Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လူလိမ်တစ်ယောက်လို့ပရိတ်သတ်တွေရဲ့နာမည်တပ်ခြင်းခံနေရတဲ့ဆာလာ
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းကို ၄-၀ ဖြင့်အနိုင်ရတဲ့ပွဲမှာတော့ တကယ်ဆိုမပေးလည်းဖြစ်တဲ့ပယ်နယ်တီပြစ်ဒဏ်ဘောကိုရရှိခဲ့ပါတယ်။ပြောစရာမလိုလောက်အောင်ပင် နယူးကာဆယ်ပရိတ်သတ်များဟာအတော်လေးဒေါသအမျက်ထွက်နေကြပါတယ်။
ဒုတိယပိုင်းရောက်မှာတော့ မိုဟာမက်ဆာလာဟာ တောင်ပံကနေ ဂိုးဧရိယာထဲဆွဲဝင်ပြေးလာခဲ့ပြီးနောက် သူဟာ ပေါလ်ဒမ်မတ်နဲ့နဲနဲလေးထိခဲ့မိပြီးဆာလာတစ်ယောက်ဖြစ်ပျက်သွားတဲ့ပုံကလည်း အတော်လေးရုပ်ပေါက်ခဲ့သလို ချော်လဲခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းကွင်းလယ်ဒိုင်ဂရေဟမ်က တော့ ပယ်နယ်တီပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။
ပရိတ်သတ်တွေကတော့ ဒါဟာပယ်နယ်တီလုံးဝမဟုတ်ကြောင်းဆိုနေကြပြီး ဆာလာကို ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့လူမှုကွန်ယက်တွေပေါ်မှာစွပ်စွဲဝေဖန်နေကြတာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.