အနီေရာင္ေကာင္းကင္ရဲ႕ Climate changeမ်ားနဲ႕ အတူအိုထရက္ဖို ့ဒ္အနာဂတ္အလားအလာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒီေဆာင္းပါးကို ေမာ္ရင္ဟိုေျပာခဲ့တဲ့စကားေလးနဲ႕ပဲ စတင္လိုက္ခ်င္ပါတယ္။''က်ေနာ္ထြက္ခြာသြားခဲ့ရင္ နည္းျပထိုင္ခံုေနရာဆက္ခံသူဟာ လူကာကူ , ေပါ့ဘာ,မာတစ္ တို႔လိုမ်ိဳး အရည္ေသြးျမင့္ကစားသမားေတြနဲ႕ အလုပ္တြဲလုပ္ရမွာပါ''တဲ့။ဒါေပမယ့္သူထြက္ခြာသြားခ်ိန္မွာေတာ့ ဒီကစားသမားေတြရဲ႕ေျခစြမ္းက ၁၀မွတ္မွာ ၅မွတ္ေပးလို႔ရမယ့္ ပံုစံမ်ိဳးေတာင္ရွိမေနပါဘူး။ေျပာ႐ရင္ေမာ္ရင္ဟို ေျမွာက္စားခဲ့တဲ့ကစားသမားေတြဟာ သူ႔အတြက္တိုက္ပြဲဝင္လိုစိတ္အျပည့္အဝရွိမေနခဲ့ပါဘူး။ထုတ္ပယ္ခံရခ်ိန္မွာေတာင္ဘယ္သူမွ ဝမ္းနည္းေျကာင္း နႈတ္ဆက္စကားမေျပာခဲ့တာျကည့္ရင္ အသင္းသားေတြနဲ႕ သူ႔ျကားမွာ အက္ေျကာင္းျကီးျကီးမားမား ရွိခဲ့တာအေသအခ်ာပါပဲ။
အခုေတာ့ သူဘာေတြမွားခဲ့လည္းနဲ႕ ဆိုးရွားလ္နဲ႕ ေရွ႕ဆက္ရမယ့္ အနာဂတ္အေျကာင္းကိုပဲေျပာရမယ့္အခ်ိန္ေရာက္လာပါျပီ။ေမာ္ရင္ဟိုရဲ႕ ပထမဆံုးမဟာအမွားအေျကာင္းေျပာခ်င္ပါတယ္။ ယူနိုက္တက္ကိုေရာက္ျပီ ဆိုထဲက တစ္ခါမွ ပံုေသပြဲထြက္လူစာရင္းကို ခ်မျပနိုင္ခဲ့ဘူး။ ဟိုလူနဲ႔တြဲ ဒီလူနဲ႕တြဲ, ဟိုေနရာထားလိုက္ ဒီေနရာထားလိုက္နဲ႔ ကေလးေတြအရုပ္ဆက္သလိုမ်ိဳး စမ္းသပ္ခန္းဝင္ေနခဲ့ပါတယ္။ဒါေျကာင့္ ကစားသမားေတြရဲ႕ အားသန္ရာroleေပ်ာက္သြားျပီး အက်ိဳးဆက္အေနနဲ႕ အသင္းလိုက္တည္ျငိမ္မႈ မရွိေတာ့ပဲ ရလဒ္ေတြကလည္း မိုးပ်ံရထားစီးသလိုမ်ိဳး ျဖစ္ကုန္ပါတယ္။ေနာက္တစ္ခုကေတာ့ အသင္းသားေတြကို လူေရွ႕သူေရွ႕မွာေဝဖန္ခဲ့ ျခင္းပါ။ေဘာလံုးေလာကမွာ နည္းျပဆိုတာ ကစားသမားေတြအတြက္ ေသြးမေတာ္သားမစပ္တဲ့ ဖခင္တစ္ေယာက္ပါပဲ။အထူးသျဖင့္လူငယ္ကစားသမားေတြအတြက္ေပါ့။ ေမာ္ရင္ဟိုကေတာ့ ရံႈူးျပီဆိုတာနဲ႔ သူ႔ကိုယ္သူကာကြယ္ဖို႔ လုေရွာ့, မာရွယ္ ,ေပါ့ဘာတို႔ကို တန္းစီေဝဖန္ပစ္တယ္။ဒါေျကာင့္ ကစားသမားေတြဟာ နည္းျပကိုေရာ သူတို႕ကိုယ္တိုင္ပါ ယံုျကည္မႈေပ်ာက္ဆံုးသြားျပီး တိုက္ရည္ခိုက္ရည္ ကင္းမဲ့ကုန္ပါတယ္။
ေနာက္ဆံုးေတာ့ ေမာ္ရင္ဟိုအတြက္ ကိုယ့္လည္ပင္းကိုယ္ က်ိဳးကြင္းစြပ္သလိုျဖစ္သြားခဲ့ပါတယ္။ေမာ္ရင္ဟိုကန္ထုတ္ခံရတဲ့ ေနာက္ဆံုးတစ္ခ်က္ကေတာ့ ကစားသမားေခၚယူရာမွာ စီမံမႈအလြဲေတြလုပ္ခဲ့ျခင္းပါပဲ။ပထမရာသီကဝယ္ခဲ့တဲ့ ဘိုင္လီ ,မစ္ခီတာယန္ တို႔ ေနာက္ရာသီအရန္ခံုေရာက္ကုန္တယ္။ ဒုတိယရာသီမွာေခၚတဲ့ လင္ဒီေလာ့ ,ဆန္းခ်က္တို႔ဆိုရင္ ပံုမွန္ပြဲထြက္ခြင့္အတြက္ေတာင္ရုန္းကန္ခဲ့ရတယ္။ ေနာက္ဆံုး ေခၚခဲ့တဲ့ ဖရဒ္ ဆိုလည္း အရန္ခံုမွာအခ်ိန္ကုန္ခဲ့ရတာပဲ။ဒါေျကာင့္ ဘုတ္အဖြဲ႕က အက်ိဳးမရွိတဲ့ ေခၚယူမႈေတြနဲ႕ ေငြျဖန္းေနတယ္လို႔ယူဆခဲ့ပံုပါပဲ။ေႏြရာသီက ေနာက္ခံလူဝယ္ယူဖို႔ ေမာ္ရင္ဟိုေတာင္းဆိုခဲ့ေပမယ့္ အက္ဝုဒ္ဘက္က မတုန္မလႈပ္ရွိေနခဲ့တာ ဒီအေျကာင္းတရားေတြေျကာင့္လည္းျဖစ္နိုင္ပါတယ္။ဘာပဲျဖစ္ျဖစ္ ေမာ္ရင္ဟိုနဲ႕ ယူနိုက္တက္ျကားဇာတ္လမ္းတစ္ခန္းရပ္ခဲ့ျခင္းနဲ႔အတူ သရဲနီတို႕ရဲ႕တိုင္းျပည္မွာ special oneရဲ႕သိကၡာအခ်ိဳ႕ ေလလြင့္ပြျကဲခဲ့ရပါျပီ။
အခုေတာ့ မန္ခ်က္စတာယူနိုက္တက္ရဲ႕ ဖိအားေတြဟာပရီးမီးယားလိဂ္သမိုင္းရဲ႕ လူစားဝင္သြင္းဂိုးအမ်ားဆံုးကစားသမား အိုေလဂန္းနားဆိုးရွားလ္အေပၚ က်ေရာက္လာပါျပီ။
ဆိုးရွားလ္ကေတာ့ သူ႔အိမ္မွာဘာေတြျဖစ္ေနလဲအနီးကပ္ျပန္ျကည့္ရေတာ့မွာမလို႕ စိတ္လႈပ္ရွားေနတယ္လို႔ေျပာခဲ့ပါတယ္။ဒါေပမယ့္ ဆိုးရွားလ္းေျပာတဲ့အိမ္က သူတို႔ေခတ္ကလို ေနခ်င္စဖြယ္မဟုတ္ေတာ့ပါဘူး။သူ႔ရဲ႕တာဝန္က မုန္တိုင္းထန္ထားတဲ့ ဒီအိမ္ျကီးကို သာသာယာယာျပန္ျဖစ္ေအာင္လုပ္ဖို႔ပါပဲ။ဒီအတြက္ဘာေတြလိုအပ္လဲ စူးစမ္းျကည့္လိုက္ေတာ့....။
ယူနိုက္တက္မွာ လက္ရွိေျခစြမ္းက်ဆင္းေနေပမယ့္ ေနရာတစ္ခုမွာ သက္ေသျပျပီးသားသူေတြ အမ်ားအျပားရွိေနပါတယ္။ဆိုးရွားလ္ပထမဆံုးလုပ္ရမွာကဒီကစားသမားေတြရဲ႕ယံုျကည္မႈကိုျပန္ျမွင့္တင္ေပးဖို႔ပါပဲ။လူကာကူ,ဆန္းခ်က္,ေပါ့ဘာ,ဖရက္,မာရွယ္,ဘိုင္လီတို႔ကို လမ္းေျကာင္းမွန္ေပၚျပန္တင္ေပးနိုင္ခဲ့ရင္ သူ႔ရဲ႕ပထမအဆင့္ေအာင္ျမင္ျပီျဖစ္သလို ေရွ႕ဆက္တိုက္ပြဲဝင္ဖို႔လဲပိုလြယ္ကူသြားမွာပါ။ဒါဟာ ပံုရိပ္ျကီးျကီးမားမားမရွိေသးတဲ့နည္းျပတစ္ေယာက္အတြက္ လြယ္ကူမွာေတာ့မဟုတ္ပဲ အိုးထရက္ဖို႔ဒ္မွာဆိုးရွားလ္ျဖတ္ေက်ာ္ရမယ့္ ပထမဆံုးအတားအဆီးပါပဲ။
ဆိုးရွားလ္ဟာဖာဂူဆန္လက္ေအာက္မွာကစားလာတဲ့ တိုက္စစ္မွဴးတစ္ဦးျဖစ္တာေျကာင့္ ယူနိုက္တက္ကို ခံစစ္ဗ်ဴဟာနဲ႔ေတာ့ခ်ည္းကပ္လာဖို႔မရွိပါဘူး။သူ႔ရဲ႕နည္းစနစ္ေတြထဲမွာ ဖရက္,ဆန္းခ်က္နဲ႔ ဘိုင္လီတို႔ပြဲထြက္ခြင့္ျပန္ရလာနိုင္ပါတယ္။ေပါ့ဘာကို ပစ္ပယ္ထားလိမ့္မယ္မထင္ပါဘူး။ခံစစ္ေလးေယာက္တန္းေရွ႕မွာ မာတစ္ကို ေနရာတစ္ေနရာေပးလိုက္မယ္ဆိုရင္ ေပါ့ဘာရဲ႕တြဲဖက္က ဖရဒ္ျဖစ္လာနိုင္ပါတယ္။ ဘာေျကာင့္လဲဆိုေတာ့ ယူနိုက္တက္မွာဖရဒ္လို က်ဥ္းထဲက်ပ္ထဲမွာေဘာလံုးကိုင္နိုင္စြမ္းရွိသူရွားပါးပါတယ္။
ဒါ့အျပင္သူ႔ဆီက ေထာင့္ျဖတ္ေပးပို ့မႈေတြလည္း ရနိုင္ပါတယ္။Possession game ကစားတဲ့ အသင္းေတြမွာ ျပိဳင္ဘက္ဧရိယာထဲကိုdiagonal pass(ေထာင့္ျဖတ္ေဘာ) ေပးပို႔နိုင္သူေတြကအသက္ေသြးေျကာပါပဲ။မာတာနဲ႕ ဟာရဲရားတို႕လည္းထည့္စဥ္းစားစရာရွိေပမယ့္ မာတာက တိုက္စစ္ပိုအားသန္ျပီး ဟာရဲရားက ခံစစ္ကစားခ်င္တဲ့စိတ္ပိုရွိပါတယ္။
ဒါေျကာင့္ Compactပိုျဖစ္တဲ့ ဖရက္တစ္ေယာက္ ဆိုးရွားလ္လက္ေအာက္မွာ ထြန္းေတာက္လာနိုင္ပါတယ္။ဒါ့အျပင္ ေတာင္ပံမွာ dribbleပိုင္း ေက်ညက္တဲ့ ဆန္းခ်က္ ေနရာျပန္ရလာနိုင္ပါတယ္။ျတိဂံတိုက္စစ္ေတြပံုေဖာ္ရာမွာလည္း ဆန္းခ်က္က အသံုးဝင္ပါတယ္။ဒီရာသီအလဲလဲအျပိဳျပိဳျဖစ္ေနတဲ့ ေနာက္တန္းကိုျပဳျပင္ဖို႔ ဘိုင္လီက ဆိုးရွားလ္အျကိုက္ျဖစ္လာနိုင္ပါေသးတယ္။Tackleပိုင္းထူးခြ်န္ျပီး တစ္းဦးခ်င္းထိန္းခ်ဳပ္ပံု ေကာင္းမြန္တာေျကာင့္ ျပိဳင္ဘက္အသင္းရဲ႕တန္ျပန္တိုက္တိုက္စစ္ေတြကို တက္ေထာက္ဖို႔ ဘိုင္လီက ဝွပ္ဖဲတစ္ခ်က္ပါပဲ။
ပံုမွန္ေျခေအာက္ေရာက္ေနတဲ့ လူကာကူကို ခ်န္လွပ္ထားမလား ယံုျကည္မႈတည္ေဆာက္ဖို႔ အခြင့္အေရးေပးမလားေစာင့္ျကည့္ခ်င္စရာပါပဲ။လက္ရွိအေျခအေနမွာေတာ့ မာရွယ္ကပိုသင့္ေတာ္သူတစ္ေယာက္ျဖစ္ပါလိမ့္မယ္။ယာယီကိုင္တြယ္ခြင့္ရခ်ိန္မွာ တည္ျငိမ္တဲ့လူစာရင္းနဲ႕ျဖစ္သင့္တဲ့စြမ္းေဆာင္ရည္ေလာက္ျပနိုင္ရင္ပဲ ဆိုးရွားလ္အတြက္ေအာင္ျမင္မႈလို႔ဆိုရမွာပါ။ငါးဖမ္းေလွေပၚကတစ္ေယာက္နဲ႕ ငါးမ်ွားေနတဲ့တစ္ေယာက္ရဲ႕ ပစ္မွတ္ကမတူနိုင္ပါဘူး။က်ေနာ္တို႕ အခုမွ ငါးျပန္မ်ွားရမွာျဖစ္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႕ ျပည္တြင္းရံႈးထြက္ဖလားေလာက္႐ရင္ ေအာင္ပြဲခံလို႕ရပါျပီ။ဒါေျကာင့္ဆိုးရွားလ္တစ္ေယာက္ ယူနိုက္တက္ရဲ႕ ျပသနာေတြကို အေျဖရွာျပီး ယူနိုက္တက္ဖန္ေတြဆီ ေပ်ာ္ရႊင္မႈေတြျပန္လည္ယူေဆာင္လာနိုင္မလားဆိုတာမျကာခင္ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။
Oppa Nyi Zaw( Friday Sports)
(Unicode)
အနီရောင်ကောင်းကင်ရဲ့ Climate changeများနဲ့ အိုထရက်ဖို့ဒ်အနာဂတ်အလားအလာ
ဒီဆောင်းပါးကို မော်ရင်ဟိုပြောခဲ့တဲ့စကားလေးနဲ့ပဲ စတင်လိုက်ချင်ပါတယ်။''ကျနော်ထွက်ခွာသွားခဲ့ရင် နည်းပြထိုင်ခုံနေရာဆက်ခံသူဟာ လူကာကူ , ပေါ့ဘာ,မာတစ် တို့လိုမျိုး အရည်သွေးမြင့်ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ရမှာပါ''တဲ့။ဒါပေမယ့်သူထွက်ခွာသွားချိန်မှာတော့ ဒီကစားသမားတွေရဲ့ခြေစွမ်းက ၁၀မှတ်မှာ ၅မှတ်ပေးလို့ရမယ့် ပုံစံမျိုးတောင်ရှိမနေပါဘူး။ပြောရရင်မော်ရင်ဟို မြှောက်စားခဲ့တဲ့ကစားသမားတွေဟာ သူ့အတွက်တိုက်ပွဲဝင်လိုစိတ်အပြည့်အဝရှိမနေခဲ့ပါဘူး။ထုတ်ပယ်ခံရချိန်မှာတောင်ဘယ်သူမှ ဝမ်းနည်းကြောင်း နှုတ်ဆက်စကားမပြောခဲ့တာကြည့်ရင် အသင်းသားတွေနဲ့ သူ့ကြားမှာ အက်ကြောင်းကြီးကြီးမားမား ရှိခဲ့တာအသေအချာပါပဲ။
အခုတော့ သူဘာတွေမှားခဲ့လည်းနဲ့ ဆိုးရှားလ်နဲ့ ရှေ့ဆက်ရမယ့် အနာဂတ်အကြောင်းကိုပဲပြောရမယ့်အချိန်ရောက်လာပါပြီ။မော်ရင်ဟိုရဲ့ ပထမဆုံးမဟာအမှားအကြောင်းပြောချင်ပါတယ်။ ယူနိုက်တက်ကိုရောက်ပြီ ဆိုထဲက တစ်ခါမှ ပုံသေပွဲထွက်လူစာရင်းကို ချမပြနိုင်ခဲ့ဘူး။ ဟိုလူနဲ့တွဲ ဒီလူနဲ့တွဲ, ဟိုနေရာထားလိုက် ဒီနေရာထားလိုက်နဲ့ ကလေးတွေအရုပ်ဆက်သလိုမျိုး စမ်းသပ်ခန်းဝင်နေခဲ့ပါတယ်။ဒါကြောင့် ကစားသမားတွေရဲ့ အားသန်ရာroleပျောက်သွားပြီး အကျိုးဆက်အနေနဲ့ အသင်းလိုက်တည်ငြိမ်မှု မရှိတော့ပဲ ရလဒ်တွေကလည်း မိုးပျံရထားစီးသလိုမျိုး ဖြစ်ကုန်ပါတယ်။နောက်တစ်ခုကတော့ အသင်းသားတွေကို လူရှေ့သူရှေ့မှာဝေဖန်ခဲ့ ခြင်းပါ။ဘောလုံးလောကမှာ နည်းပြဆိုတာ ကစားသမားတွေအတွက် သွေးမတော်သားမစပ်တဲ့ ဖခင်တစ်ယောက်ပါပဲ။အထူးသဖြင့်လူငယ်ကစားသမားတွေအတွက်ပေါ့။ မော်ရင်ဟိုကတော့ ရှုူံးပြီဆိုတာနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ လုရှော့, မာရှယ် ,ပေါ့ဘာတို့ကို တန်းစီဝေဖန်ပစ်တယ်။ဒါကြောင့် ကစားသမားတွေဟာ နည်းပြကိုရော သူတို့ကိုယ်တိုင်ပါ ယုံကြည်မှုပျောက်ဆုံးသွားပြီး တိုက်ရည်ခိုက်ရည် ကင်းမဲ့ကုန်ပါတယ်။
နောက်ဆုံးတော့ မော်ရင်ဟိုအတွက် ကိုယ့်လည်ပင်းကိုယ် ကျိုးကွင်းစွပ်သလိုဖြစ်သွားခဲ့ပါတယ်။မော်ရင်ဟိုကန်ထုတ်ခံရတဲ့ နောက်ဆုံးတစ်ချက်ကတော့ ကစားသမားခေါ်ယူရာမှာ စီမံမှုအလွဲတွေလုပ်ခဲ့ခြင်းပါပဲ။ပထမရာသီကဝယ်ခဲ့တဲ့ ဘိုင်လီ ,မစ်ခီတာယန် တို့ နောက်ရာသီအရန်ခုံရောက်ကုန်တယ်။ ဒုတိယရာသီမှာခေါ်တဲ့ လင်ဒီလော့ ,ဆန်းချက်တို့ဆိုရင် ပုံမှန်ပွဲထွက်ခွင့်အတွက်တောင်ရုန်းကန်ခဲ့ရတယ်။ နောက်ဆုံး ခေါ်ခဲ့တဲ့ ဖရဒ် ဆိုလည်း အရန်ခုံမှာအချိန်ကုန်ခဲ့ရတာပဲ။ဒါကြောင့် ဘုတ်အဖွဲ့က အကျိုးမရှိတဲ့ ခေါ်ယူမှုတွေနဲ့ ငွေဖြန်းနေတယ်လို့ယူဆခဲ့ပုံပါပဲ။နွေရာသီက နောက်ခံလူဝယ်ယူဖို့ မော်ရင်ဟိုတောင်းဆိုခဲ့ပေမယ့် အက်ဝုဒ်ဘက်က မတုန်မလှုပ်ရှိနေခဲ့တာ ဒီအကြောင်းတရားတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် မော်ရင်ဟိုနဲ့ ယူနိုက်တက်ကြားဇာတ်လမ်းတစ်ခန်းရပ်ခဲ့ခြင်းနဲ့အတူ သရဲနီတို့ရဲ့တိုင်းပြည်မှာ special oneရဲ့သိက္ခာအချို့ လေလွင့်ပွကြဲခဲ့ရပါပြီ။
အခုတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဖိအားတွေဟာပရီးမီးယားလိဂ်သမိုင်းရဲ့ လူစားဝင်သွင်းဂိုးအများဆုံးကစားသမား အိုလေဂန်းနားဆိုးရှားလ်အပေါ် ကျရောက်လာပါပြီ။
ဆိုးရှားလ်ကတော့ သူ့အိမ်မှာဘာတွေဖြစ်နေလဲအနီးကပ်ပြန်ကြည့်ရတော့မှာမလို့ စိတ်လှုပ်ရှားနေတယ်လို့ပြောခဲ့ပါတယ်။ဒါပေမယ့် ဆိုးရှားလ်းပြောတဲ့အိမ်က သူတို့ခေတ်ကလို နေချင်စဖွယ်မဟုတ်တော့ပါဘူး။သူ့ရဲ့တာဝန်က မုန်တိုင်းထန်ထားတဲ့ ဒီအိမ်ကြီးကို သာသာယာယာပြန်ဖြစ်အောင်လုပ်ဖို့ပါပဲ။ဒီအတွက်ဘာတွေလိုအပ်လဲ စူးစမ်းကြည့်လိုက်တော့....။
ယူနိုက်တက်မှာ လက်ရှိခြေစွမ်းကျဆင်းနေပေမယ့် နေရာတစ်ခုမှာ သက်သေပြပြီးသားသူတွေ အများအပြားရှိနေပါတယ်။ဆိုးရှားလ်ပထမဆုံးလုပ်ရမှာကဒီကစားသမားတွေရဲ့ယုံကြည်မှုကိုပြန်မြှင့်တင်ပေးဖို့ပါပဲ။လူကာကူ,ဆန်းချက်,ပေါ့ဘာ,ဖရက်,မာရှယ်,ဘိုင်လီတို့ကို လမ်းကြောင်းမှန်ပေါ်ပြန်တင်ပေးနိုင်ခဲ့ရင် သူ့ရဲ့ပထမအဆင့်အောင်မြင်ပြီဖြစ်သလို ရှေ့ဆက်တိုက်ပွဲဝင်ဖို့လဲပိုလွယ်ကူသွားမှာပါ။ဒါဟာ ပုံရိပ်ကြီးကြီးမားမားမရှိသေးတဲ့နည်းပြတစ်ယောက်အတွက် လွယ်ကူမှာတော့မဟုတ်ပဲ အိုးထရက်ဖို့ဒ်မှာဆိုးရှားလ်ဖြတ်ကျော်ရမယ့် ပထမဆုံးအတားအဆီးပါပဲ။
ဆိုးရှားလ်ဟာဖာဂူဆန်လက်အောက်မှာကစားလာတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တာကြောင့် ယူနိုက်တက်ကို ခံစစ်ဗျူဟာနဲ့တော့ချည်းကပ်လာဖို့မရှိပါဘူး။သူ့ရဲ့နည်းစနစ်တွေထဲမှာ ဖရက်,ဆန်းချက်နဲ့ ဘိုင်လီတို့ပွဲထွက်ခွင့်ပြန်ရလာနိုင်ပါတယ်။ပေါ့ဘာကို ပစ်ပယ်ထားလိမ့်မယ်မထင်ပါဘူး။ခံစစ်လေးယောက်တန်းရှေ့မှာ မာတစ်ကို နေရာတစ်နေရာပေးလိုက်မယ်ဆိုရင် ပေါ့ဘာရဲ့တွဲဖက်က ဖရဒ်ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်မှာဖရဒ်လို ကျဉ်းထဲကျပ်ထဲမှာဘောလုံးကိုင်နိုင်စွမ်းရှိသူရှားပါးပါတယ်။
ဒါ့အပြင်သူ့ဆီက ထောင့်ဖြတ်ပေးပို့မှုတွေလည်း ရနိုင်ပါတယ်။Possession game ကစားတဲ့ အသင်းတွေမှာ ပြိုင်ဘက်ဧရိယာထဲကိုdiagonal pass(ထောင့်ဖြတ်ဘော) ပေးပို့နိုင်သူတွေကအသက်သွေးကြောပါပဲ။မာတာနဲ့ ဟာရဲရားတို့လည်းထည့်စဉ်းစားစရာရှိပေမယ့် မာတာက တိုက်စစ်ပိုအားသန်ပြီး ဟာရဲရားက ခံစစ်ကစားချင်တဲ့စိတ်ပိုရှိပါတယ်။
ဒါကြောင့် Compactပိုဖြစ်တဲ့ ဖရက်တစ်ယောက် ဆိုးရှားလ်လက်အောက်မှာ ထွန်းတောက်လာနိုင်ပါတယ်။ဒါ့အပြင် တောင်ပံမှာ dribbleပိုင်း ကျေညက်တဲ့ ဆန်းချက် နေရာပြန်ရလာနိုင်ပါတယ်။တြိဂံတိုက်စစ်တွေပုံဖော်ရာမှာလည်း ဆန်းချက်က အသုံးဝင်ပါတယ်။ဒီရာသီအလဲလဲအပြိုပြိုဖြစ်နေတဲ့ နောက်တန်းကိုပြုပြင်ဖို့ ဘိုင်လီက ဆိုးရှားလ်အကြိုက်ဖြစ်လာနိုင်ပါသေးတယ်။Tackleပိုင်းထူးချွန်ပြီး တစ်းဦးချင်းထိန်းချုပ်ပုံ ကောင်းမွန်တာကြောင့် ပြိုင်ဘက်အသင်းရဲ့တန်ပြန်တိုက်တိုက်စစ်တွေကို တက်ထောက်ဖို့ ဘိုင်လီက ဝှပ်ဖဲတစ်ချက်ပါပဲ။
ပုံမှန်ခြေအောက်ရောက်နေတဲ့ လူကာကူကို ချန်လှပ်ထားမလား ယုံကြည်မှုတည်ဆောက်ဖို့ အခွင့်အရေးပေးမလားစောင့်ကြည့်ချင်စရာပါပဲ။လက်ရှိအခြေအနေမှာတော့ မာရှယ်ကပိုသင့်တော်သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ယာယီကိုင်တွယ်ခွင့်ရချိန်မှာ တည်ငြိမ်တဲ့လူစာရင်းနဲ့ဖြစ်သင့်တဲ့စွမ်းဆောင်ရည်လောက်ပြနိုင်ရင်ပဲ ဆိုးရှားလ်အတွက်အောင်မြင်မှုလို့ဆိုရမှာပါ။ငါးဖမ်းလှေပေါ်ကတစ်ယောက်နဲ့ ငါးမျှားနေတဲ့တစ်ယောက်ရဲ့ ပစ်မှတ်ကမတူနိုင်ပါဘူး။ကျနော်တို့ အခုမှ ငါးပြန်မျှားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပြည်တွင်းရှုံးထွက်ဖလားလောက်ရရင် အောင်ပွဲခံလို့ရပါပြီ။ဒါကြောင့်ဆိုးရှားလ်တစ်ယောက် ယူနိုက်တက်ရဲ့ ပြသနာတွေကို အဖြေရှာပြီး ယူနိုက်တက်ဖန်တွေဆီ ပျော်ရွှင်မှုတွေပြန်လည်ယူဆောင်လာနိုင်မလားဆိုတာမကြာခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
Oppa Nyi Zaw( Friday Sports)
Post a Comment