖို ့ခ်ိန္ရြယ္ေနပါတယ္။ဒါ့ေၾကာင့္ယခုေဆာင္းရာသီအေျပာင္းအေရႊ ့မွာ ဒါရိုက္တာတစ္ေယာက္မခန္ ့အပ္နိုင္ေသးတဲ့ကာလအတြင္း CEO အက္ဒ္၀ုဒ္က ပဲကစားသမားအေျပာင္းအေရႊ ့ကို ဆက္လက္ကိုင္တြယ္သြားဖို ့ရိွေနျပန္ပါတယ္။

(Unicode)

ဒေါက်ကလပ်ကော်စတာကိုပြောင်းရွှေ့ကြေးအမြောက်အမြားနဲ့ကမ်းလှမ်းလိုက်ပြီဖြစ်တဲ့ယူနိုက်တက်

နာမည်ကြီးမန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ်သစ်ကူးမှာတော့နာမည်ကြီးကစားသမားတစ်ယောက်ကိုခေါ်ယူသွားဖို့ရှိနေပါတယ်။သရဲနီတို့ဟာ ဂျူဗင်တပ်စ်တောင်ပံကစားသမားဒေါက်ကလပ်စ်ကော်စတာကို လာမယ့်ဇန်နဝါရီအပြောင်းအရွှ့တံခါးမဖွင့်ခင်ကြိုတင်ခေါ်ယူထားဖို့ရှိနေပါတယ်။ပြီးခဲ့တဲ့နွေရာသီတုန်းက ဂျို့စ်မော်ရင်ဟိုဟာ ယူနိုက်တက်အတွက်ကစားသမားသစ်၃ဦးခေါ်ယူပေးခဲ့ပါတယ်။ဂိုးသမား လီဂရန့်၊နောက်ခံလူ ဒယ်လော့နဲ့ကွင်းလယ်လူဖရဒ်တို့ကို အိုထရက်ဖို့ဒ်ခေါ်ဆောင်ခဲ့ပါတယ်။ဒါပင်မယ့်လည်းနည်းပြဟောင်းမော်ရင်ဟိုဟာ ဒီထက်မက ကစားသမားသစ်တွေလိုချင်ခဲ့ပါသေးတယ်။

အမှန်တကယ်တော့ဒီကစားသမား ၃ယောက်စလုံးဟာ ရာသီကုန်က ထွက်ခွာခဲ့ကြတဲ့ကစားသမားတွေနေရာအစားထိုးခြင်းသက်သက်သာဖြစ်နေပါတယ်။ဂျွန်စတုန်းနေရာ လီဂရန့်အစားထိုးခဲ့တာ၊ဒယ်လေဘလိုင်းနေရာ ဒယ်လော့အစားထိုးခဲ့တာတွေနဲ့မိုက်ကယ်ကာရစ်နေရာ ဖရဒ်ကိုအစားထိုးခဲ့တာတွေပဲဖြစ်ပါတယ်။

မော်ရင်ဟိုလက်ထက် ယူနိုက်တက်ကစားသမားတွေဟာ ပုံမှန်စွမ်းဆောင်ရည်တွေပျောက်ဆုံးနေခဲ့ပြီး အထူးသဖြင့် အသင်းရဲ့ဗဟိုနောက်ခံလူအတွဲတွေဟာအတော်လေးအားနည်းနေခဲ့တာကိုတွေ့ရပါတယ်။ဂျို့စ်မော်ရင်ဟိုတစ်ယောက် ကိုင်တွယ်ခဲ့တဲ့ ၂နှစ်တာကာလအတွင်းကစားသမားအသစ်ခေါ်ယူဖို့အတွက်ငွေတွေအမြောက်အမြားသုံးစွဲခဲ့တာသံသယဖြစ်စရာမရှိသော်လည်း မော်ရင်ဟိုဟာ နောက်တန်းကိုအားဖြည့်ဖို့ကလပ်ဘုတ်အဖွဲ့ကိုတကျီကျီတောင်းဆိုနေခဲ့ပါတယ်။

ဒါပင်မယ့်လည်းမော်ရင်ဟိုထွက်ခွာသွားတဲ့နောက်ပိုင်းမှာတော့ ယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံတိုက်စစ်တွေကို အသက်ပြန်သွင်းဖို့ရှိနေပါတယ်။ Rai Sports ရဲ့အဆိုအရတော့ ယူနိုက်တက်ဟာ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဒေါက်ကလပ်စ်ကော်စတာကို ယူရိုသန်း၆၀ဖြင့်ကမ်းလှမ်းခဲ့သော်လည်း ဂျူဗင်တပ်စ်က ပယ်ချခဲ့ကြောင်းသိရပါတယ်။

သရဲနီတို့ရဲ့ညာတောင်ပံတိုက်စစ်မှာ နေရာပုံမှန်နဲ့အသားကျနေတဲ့ကစားသမားမပေါ်ထွက်သေးပါဘူး။ဟွမ်မာတာ၊လင်ဂတ်နဲ့ရပ်ဖို့ဒ်စတဲ့ကစားသမားတွေဟာ အသင်းရဲ့ညာတောင်ပံမှာ လိုအပ်ရင်လိုအပ်သလို ကစားပေးနေရတာပဲဖြစ်ပြီး အဆိုပါကစားသမား ၃ဦးစလုံး တိုက်စစ်အလယ်နေရာမှာသာ သက်သောင့်သက်သာကစားနိုင်တဲ့သူတွေဖြစ်ပါတယ်။

ယူနိုက်တက်ဟာညာတောင်ပံတိုက်စစ်ကို ပုံဖော်ဖို့ဒီဇန်နဝါရီကာလမှာ လူသစ်ခေါ်ယူမှာဖြစ်သလို နောက်ခံလူသစ်တစ်ယောက်ကို လည်းခေါ်ယူသွားဖို့ရှိနေပြန်ပါတယ်။ဒေါက်ကလပ်စ်ကော်စတာဟာ ဒီရာသီစီးရီးအေမှာ ၃ပွဲသာ ပွဲထွက်ကစားခွင့်ရထားတာပဲဖြစ်ပါတယ်။

မော်ရင်ဟိုတစ်ယောက်အသင်းမှာ မရှိတော့တဲ့အတွက်ယူနိုက်တက်တို့အပြောင်းအရွှေ့ရာသီဖွင့်တဲ့အချိန်မှာ အရင်လိုခြေရှုပ်နိုင်ပါ့မလားစိတ်ဝင်စားစရာကောင်းနေပါတယ်။သူတို့အသင်းဟာလက်ရှိအနေနဲ့ယာယီနည်းပြအဖြစ်ဆိုလ်ရှားကိုသာခန့်အပ်ထားနိုင်ပြီး ဘောလုံးဒါရိုက်တာတစ်ယောက်ကို လည်းခေါ်ယူဖို့ချိန်ရွယ်နေပါတယ်။ဒါ့ကြောင့်ယခုဆောင်းရာသီအပြောင်းအရွှေ့မှာ ဒါရိုက်တာတစ်ယောက်မခန့်အပ်နိုင်သေးတဲ့ကာလအတွင်း CEO အက်ဒ်ဝုဒ်က ပဲကစားသမားအပြောင်းအရွှေ့ကို ဆက်လက်ကိုင်တွယ်သွားဖို့ရှိနေပြန်ပါတယ်။

No comments

Powered by Blogger.