ရီးရဲလ္မွာကစားမယ္ဆိုဘာေပးတစ္ေယာက္ရိုနယ္ဒိုထက္ေဘာ္လြန္ဒီေအာ္ဆုေတြအမ်ားၾကီးရနိုင္ပါတယ္။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မိုနာကိုအသင္းရဲ႕နည္းစနစ္ဒါ႐ိုက္တာေဟာင္း Luis Camposက ျပင္သစ္လူငယ္ေျခတက္ကစားသမားအမ္ဘာေပးဟာ ရီးရဲလ္အသင္းမွာတစ္ေန႔ကစားလိမ့္မည္ဟုဆိုလိုက္ၿပီးBallon D'orဆုကို ႐ိုနယ္လ္ဒိုထက္ပိုၿပီးဆြတ္ခူးႏိုင္လိမ့္မယ္လို႔ ဆိုလိုက္ပါတယ္။အဆုိပါနည္းစနစ္ဒါ႐ိုက္တာဟာ အမ္ဘာေပးကို ေစာင့္ၾကည့္ခဲ့ၿပီး ပိုမိုထြန္းလင္းေတာက္ပလာေအာင္ လုပ္ေဆာင္ရန္မိုနာကိုအသင္းဆီကို႐ွာေဖြေခၚယူေပးခဲ့သူလည္းျဖစ္ပါတယ္။သူက အမ္ဘက္ေပးဟာလက္႐ွိPSGအသင္းႏွင့္ ႏိုင္ငံလက္ေရြးစင္အသင္းအတြက္အေကာင္းဆံုးကစားေပးေနၿပီး တစ္ခ်ိန္စပိန္ဘီလူးႀကီး ရီးရဲလ္မက္ဒရစ္ အသင္းကိုေျပာင္းေရြလိမ့္မယ္လို႔ယံုၾကည္ေနပါတယ္။
"အမ္ဘာေပးက လက္႐ွိေဘာလံုးေလာကမွာ ျပင္သစ္ဝိုင္ကိုကိုယ္စားျပဳေနပါတယ္။ကြၽန္ေတာ္တို႔သူကိုၾကည့္ရတာသေဘာက်မိတယ္။ဘာလို႔လဲဆိုေတာ့သူကအရည္အခ်င္းအျပည့္႐ွိတဲ့ထိပ္တန္းကစားသမားတစ္ဦးမို႔လို႔ပါ။ကြၽန္ေတာ္သူ ့ကိုရီးရဲလ္မက္ဒရစ္အသင္းဂ်ာစီနဲ႔ကစားေနတာျမင္ခ်င္တယ္။ဘာလို႔လဲဆိုေတာ့အဲဒိီကလပ္မွာပဲ သူ႔အရည္အခ်င္းကိုတိုင္းတာႏိုင္မွာေလ တကယ္ထိပ္တန္းကစားသမားေတြအားလံုးက အဲဒီကိုပဲသြားခ်င္ေနၾကတာလို႔ "သူက တယ္လီဖုဒ္ သတင္းစာ ကိုေျပာၾကားခဲ့ပါတယ္။
"ယေန႔ေခတ္မွာ သူကေနမာထက္ပိုၿပီးတိက်ျပတ္သားတယ္။ၿပီးေတာ့သူအသက္အရြယ္ကလည္းစဥ္းစားစရာအသက္အရြယ္ပါ။သူ႐ိုနယ္လ္ဒိုထပ္ပိုၿပီးေကာင္းလာလိမ့္မွာပါ။သူ႐ိုနယ္လ္ဒိုထပ္ပိုၿပီးBallon D'orဆုေတြကို ပိုရမယ္ဆိုတာကြၽန္ေတာ္သိတယ္"
အမ္ဘာေပးဟာလက္႐ွိ ျပင္သစ္ေဘာလံုးဆုေပးပြဲမွာ Kopa ဆုကိုေလာေလာလတ္လတ္ရ႐ွိထားသူလည္းျဖစ္ပါတယ္။သူဟာျပင္သစ္အသင္းႏွင့္အတူ ေႏြရာသီတုန္းကက်င္းပခဲ့တဲ့ ကမၻာဖလားၿပိဳင္ပြဲမွာခ်န္ပီယံျဖစ္ေအာင္အမ်ားႀကီးႀကိဳးစားကစားေပးထားခဲ့ပါတယ္။
မိုနာကိုအသင္းကစားသမားေဟာင္းအမ္ဘာေပးဟာ PSGအသင္းႏွင့္အတူအငွားလာကစားရင္း ဖလား၃လံုးအရယူႏိုင္ခဲ့ၿပီး ယခုႏွစ္ေႏြရာသီမွာအသင္းကိုအၿပီးေျပာင္းေရြ႔လာခဲ့သူလည္းျဖစ္ပါတယ္။အမ္ဘက္ေပးဟာ ရီးရဲလ္မက္ဒရစ္အသင္းကို စပယ္႐ွယ္ဝမ္း ေမာ္ရင္ဟိုနည္းျပျဖစ္လာတဲ့အခါ လာလီဂါဖက္ကို ျပင္သစ္လီဂူး ၁မွ ေျပာင္းေရြ႔လာေကာင္းေျပာင္းေရြ႔ႏိုင္ပါတယ္။သူကိုယ္တိုင္ေမာ္ရင္ဟိုလက္ေအာက္မွာကစားခ်င္ေနသူတစိဥိးလည္းျဖစ္ပါတယ္
ယူႏိုက္တက္အသင္းဟာ နည္းျပေမာ္ရင္ဟိုကိုရာသီအစအသင္းရလဒ္ေတြဆိုးရြားလာေနတာေၾကာင့္ရာထူးမွထုတ္ပယ္ခဲ့ပါတယ္။ေမာ္ရင္ဟိုကိုရီးရဲလ္အသင္းကျပန္လည္ခ်ိတ္ဆက္ေနတယ္လို႔သတင္းမ်ားလည္းထြက္ေပၚေနပါတယ္။
Camposဟာ ေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာကစားသမားစံုေထာက္အျဖစ္လုပ္ကိုင္ခဲ့ဖူးၿပီး ယူႏိုက္တက္အသင္းမွာျဖစ္ပ်က္ဆိုးရြားခဲ့တဲ့ရလဒ္ေတြႏွင့္ပတ္သက္ၿပီးသူ ့အေနႏွင့္အရမ္းကိုအံျသမိတယ္လို႔ဆိုပါတယ္။
"သူအဂၤလန္ေျမမွာႀကီးမားတဲ့အလုပ္ႀကီးလုပ္ဖို႔လိုလားခဲ့ပါတယ္။ကြၽန္ေတာ္သူ ့ကိုရီးရဲလ္မက္ဒရစ္အသင္းမွာ နည္းျပအေနႏွင့္ျပန္လာမယ္လို႔ျမင္ပါတယ္။သူျပန္လာႏိုင္ေလာက္မွာပါ။ဘာလို႔လဲဆိုေတာ့သူကနည္းျပေကာင္းတစ္ေယာက္ပါ။"
(Unicode)
ရီးရဲလ်မှာကစားမယ်ဆိုဘာပေးတစ်ယောက်ရိုနယ်ဒိုထက်ဘော်လွန်ဒီအော်ဆုတွေအများကြီးရနိုင်ပါတယ်။
မိုနာကိုအသင်းရဲ့နည်းစနစ်ဒါရိုက်တာဟောင်း Luis Camposက ပြင်သစ်လူငယ်ခြေတက်ကစားသမားအမ်ဘာပေးဟာ ရီးရဲလ်အသင်းမှာတစ်နေ့ကစားလိမ့်မည်ဟုဆိုလိုက်ပြီး
Ballon D'orဆုကို ရိုနယ်လ်ဒိုထက်ပိုပြီးဆွတ်ခူးနိုင်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။အဆိုပါနည်းစနစ်ဒါရိုက်တာဟာ အမ်ဘာပေးကို စောင့်ကြည့်ခဲ့ပြီး ပိုမိုထွန်းလင်းတောက်ပလာအောင် လုပ်ဆောင်ရန်မိုနာကိုအသင်းဆီကိုရှာဖွေခေါ်ယူပေးခဲ့သူလည်းဖြစ်ပါတယ်။သူက အမ်ဘက်ပေးဟာလက်ရှိPSGအသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းအတွက်အကောင်းဆုံးကစားပေးနေပြီး တစ်ချိန်စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ် အသင်းကိုပြောင်းရွေလိမ့်မယ်လို့ယုံကြည်နေပါတယ်။
"အမ်ဘာပေးက လက်ရှိဘောလုံးလောကမှာ ပြင်သစ်ဝိုင်ကိုကိုယ်စားပြုနေပါတယ်။ကျွန်တော်တို့သူကိုကြည့်ရတာသဘောကျမိတယ်။ဘာလို့လဲဆိုတော့သူကအရည်အချင်းအပြည့်ရှိတဲ့ထိပ်တန်းကစားသမားတစ်ဦးမို့လို့ပါ။ကျွန်တော်သူ့ကိုရီးရဲလ်မက်ဒရစ်အသင်းဂျာစီနဲ့ကစားနေတာမြင်ချင်တယ်။ဘာလို့လဲဆိုတော့အဲဒီကလပ်မှာပဲ သူ့အရည်အချင်းကိုတိုင်းတာနိုင်မှာလေ တကယ်ထိပ်တန်းကစားသမားတွေအားလုံးက အဲဒီကိုပဲသွားချင်နေကြတာလို့ "သူက တယ်လီဖုဒ် သတင်းစာ ကိုပြောကြားခဲ့ပါတယ်။
"ယနေ့ခေတ်မှာ သူကနေမာထက်ပိုပြီးတိကျပြတ်သားတယ်။ပြီးတော့သူအသက်အရွယ်ကလည်းစဉ်းစားစရာအသက်အရွယ်ပါ။သူရိုနယ်လ်ဒိုထပ်ပိုပြီးကောင်းလာလိမ့်မှာပါ။သူရိုနယ်လ်ဒိုထပ်ပိုပြီးBallon D'orဆုတွေကို ပိုရမယ်ဆိုတာကျွန်တော်သိတယ်"
အမ်ဘာပေးဟာလက်ရှိ ပြင်သစ်ဘောလုံးဆုပေးပွဲမှာ Kopa ဆုကိုလောလောလတ်လတ်ရရှိထားသူလည်းဖြစ်ပါတယ်။သူဟာပြင်သစ်အသင်းနှင့်အတူ နွေရာသီတုန်းကကျင်းပခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်အောင်အများကြီးကြိုးစားကစားပေးထားခဲ့ပါတယ်။
မိုနာကိုအသင်းကစားသမားဟောင်းအမ်ဘာပေးဟာ PSGအသင်းနှင့်အတူအငှားလာကစားရင်း ဖလား၃လုံးအရယူနိုင်ခဲ့ပြီး ယခုနှစ်နွေရာသီမှာအသင်းကိုအပြီးပြောင်းရွေ့လာခဲ့သူလည်းဖြစ်ပါတယ်။အမ်ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်အသင်းကို စပယ်ရှယ်ဝမ်း မော်ရင်ဟိုနည်းပြဖြစ်လာတဲ့အခါ လာလီဂါဖက်ကို ပြင်သစ်လီဂူး ၁မှ ပြောင်းရွေ့လာကောင်းပြောင်းရွေ့နိုင်ပါတယ်။သူကိုယ်တိုင်မော်ရင်ဟိုလက်အောက်မှာကစားချင်နေသူတစိဥိးလည်းဖြစ်ပါတယ်
ယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုကိုရာသီအစအသင်းရလဒ်တွေဆိုးရွားလာနေတာကြောင့်ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။မော်ရင်ဟိုကိုရီးရဲလ်အသင်းကပြန်လည်ချိတ်ဆက်နေတယ်လို့သတင်းများလည်းထွက်ပေါ်နေပါတယ်။
Camposဟာ မော်ရင်ဟိုရဲ့လက်အောက်မှာကစားသမားစုံထောက်အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး ယူနိုက်တက်အသင်းမှာဖြစ်ပျက်ဆိုးရွားခဲ့တဲ့ရလဒ်တွေနှင့်ပတ်သက်ပြီးသူ့အနေနှင့်အရမ်းကိုအံသြမိတယ်လို့ဆိုပါတယ်။
"သူအင်္ဂလန်မြေမှာကြီးမားတဲ့အလုပ်ကြီးလုပ်ဖို့လိုလားခဲ့ပါတယ်။ကျွန်တော်သူ့ကိုရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြအနေနှင့်ပြန်လာမယ်လို့မြင်ပါတယ်။သူပြန်လာနိုင်လောက်မှာပါ။ဘာလို့လဲဆိုတော့သူကနည်းပြကောင်းတစ်ယောက်ပါ။"
Post a Comment