Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘိုင်ယန်မြူနစ်အသင်းနဲ့ အေဂျက်စ်အသင်းတို့ တွေ့ ဆုံတဲ့ ချန်ပီယံလိပ်ပွဲမှာ အေဂျက်စ်ကစားသမား နီကိုလက်စ်တာလီယာဖီကို ကို အလွန်အန္တရာယ်ရှိတဲ့ဖြတ်ထုတ်မှုပြုလုပ်ခဲ့တဲ့ ဘိုင်ယန်ကွင်းလယ်တိုက်စစ်ကစားသမား သောမက်စ်မူလာဟာ တိုက်ရိုက်အနီကဒ်ပြခံခဲ့ရပါတယ်။
(Unicode)
အေဂျက်စ်ကစားသမားကို ကရာတေးကစ်နဲ့ဖြတ်ကန်ခဲ့တဲ့သောမတ်စ်မူလာ
ဘိုင်ယန်မြူနစ်အသင်းနဲ့အေဂျက်စ်အသင်းတို့တွေ့ဆုံတဲ့ ချန်ပီယံလိပ်ပွဲမှာ အေဂျက်စ်ကစားသမား နီကိုလက်စ်တာလီယာဖီကို ကို အလွန်အန္တရာယ်ရှိတဲ့ဖြတ်ထုတ်မှုုပြုလုပ်ခဲ့တဲ့ ဘိုင်ယန်ကွင်းလယ်တိုက်စစ်ကစားသမား သောမက်စ်မူလာဟာ တိုက်ရိုက်အနီကဒ်ပြခံခဲ့ရပါတယ်။
အသက် ၂၉ နှစ်အရွယ်ဂျာမန်ကစားသမား ဟာအေဂျက်စ် စတားကို အမြင့်ကန်ချက်နဲ့ ကန်ခဲ့ပြီး ကွင်းလယ်ဒိုင်ကလည်း မဆိုင်းမတွကွင်းထဲကနေမူလာကိုထွက်သွားစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အားး!! တကယ့်ကို အမှတ်အသားဖြစ်သွားစေမယ့်ကန်ချက်ပါပဲ။
အဆိုပါပွဲဟာ အလွန်ကြည့်ကောင်းခဲ့ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ပွဲဟာမြန်ဆိုင်လွန်းခဲ့တာတွေ့ရပါတယ်။လီဝန်ဒေါ့စကီးက ပထမပိုင်းမှာ အဖွင့်ဂိုးစတင်သွင်းယူခဲ့သော်လည်း အေးဂျက်စ်အသင်းက တာဒစ်ရဲ့ဒုတိယပိုင်း ချေပဂိုးနဲ့ ပယ်နယ်တီသွင်းဂိုးတွေနဲ့၂-၁ နဲ့ ဦးဆောင်နေတာပဲဖြစ်ပါတယ်။သို့သော်လည်း လီဝန်ဒေါစကီး ကပယ်နယ်တီကနေ ပဲ ချေပဂိုးပြန်သွင်းယူခဲ့ြ့ပီး ကိုမန်းက နောက်ထပ်ဦးဆောင်ဂိုးထပ်သွင်းကာ ပွဲဟာ ၃-၂ ဖြင့် ဘိုင်ယန်တို့သေချာပေါက်အနိုင်ရလုနီးပါးဖြစ်နေတာပါ။
သို့သော်လည်း တာလီယာဖီကို ရဲ့ပွဲပြီးခါနီးနောက်ကျချေပဂိုးကြောင့် ၃-၃ ရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။၂သင်းစလုံးဟာ ဒုတိယပိုင်းမှာ ကစားသမား ၁ယောက်လျော့စီနဲ့အသဲအသန်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။
မူလာရဲ့ဖြတ်ထုတ်မှုကို ဘယ်လိုထင်ကြလဲပရိတ်သတ်ကြီးတို့?
Post a Comment