Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။








(Unicode)

ရိုနယ်ဒိုရဲ့ Home Alone ရုပ်ရှင်ထဲကအတိုင်းသရုပ်ဆောင်ချက်တွေကCR7ဖန်တွေကိုအကြိုက်တွေ့စေမှာပါ။


Home Alone လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ခရစ်စမတ်ကာလရုပ်ရှင်ဇာတ်ကားတွေထဲကလေးရော၊လူကြီးပါကြိုက်ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်လို့နေပါတယ်။အဆိုပါ ၁၉၉၀ ရုပ်ရှင်ဇာတ်ကားကို ဘော်လွန်ဒီအော်၅ကြိမ်ဆုရ ကစားသမားရိုနယ်ဒိုက အချို့သောဇာတ်ဝင်ခန်းတွေကိုပြန်လည်ရိုက်ကူးခဲ့ပါတယ်။

ရိုနယ်ဒိုရဲ့အမေ Dona Dolores ပါပါဝင်သရုပ်ဆောင်ခဲ့ပြီး ရိုနယ်ဒိုကတော့ ဇာတ်ဆောင်မင်းသားလေး(အခုတော့မင်းသားကြီး) Kevin McAllister နေရာမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။အဆိုပါအပိုင်းတိုလေးမှာတော့ မျက်နှာကို မုတ်ဆိတ်မွှေးရိုက်တဲ့အခန်းတွေ၊မယ်ရီခရစ်စမတ်သီချင်းဆိုတဲ့အခန်းတွေရယ်နှင့် ပီဇာမုန့်လာပို့တဲ့ကောင်လေးကိုခြောက်လွှတ်တဲ့အခန်းတွေကိုပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ရိုနယ်ဒိုရဲ့ သရုပ်ဆောင်ချက်တွေက မူရင်းသရုပ်ဆောင်ထက်ပိုကောင်းတယ်ထင်လား?

Home Alone ရဲ့ဇာတ်ဝင်ခန်းတစ်ချို့ကိုဘောလုံးသမားတွေထဲရိုနယ်ဒိုတစ်ယောက်သာလ ျှင်သရုပ်ဆောင်ထားတာမဟုတ်ပါဘူး။ဒီနှစ်ထဲမှာတင်မန်စီးတီးစတား ဒီဘရိုင်းဟာလည်း  Home Alone ထဲကဇာတ်ကောင်အတိုင်းသရုပ်ဆောင်ခဲ့ပါသေးတယ်။

ကဲဒီဘရိုင်းနဲ့ရိုနယ်ဒို ဘယ်သူသရုပ်ဆောင်တာပိုကောင်းသလဲ?



No comments

Powered by Blogger.