Header Ads


စတာလင္ေျပာလိုက္တဲ့ ''ထိပ္ဆံုးကိုေရာက္ဖို ့ နားေထာင္သင့္တဲ့သူ ့ရဲ့အေၾကာင္းမ်ား ”

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

''ငါ မင္းကိုယံုလို႔ရမလား။ ငါ့ရဲ႕ဇာတ္လမ္းတစ္ပုဒ္ကိုေျပာျပရင္ မင္းတကယ္နားေထာင္မွာလား။မင္းဒီစာအခ်ိဳ႕ကိုဖတ္ေနရင္းငါ့အေျကာင္းေတြ,ငါ့ဇာတ္လမ္းေတြနဲ႔ ငါဂရုစိုက္တဲ့အရာေတြ အေျကာင္းေတြးေနနိုင္တယ္လို႕ထင္မိတယ္။တကယ္ေရာဒီလိုျဖစ္ေနမွာလား။''

ရာဟင္စတာလင္ကေတာ့ ဒီနွစ္သူ႔ရဲ႕အံအားသင့္ဖြယ္ရာ ေလ်ွာက္လွမ္းမႈေတြအေျကာင္းမ်ွေဝခဲ့ပါတယ္။ဒီထဲမွာေတြးစရာေတြအျပည့္နဲ႔ဖတ္ခ်င္စရာေကာင္းေနပါတယ္။အပိုင္းအစတိုင္းကစိတ္ဝင္စားဖို႔ေကာင္းေနတယ္။ 

စတာလင္၂နွစ္အရြယ္မွာပဲ သူ႔အေဖက လူသတ္မႈက်ဴးလြန္ခဲ့ျပီး ဒါက သူ႔တစ္ဘဝလံုးကို လႈပ္ခတ္ေစခဲ့တယ္။ဒီျမင္ကြင္းကို သူတို႔အိမ္ေနာက္ပန္းျခံမွာစတာလင္ကိုယ္တိုင္ ျမင္ခဲ့ရတာပါ။အျဖစ္ဆိုးေတြကလြတ္ေျမာက္ဖို႔ေဘာလံုးကပဲ အေျကာင္းျပခ်က္တစ္ခုျဖစ္ခဲ့ျပီး မိသားစုျပီးရင္ ေဘာလံုးက သူရဲ႕ကမာၻျဖစ္လာခဲ့ပါတယ္။

ဒီစာပုဒ္ထဲမွာေတာ့ စတာလင္ဟာ သူရင္ဘတ္ထဲကစကားလံုးေတြကို ထုတ္ျပခဲ့တယ္။တစ္ခါတစ္ေလ မီဒီယာအခ်ိဳ႕ရဲ႕ဆိုးရြားတဲ့သတင္းယူျခင္းကိုခံခဲ့ရင္ ဒါဟာအတိတ္ေတြေျကာင့္ပဲလို႔စတာလင္ရဲ႕စိတ္ထဲစြဲေနခဲ့တယ္။အဂၤလန္ရဲ႕ယူရို-2016က်ရံႈးမႈအျပီးမွာအေမ့အတြက္ အိမ္တစ္လံုးစတာလင္ဝယ္ေပးခဲ့တာကို မီဒီယာေတြက စိတ္ပ်က္စရာေတြေရးခဲ့ပါေသးတယ္။ဒါေပမယ့္ စတာလင္ရဲ႕မိဘအေပၚသိတက္စိတ္ကိုေတာ့ ဘယ္သူမွဂရုစိုက္မိမွာမဟုတ္ပါဘူး။

သူဟာ မနက္ငါးနာရီထိုးတာနဲ႔ ဒီခမ္းနားတဲ့အိမ္ျကီးရဲ႕ အိမ္သာေဆးတာကအစ အေမ့ကို ဝိုင္းကူလုပ္ေပးေလ့ရွိပါတယ္။''ဒီထဲမွာေတာ့ ဝမ္းနည္းစရာေကာင္းတဲ့အေျကာင္းေတြလည္း ေျပာရမွာပါပဲ။ ထပ္ေျပာစရာေတြရွိေသးတယ္။က်ေနာ္က ေတာက္ပတဲ့ လက္ဝတ္လက္စားေတြကိုျကိုက္ပါတယ္။စိတ္ကိုဝတ္ဆင္ရတာ အလြန္သေဘာက်တယ္။ဒါကိုလည္း သတင္းေတြထဲ ထည့္ေရးျကတာပဲ။က်ေနာ္တကယ္နားမလည္တာက ဒါေတြဘယ္ကဆင္းသက္လာလဲဆိုတာပဲ။အထူးသျဖင့္ အေမ့အတြက္ အိမ္ဝယ္ေပးတာေတာင္ အနႈတ္သေဘာေဆာင္တဲ့ပံုစံနဲ႕ ေရးသားျကတယ္။သူတို႕ဘာကိုမုန္းေနလဲဆိုတာသူတို႕ကိုယ္တိုင္ေတာင္သိမွာမဟုတ္ဖူး။သူတို႔က အေမေရခ်ိဳးခန္းထဲဘာလုပ္ေနလဲဆိုတာကအစ ေရးခ်င္ေနတာ။က်ေနာ့္ေျပာခဲ့ျပီးေနျပီ။ငယ္ငယ္ကဆို အိမ္သာေတြေဆးလို႔ရတဲ့ေငြနဲ႔မွ မနက္စာဝယ္စားရတာ။လူတိုင္းေပ်ာ္ရႊင္ဖို႔ထိုက္တန္ပါတယ္။အေမလည္းအတူတူပါပဲလို႔စတာလင္ကေျပာခဲ့ပါတယ္။


စတာလင္ဖြင့္ဟခဲ့တဲ့ေနာက္ဆံုးစာေျကာင္းေတြဟာ ဂရုဏာသက္စရာပါပဲ။သူ႔လိုမ်ိဳးျကီးပ်င္းလာတဲ့သူေတြအတြက္လည္း အသိတစ္ခုတိုးလာေစမွာပါ။ေနာက္ဆံုးအေနနဲ႔စတာလင္က''ခင္မ်ားျကီးျပင္းလာတာ က်ေနာ့္ဘဝလိုပံုစံမ်ိဳးပဲဆို ခင္မ်ားအေျကာင္းလူျပိန္းျကိုက္ေရးတဲ့ သတင္းစာေတြအေျကာင္း နားေယာင္မေနပါနဲ႔။သူတို႔ကခင္မ်ားရဲ႕ေပ်ာ္ရႊင္မႈေတြကို လုယူခ်င္ေနျကတာ။ျပီးေတာ့ ေအာက္ေရာက္ေအာင္ ဆြဲခ်ေနျကတယ္။အခုထိအဂၤလန္ဟာ သုညဘဝကစမယ့္သူေတြအတြက္ ဆိုးရြားတဲ့ေနရာတစ္ခုျဖစ္ေနဆဲပါပဲ။''လို႔စတာလင္က ထုတ္ေျပာခဲ့ပါတယ္။

(Unicode)



''ငါ မင်းကိုယုံလို့ရမလား။ ငါ့ရဲ့ဇာတ်လမ်းတစ်ပုဒ်ကိုပြောပြရင် မင်းတကယ်နားထောင်မှာလား။မင်းဒီစာအချို့ကိုဖတ်နေရင်းငါ့အကြောင်းတွေ,ငါ့ဇာတ်လမ်းတွေနဲ့ ငါဂရုစိုက်တဲ့အရာတွေ အကြောင်းတွေးနေနိုင်တယ်လို့ထင်မိတယ်။တကယ်ရောဒီလိုဖြစ်နေမှာလား။''

ရာဟင်စတာလင်ကတော့ ဒီနှစ်သူ့ရဲ့အံအားသင့်ဖွယ်ရာ လျှောက်လှမ်းမှုတွေအကြောင်းမျှဝေခဲ့ပါတယ်။ဒီထဲမှာတွေးစရာတွေအပြည့်နဲ့ဖတ်ချင်စရာကောင်းနေပါတယ်။အပိုင်းအစတိုင်းကစိတ်ဝင်စားဖို့ကောင်းနေတယ်။ 

စတာလင်၂နှစ်အရွယ်မှာပဲ သူ့အဖေက လူသတ်မှုကျူးလွန်ခဲ့ပြီး ဒါက သူ့တစ်ဘဝလုံးကို လှုပ်ခတ်စေခဲ့တယ်။ဒီမြင်ကွင်းကို သူတို့အိမ်နောက်ပန်းခြံမှာစတာလင်ကိုယ်တိုင် မြင်ခဲ့ရတာပါ။အဖြစ်ဆိုးတွေကလွတ်မြောက်ဖို့ဘောလုံးကပဲ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပြီး မိသားစုပြီးရင် ဘောလုံးက သူရဲ့ကမ္ဘာဖြစ်လာခဲ့ပါတယ်။

ဒီစာပုဒ်ထဲမှာတော့ စတာလင်ဟာ သူရင်ဘတ်ထဲကစကားလုံးတွေကို ထုတ်ပြခဲ့တယ်။တစ်ခါတစ်လေ မီဒီယာအချို့ရဲ့ဆိုးရွားတဲ့သတင်းယူခြင်းကိုခံခဲ့ရင် ဒါဟာအတိတ်တွေကြောင့်ပဲလို့စတာလင်ရဲ့စိတ်ထဲစွဲနေခဲ့တယ်။အင်္ဂလန်ရဲ့ယူရို-2016ကျရှုံးမှုအပြီးမှာအမေ့အတွက် အိမ်တစ်လုံးစတာလင်ဝယ်ပေးခဲ့တာကို မီဒီယာတွေက စိတ်ပျက်စရာတွေရေးခဲ့ပါသေးတယ်။ဒါပေမယ့် စတာလင်ရဲ့မိဘအပေါ်သိတက်စိတ်ကိုတော့ ဘယ်သူမှဂရုစိုက်မိမှာမဟုတ်ပါဘူး။

သူဟာ မနက်ငါးနာရီထိုးတာနဲ့ ဒီခမ်းနားတဲ့အိမ်ကြီးရဲ့ အိမ်သာဆေးတာကအစ အမေ့ကို ဝိုင်းကူလုပ်ပေးလေ့ရှိပါတယ်။''ဒီထဲမှာတော့ ဝမ်းနည်းစရာကောင်းတဲ့အကြောင်းတွေလည်း ပြောရမှာပါပဲ။ ထပ်ပြောစရာတွေရှိသေးတယ်။ကျနော်က တောက်ပတဲ့ လက်ဝတ်လက်စားတွေကိုကြိုက်ပါတယ်။စိတ်ကိုဝတ်ဆင်ရတာ အလွန်သဘောကျတယ်။ဒါကိုလည်း သတင်းတွေထဲ ထည့်ရေးကြတာပဲ။ကျနော်တကယ်နားမလည်တာက ဒါတွေဘယ်ကဆင်းသက်လာလဲဆိုတာပဲ။အထူးသဖြင့် အမေ့အတွက် အိမ်ဝယ်ပေးတာတောင် အနှုတ်သဘောဆောင်တဲ့ပုံစံနဲ့ ရေးသားကြတယ်။သူတို့ဘာကိုမုန်းနေလဲဆိုတာသူတို့ကိုယ်တိုင်တောင်သိမှာမဟုတ်ဖူး။သူတို့က အမေရေချိုးခန်းထဲဘာလုပ်နေလဲဆိုတာကအစ ရေးချင်နေတာ။ကျနော့်ပြောခဲ့ပြီးနေပြီ။ငယ်ငယ်ကဆို အိမ်သာတွေဆေးလို့ရတဲ့ငွေနဲ့မှ မနက်စာဝယ်စားရတာ။လူတိုင်းပျော်ရွှင်ဖို့ထိုက်တန်ပါတယ်။အမေလည်းအတူတူပါပဲလို့စတာလင်ကပြောခဲ့ပါတယ်။

စတာလင်ဖွင့်ဟခဲ့တဲ့နောက်ဆုံးစာကြောင်းတွေဟာ ဂရုဏာသက်စရာပါပဲ။သူ့လိုမျိုးကြီးပျင်းလာတဲ့သူတွေအတွက်လည်း အသိတစ်ခုတိုးလာစေမှာပါ။နောက်ဆုံးအနေနဲ့စတာလင်က''ခင်များကြီးပြင်းလာတာ ကျနော့်ဘဝလိုပုံစံမျိုးပဲဆို ခင်များအကြောင်းလူပြိန်းကြိုက်ရေးတဲ့ သတင်းစာတွေအကြောင်း နားယောင်မနေပါနဲ့။သူတို့ကခင်များရဲ့ပျော်ရွှင်မှုတွေကို လုယူချင်နေကြတာ။ပြီးတော့ အောက်ရောက်အောင် ဆွဲချနေကြတယ်။အခုထိအင်္ဂလန်ဟာ သုညဘဝကစမယ့်သူတွေအတွက် ဆိုးရွားတဲ့နေရာတစ်ခုဖြစ်နေဆဲပါပဲ။''လို့စတာလင်က ထုတ်ပြောခဲ့ပါတယ်။

No comments

Powered by Blogger.