Header Ads


ေမာ္ရင္ဟို,ေပါဘာတို႔အေျကာင္းအပါအဝင္ EPLရာသီဝက္စိတ္ပ်က္စရာအေကာင္းဆံုးျဖစ္ရပ္မ်ား


       
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
 ေမာ္ရင္ဟိုနဲ႕ ေပါ့ဘာဟာ ပရီးမီးယားလိဂ္ရာသီဝက္ရဲ႕ ဂုဏ္သိကၡာက်စရာျဖစ္ရပ္ေတြမွာပါဝင္ေနခဲ့ပါတယ္။ရာသီဝက္ေရာက္လာတာနဲ႔အမ်ွ ပရီးမီးယားလိဂ္ျပိဳင္ပြဲ မာရသြန္ေျပးလမ္းဟာ အရွိန္ျမင့္လာခဲ့ပါတယ္။ဆုဖလားယူမယ့္အသင္းနဲ႕ တန္းဆင္းဇုန္အေျခအေနေတြကို ဆံုးျဖတ္ဖို႔ေစာလြန္းေနေသးေပမယ့္ ရာသီဝက္မွာ သတင္းဆိုးထြက္သူေတြရွိခဲ့ပါတယ္။လက္ရွိအခ်ိန္မွာ လီဗာပူးနဲ႕မန္စီးတီးကလြဲရင္ က်န္အသင္းေတြရဲ႕အေျခအေနက  ေက်နပ္စရာအတိမျဖစ္ခဲ့ပါဘူး။မန္ခ်က္စတာယူနိုက္တက္ကေတာ့ ရာသီမစခင္ကသူတိူ႔ရဲ႕ေမ်ွာ္လင့္ခ်က္ေတြနဲ႕ အေဝးမွာေရာက္ေနပါတယ္။special oneေမာ္ရင္ဟိုတစ္ေယာက္လည္းထုတ္ပယ္မခံရမွီအထိ ေဝဖန္မႈေတြအေတာ္ခံရတဲ့ ရာသီတစ္ခုကို ျဖတ္သန္းခဲ့ရပါတယ္။ဘာပဲျဖစ္ျဖစ္နွစ္သစ္ကို အေကာင္းဆံုးျပန္စဖို႕လူတိုင္းမွာအခြင့္အေရးကိုယ္စီရွိေနျကပါတယ္။ရာသီဝက္ရဲ႕ေျပာစရာအေျကာင္းေတြကိုျပန္ေျပာင္းျကည့္လိုက္ရင္....                                     


 ေမာ္ရင္ဟို   

ဒုတိယရာသီမွာေအာင္ျမင္မႈရသေလာက္ တတိယရာသီေရာက္ရင္ ျကမၼာဆိုးဝင္တက္တဲ့ေမာ္ရင္ဟိုရဲ႕အစဥ္အလာကေတာ့ မေျပာင္းေသးပါဘူး။ခုလည္းမျကာေသးခင္ကပဲယူနိုက္တက္ကထုတ္ပယ္ခံရခဲ့ပါျပီ။ဒီအေျခအေနေတြအတြက္ သူ႔ကိုယ္သူသာ ျပန္အျပစ္တင္ေနသင့္ပါတယ္။ရာသီမစခင္ထဲက မီဒီယာေတြေရွ႕မွာ ဂယက္ရိုက္ေစမယ့္စကားေတြေျပာခဲ့တာေျကာင့္ တျဖည္းျဖည္းဘုတ္အဖြဲ႕နဲ႔အက္ေျကာင္းျကီးမားလာျပီး အိုးထရက္ဖို႔ဒ္ကစြန္႔ခြာခဲ့ရတာျဖစ္ပါတယ္။ျပိဳင္ဘက္အသင္းေတြ အမွတ္စုေဆာင္းေနခ်ိန္မွာ ေမာ္ရင္ဟိုရဲ႕ အသင္းကေတာ့ ပြဲစဥ္၁၆အျပီး ၄ပြဲထိရံႈးနိမ့္ထားခဲ့တာေျကာင့္ ထိပ္ဆံုးေနရာနဲ႕အမွတ္ျပတ္  က်န္ခဲ့ရပါတယ္။ဒါတင္မက လီဗာပူးကို၃-၁နဲ႕ရံႈးနိမ့္ျပီးခ်ိန္  မွာစီနီယာကစားသမားေတြနဲ႕ေမာ္ရင္ဟိုတို႔ျကားျပသနာေတြရွိေနျပီဆိုတဲ့ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ဒါေျကာင့္ပဲ ယူနိုက္တက္နဲ႔လမ္းခြဲဟာ ေမာ္ရင္ဟိုအတြက္မ်က္နွာပ်က္စရာေတြအျပည့္နဲ႔ျဖစ္ခဲ့ပါတယ္။ဒါေပမယ့္ ေမာ္ရင္ဟိုဟာ self-confidenceလြန္ကဲသူတစ္ေယာက္ျဖစ္တာေျကာင့္ အဆိုးေတြျကားကရုန္းထြက္  ျပီး မျကာခင္ျပန္လည္နိႈးထလာလိမ့္မယ္လို႕ေမ်ွာ္လင့္ရပါတယ္။

လူမ်ိဳးခြဲျခားခဲ့တဲ့ပရိတ္သတ္အခ်ိဳ႕                                          

အဂၤလန္ပရီးမီးယားလိဂ္ဟာ အခ်မ္းသာဆံုး,အေက်ာ္ျကားဆံုးဆိုတဲ့ ဂုဏ္ပုဒ္ေတြပိုင္ဆိုင္လာခဲ့ေပမယ့္ အသားအေရာင္ခြဲျခားမႈေတြကေတာ့ က်န္ရွိေနပါေသးတယ္။ စတမ္းဖို႔ဒ္ဘရစ္မွာ လူမ်ိဳးခြဲျခားခံရျပီးေနာက္ စတာလင္က အင္စတာဂရမ္မွာ  ခံစားခ်က္ကိုဖြင့္ဟခဲ့ပါတယ္။''ခ်ယ္ဆီးနဲ႔ပြဲကကိစၥနဲ႔ပတ္သတ္ျပီး အဲ့ဒီအခ်ိန္ကက်ေနာ့္အမူအရာကိုျကည့္ရင္ သိနိုင္ပါတယ္။က်ေနာ္ရယ္ေနခဲ့ပါတယ္။ဘာလို႔ဆို ဒီလိုလူေတြဆီက ဒီထက္ပိုေကာင္းတဲ့အရာ မေမ်ွာ္လင့္ထားပါဘူး။''လို႔ စတာလင္ကေရးသားခဲ့ပါတယ္။ဒါ့အျပင္ ျဗိတိန္မီဒီယာေတြကအစ လူမ်ိဳးခြဲျခားမႈေတြကိုအားေပးအာေျမွာက္ျပဳေနတယ္လို႔ေဝဖန္သြားပါတယ္။ဒီရာသီမွာ အာဆင္နယ္တိုက္စစ္မွဴးအူဘာမီယန္းလည္း ပရိတ္သတ္တစ္ေယာက္ရဲ႕ လူမ်ိဳးခြဲျခားျခင္းကိုခံခဲ့ရပါေသးတယ္။ေျမာက္လန္ဒန္ဒါဘီမွာ စပါးပရိတ္သတ္တစ္ေယာက္က ငွက္ေပ်ာခြံနဲ႔ပစ္ေပါက္ခဲ့တာပါ။ဒီျဖစ္ရပ္ေတြအျပီးမွာ က်ဴးလြန္သူေတြဟာ တရားရင္ဆိုင္ခဲ့ရကာ ပြဲျကည့္ခြင့္ပိတ္ပင္ခံခဲ့ရ ပါတယ္။ဒါေပမယ့္ လူမ်ိဳးခြဲျခားမႈေတြရွိေနတယ္ဆိုတာ လိဂ္တစ္ခုလံုးရဲ႕ပံုရိပ္ကိုထိခိုက္ေစတာေျကာင့္ ဒီလိုအရိုင္းအစိုင္းေတြကို အသင္းတိုင္းက ကြင္းထဲဝင္ခြင့္ပိတ္ပင္ျပီး ေနာက္ထပ္ဒီလိုျဖစ္ရပ္ေတြမေပၚလာေစဖို႔ သတိေပးတားျမစ္မႈေတြလုပ္ေဆာင္ရေတာ့မွာျဖစ္ပါတယ္။

မီဆြတ္အိုေဇး                                        

အရည္ေသြးျမင့္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့အိုေဇးဟာ ျပီးခဲ့တဲ့လေတြအတြင္းမွာေတာ့ ေျခစြမ္းပိုင္းက်ဆင္းမႈေတြေျကာင့္ပံုမွန္ေနရာေပ်ာက္ဆံုးတဲ့အထိျဖစ္ခဲ့ပါတယ္။ရာသီအစက EPL နွစ္ပြဲဆက္ရံႈးျပီးခ်ိန္ကစလို႔ အူနိုင္းအမ္မရီဟာ သူ႔ကိုပစ္ပယ္လာတာပါ။2018 world cupမွာထဲက ဂ်ာမနီအသင္းနဲ႔အတူ အိုးေဇးရဲ႕ပံုရိပ္က်ဆင္းလာတာပါ။ တူရကီသမၼဆီအလည္သြားခဲ့တဲ့အိုေဇးကို ဂ်ာမနီေဘာလံုးအဖြဲ႔ခ်ဳပ္က ျပစ္တင္ခဲ့ရာမွာ ခြဲျခားဆက္ဆံတယ္လို႔ ခံစားရတာေျကာင့္ နိုင္ငံအသင္းကေနလည္း အနားယူခဲ့ပါတယ္။ဒီျဖစ္ရပ္ေတြက ကြင္းတြင္းေျခစြမ္းအေပၚပါရိုက္ခက္လာခဲ့ပါတယ္။အမ္မရီရဲ႕လုပ္အားနႈန္းေတာင္းဆိုမႈျမင့္တဲ့ pressingကစားဟန္ဟာ အိုေဇးအတြက္အံဝင္ဂြင္က်မ ျဖစ္ခဲ့တာေျကာင့္ အရန္ခံုတန္းမွာအခ်ိန္ကုန္ခဲ့တာပါ။ပြဲထြက္စာရင္းမွာျပန္ပါဖို႕ကအခြင့္ေရးနည္းေနျပီး ကာယပိုင္းအားျပိဳင္မႈေတြမွာအားနည္းခ်က္ရွိတာေျကာင့္ ျပန္လာနိုင္ဖို႔က ခရီးမေပါက္ပဲျဖစ္ေနတာပါ။ဂန္းနားတို႔ရဲ႕လက္နက္ျဖစ္ခဲ့တဲ့ အိုးေဇးဟာ အမ္မရီလက္ထပ္မွာေတာ့ သူ႔ရဲ႕ေန႔ရက္ေတြကုန္ဆံုးသြားျပီလားလို႕ထင္ခ်င္စရာရွိေနပါတယ္။ဒါေပမယ့္ ျပီးခဲ့တဲ့ဘန္ေလနဲ႔ပြဲမွာေတာ့ သူ႔အရည္အေသြးေတြကို တစ္ဖန္ထုတ္ျပနိုင္ခဲ့တာေျကာင့္ ခရစၥမတ္ပြဲက်တ္ကာလမွာ အိုးေဇးရဲ႕ ေပါက္ကြဲအားကို ျပန္ေတြ႕ရမလားေစာင့္ျကည့္ရမွာပါ။                  

ဖိနွိပ္ခံအသင္းေတြရဲ႕အေျခအေန                                      

ရာသီဝက္ကာလမေရာက္ခင္မွာေတာ့ အသင္းျကီးအခ်ိဳ႕ဟာ အမႊန္းတင္ခံရလြန္းေနျပီး ဘယ္အသင္းဆုဖလားသိမ္းပိုက္သြားမလဲစိတ္ဝင္စားစရာပါ။လီဗာပူးနဲ႔မန္စီးတီးဆိုရင္အလြန္ေကာင္မြန္တဲ့ရာသီအစကိုပိုင္ဆိုင္ခဲ့ျကျပီး လစ္ဗာငွက္တို႔ဆိုရင္ ခုခ်ိန္ထိရံႈးပြဲမရွိေသးပါဘူး။မန္စီးတီးလည္း လက္စတာနဲ႔  ခ်ယ္ဆီး ၂သင္းကိုသာရံႈးထားတာပါ။ဆာရီရဲ႕အသင္းလည္း ရံႈးပြဲ၂ပြဲသာရွိျပီး တစ္ပြဲကစပါးကိုရံႈးခဲ့တာပါ။ အလယ္အလတ္အသင္းနဲ႔ ဇယားေအာက္ေျခကအသင္းေတြနဲ႔ေတြ႕ရင္ ျဖစ္သင့္တဲ့ရလဒ္က္ို အရယူနိုင္ခဲ့ပါတယ္။တကယ္ေတာ့ PLထိပ္သီးငါးသင္းမွာ အာဆင္နယ္တစ္သင္းသာ ဇယားေအာက္က ေဆာက္သမ္တန္ကိုရံႈးခဲ့တာပါ။လာလီဂါနဲ႕နႈိင္းယွဥ္ရင္ေတာ့ ဘာစီနဲ႕ရီးရဲတို႔ အင္အားနည္းအသင္းေတြကိုရံႈးေနပါေသးတယ္။ဂ်ာမန္မွာလည္း ဘိုင္ယန္ရဲ႕ရလဒ္ေတြက တက္လိုက္က်လိုက္ပါပဲ။ဒါေျကာင့္ပရီးမီးယားလိဂ္ဟာ ျပိဳင္ဆိုင္မႈအျပင္းထန္ဆံုးဆိုတဲ့ ဂုဏ္ပုဒ္ကို တည္ျမဲေစခ်င္ရင္ ဇယားေအာက္ေျခအသင္းေတြအေနနဲ႔ ဒုတိယရာသီဝက္မွာ ပိုမိုအားထုတ္ရေတာ့မွာပါ။လက္ရွိမွာေတာ့ အသင္းျကီးေတြကို ျပန္မလွန္နိုင္ပဲ လြယ္လြယ္လက္ေျမွာက္ေနရပါတယ္။   

 ေပါလ္ေပါ့ဘာ                             


 ေပါ့ဘာအေျကာင္းကေတာ့ ကြင္းေတြေျခစြမ္းထက္ ေမာ္ရင္ဟိုနဲ႔ပါဝါအားျပိဳင္ျပီး ကေသာက္ကယက္လုပ္ခဲ့တာေတြက စိတ္ပ်က္စရာျဖစ္ေစတာပါ။ေပါ့ဘာဟာ ျပင္သစ္အသင္းရဲ႕ ကမာၻ ့ဖလားကိုင္ေျမွာက္ရာလမ္းေျကာင္းမွာ အဓိကေနရာကပါဝင္ေပးခဲ့တာေျကာင့္ ယူနိုက္တက္ကိုေတာက္ပတဲ့ေျခစြမ္းေတြယူေဆာင္လာဖို႕ ေမ်ွာ္လင့္ခဲ့ဲျကပါတယ္။ရာသီအစအဖြင့္ပြဲနွစ္ပြဲမွာေတာ့ နွစ္ဂိုးသြင္းျပီး ပံုစံေကာင္းျပခဲ့ပါေသးတယ္။ေနာက္ပိုင္းမွာေတာ့ ေမာ္ရင္ဟိုနဲ႕တင္းမာမႈေတြျဖစ္ျပီး အာဆင္နယ္နဲ႔ပြဲမွာ၁၅မိနစ္ခန္႕သာပါဝင္ခဲ့ရသလို လီဗာပူးနဲ႔ပြဲမွာဆိုရင္ ဝင္ကစားခြင့္ေတာင္မရခဲ့ပါဘူး။အခုေမာ္ရင္ဟိုလည္းထြက္သြားပါျပီ။အေစာပိုင္းက စိတ္ပ်က္စရာအေျခေနေတြကို ေမ့ပစ္ျပီး နည္းျပသစ္ဆိုးရွားလ္လက္ေအာက္မွာ အေကာင္းဆံုးပံုစံကို ျပန္လည္ရွာေဖြနိုင္မလားပဲေစာင့္ျကည့္ရေတာ့မွာပါ။

(Unicode)

မော်ရင်ဟို,ပေါဘာတို့အကြောင်းအပါအဝင် EPLရာသီဝက်စိတ်ပျက်စရာအကောင်းဆုံးဖြစ်ရပ်များ         

 မော်ရင်ဟိုနဲ့ ပေါ့ဘာဟာ ပရီးမီးယားလိဂ်ရာသီဝက်ရဲ့ ဂုဏ်သိက္ခာကျစရာဖြစ်ရပ်တွေမှာပါဝင်နေခဲ့ပါတယ်။ရာသီဝက်ရောက်လာတာနဲ့အမျှ ပရီးမီးယားလိဂ်ပြိုင်ပွဲ မာရသွန်ပြေးလမ်းဟာ အရှိန်မြင့်လာခဲ့ပါတယ်။ဆုဖလားယူမယ့်အသင်းနဲ့ တန်းဆင်းဇုန်အခြေအနေတွေကို ဆုံးဖြတ်ဖို့စောလွန်းနေသေးပေမယ့် ရာသီဝက်မှာ သတင်းဆိုးထွက်သူတွေရှိခဲ့ပါတယ်။လက်ရှိအချိန်မှာ လီဗာပူးနဲ့မန်စီးတီးကလွဲရင် ကျန်အသင်းတွေရဲ့အခြေအနေက  ကျေနပ်စရာအတိမဖြစ်ခဲ့ပါဘူး။မန်ချက်စတာယူနိုက်တက်ကတော့ ရာသီမစခင်ကသူတိူ့ရဲ့မျှော်လင့်ချက်တွေနဲ့ အဝေးမှာရောက်နေပါတယ်။special oneမော်ရင်ဟိုတစ်ယောက်လည်းထုတ်ပယ်မခံရမှီအထိ ဝေဖန်မှုတွေအတော်ခံရတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ်နှစ်သစ်ကို အကောင်းဆုံးပြန်စဖို့လူတိုင်းမှာအခွင့်အရေးကိုယ်စီရှိနေကြပါတယ်။ရာသီဝက်ရဲ့ပြောစရာအကြောင်းတွေကိုပြန်ပြောင်းကြည့်လိုက်ရင်....                                     


 မော်ရင်ဟို   

ဒုတိယရာသီမှာအောင်မြင်မှုရသလောက် တတိယရာသီရောက်ရင် ကြမ္မာဆိုးဝင်တက်တဲ့မော်ရင်ဟိုရဲ့အစဉ်အလာကတော့ မပြောင်းသေးပါဘူး။ခုလည်းမကြာသေးခင်ကပဲယူနိုက်တက်ကထုတ်ပယ်ခံရခဲ့ပါပြီ။ဒီအခြေအနေတွေအတွက် သူ့ကိုယ်သူသာ ပြန်အပြစ်တင်နေသင့်ပါတယ်။ရာသီမစခင်ထဲက မီဒီယာတွေရှေ့မှာ ဂယက်ရိုက်စေမယ့်စကားတွေပြောခဲ့တာကြောင့် တဖြည်းဖြည်းဘုတ်အဖွဲ့နဲ့အက်ကြောင်းကြီးမားလာပြီး အိုးထရက်ဖို့ဒ်ကစွန့်ခွာခဲ့ရတာဖြစ်ပါတယ်။ပြိုင်ဘက်အသင်းတွေ အမှတ်စုဆောင်းနေချိန်မှာ မော်ရင်ဟိုရဲ့ အသင်းကတော့ ပွဲစဉ်၁၆အပြီး ၄ပွဲထိရှုံးနိမ့်ထားခဲ့တာကြောင့် ထိပ်ဆုံးနေရာနဲ့အမှတ်ပြတ်  ကျန်ခဲ့ရပါတယ်။ဒါတင်မက လီဗာပူးကို၃-၁နဲ့ရှုံးနိမ့်ပြီးချိန်  မှာစီနီယာကစားသမားတွေနဲ့မော်ရင်ဟိုတို့ကြားပြသနာတွေရှိနေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်ပဲ ယူနိုက်တက်နဲ့လမ်းခွဲဟာ မော်ရင်ဟိုအတွက်မျက်နှာပျက်စရာတွေအပြည့်နဲ့ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မော်ရင်ဟိုဟာ self-confidenceလွန်ကဲသူတစ်ယောက်ဖြစ်တာကြောင့် အဆိုးတွေကြားကရုန်းထွက်  ပြီး မကြာခင်ပြန်လည်နှိုးထလာလိမ့်မယ်လို့မျှော်လင့်ရပါတယ်။

လူမျိုးခွဲခြားခဲ့တဲ့ပရိတ်သတ်အချို့                                          

အင်္ဂလန်ပရီးမီးယားလိဂ်ဟာ အချမ်းသာဆုံး,အကျော်ကြားဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေပိုင်ဆိုင်လာခဲ့ပေမယ့် အသားအရောင်ခွဲခြားမှုတွေကတော့ ကျန်ရှိနေပါသေးတယ်။ စတမ်းဖို့ဒ်ဘရစ်မှာ လူမျိုးခွဲခြားခံရပြီးနောက် စတာလင်က အင်စတာဂရမ်မှာ  ခံစားချက်ကိုဖွင့်ဟခဲ့ပါတယ်။''ချယ်ဆီးနဲ့ပွဲကကိစ္စနဲ့ပတ်သတ်ပြီး အဲ့ဒီအချိန်ကကျနော့်အမူအရာကိုကြည့်ရင် သိနိုင်ပါတယ်။ကျနော်ရယ်နေခဲ့ပါတယ်။ဘာလို့ဆို ဒီလိုလူတွေဆီက ဒီထက်ပိုကောင်းတဲ့အရာ မမျှော်လင့်ထားပါဘူး။''လို့ စတာလင်ကရေးသားခဲ့ပါတယ်။ဒါ့အပြင် ဗြိတိန်မီဒီယာတွေကအစ လူမျိုးခွဲခြားမှုတွေကိုအားပေးအာမြှောက်ပြုနေတယ်လို့ဝေဖန်သွားပါတယ်။ဒီရာသီမှာ အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းလည်း ပရိတ်သတ်တစ်ယောက်ရဲ့ လူမျိုးခွဲခြားခြင်းကိုခံခဲ့ရပါသေးတယ်။မြောက်လန်ဒန်ဒါဘီမှာ စပါးပရိတ်သတ်တစ်ယောက်က ငှက်ပျောခွံနဲ့ပစ်ပေါက်ခဲ့တာပါ။ဒီဖြစ်ရပ်တွေအပြီးမှာ ကျူးလွန်သူတွေဟာ တရားရင်ဆိုင်ခဲ့ရကာ ပွဲကြည့်ခွင့်ပိတ်ပင်ခံခဲ့ရ ပါတယ်။ဒါပေမယ့် လူမျိုးခွဲခြားမှုတွေရှိနေတယ်ဆိုတာ လိဂ်တစ်ခုလုံးရဲ့ပုံရိပ်ကိုထိခိုက်စေတာကြောင့် ဒီလိုအရိုင်းအစိုင်းတွေကို အသင်းတိုင်းက ကွင်းထဲဝင်ခွင့်ပိတ်ပင်ပြီး နောက်ထပ်ဒီလိုဖြစ်ရပ်တွေမပေါ်လာစေဖို့ သတိပေးတားမြစ်မှုတွေလုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

မီဆွတ်အိုဇေး                                        

အရည်သွေးမြင့်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့အိုဇေးဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာတော့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့်ပုံမှန်နေရာပျောက်ဆုံးတဲ့အထိဖြစ်ခဲ့ပါတယ်။ရာသီအစက EPL နှစ်ပွဲဆက်ရှုံးပြီးချိန်ကစလို့ အူနိုင်းအမ်မရီဟာ သူ့ကိုပစ်ပယ်လာတာပါ။2018 world cupမှာထဲက ဂျာမနီအသင်းနဲ့အတူ အိုးဇေးရဲ့ပုံရိပ်ကျဆင်းလာတာပါ။ တူရကီသမ္မဆီအလည်သွားခဲ့တဲ့အိုဇေးကို ဂျာမနီဘောလုံးအဖွဲ့ချုပ်က ပြစ်တင်ခဲ့ရာမှာ ခွဲခြားဆက်ဆံတယ်လို့ ခံစားရတာကြောင့် နိုင်ငံအသင်းကနေလည်း အနားယူခဲ့ပါတယ်။ဒီဖြစ်ရပ်တွေက ကွင်းတွင်းခြေစွမ်းအပေါ်ပါရိုက်ခက်လာခဲ့ပါတယ်။အမ်မရီရဲ့လုပ်အားနှုန်းတောင်းဆိုမှုမြင့်တဲ့ pressingကစားဟန်ဟာ အိုဇေးအတွက်အံဝင်ဂွင်ကျမ ဖြစ်ခဲ့တာကြောင့် အရန်ခုံတန်းမှာအချိန်ကုန်ခဲ့တာပါ။ပွဲထွက်စာရင်းမှာပြန်ပါဖို့ကအခွင့်ရေးနည်းနေပြီး ကာယပိုင်းအားပြိုင်မှုတွေမှာအားနည်းချက်ရှိတာကြောင့် ပြန်လာနိုင်ဖို့က ခရီးမပေါက်ပဲဖြစ်နေတာပါ။ဂန်းနားတို့ရဲ့လက်နက်ဖြစ်ခဲ့တဲ့ အိုးဇေးဟာ အမ်မရီလက်ထပ်မှာတော့ သူ့ရဲ့နေ့ရက်တွေကုန်ဆုံးသွားပြီလားလို့ထင်ချင်စရာရှိနေပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ဘန်လေနဲ့ပွဲမှာတော့ သူ့အရည်အသွေးတွေကို တစ်ဖန်ထုတ်ပြနိုင်ခဲ့တာကြောင့် ခရစ္စမတ်ပွဲကျတ်ကာလမှာ အိုးဇေးရဲ့ ပေါက်ကွဲအားကို ပြန်တွေ့ရမလားစောင့်ကြည့်ရမှာပါ။                  

ဖိနှိပ်ခံအသင်းတွေရဲ့အခြေအနေ                                      

ရာသီဝက်ကာလမရောက်ခင်မှာတော့ အသင်းကြီးအချို့ဟာ အမွှန်းတင်ခံရလွန်းနေပြီး ဘယ်အသင်းဆုဖလားသိမ်းပိုက်သွားမလဲစိတ်ဝင်စားစရာပါ။လီဗာပူးနဲ့မန်စီးတီးဆိုရင်အလွန်ကောင်မွန်တဲ့ရာသီအစကိုပိုင်ဆိုင်ခဲ့ကြပြီး လစ်ဗာငှက်တို့ဆိုရင် ခုချိန်ထိရှုံးပွဲမရှိသေးပါဘူး။မန်စီးတီးလည်း လက်စတာနဲ့  ချယ်ဆီး ၂သင်းကိုသာရှုံးထားတာပါ။ဆာရီရဲ့အသင်းလည်း ရှုံးပွဲ၂ပွဲသာရှိပြီး တစ်ပွဲကစပါးကိုရှုံးခဲ့တာပါ။ အလယ်အလတ်အသင်းနဲ့ ဇယားအောက်ခြေကအသင်းတွေနဲ့တွေ့ရင် ဖြစ်သင့်တဲ့ရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။တကယ်တော့ PLထိပ်သီးငါးသင်းမှာ အာဆင်နယ်တစ်သင်းသာ ဇယားအောက်က ဆောက်သမ်တန်ကိုရှုံးခဲ့တာပါ။လာလီဂါနဲ့နှိုင်းယှဉ်ရင်တော့ ဘာစီနဲ့ရီးရဲတို့ အင်အားနည်းအသင်းတွေကိုရှုံးနေပါသေးတယ်။ဂျာမန်မှာလည်း ဘိုင်ယန်ရဲ့ရလဒ်တွေက တက်လိုက်ကျလိုက်ပါပဲ။ဒါကြောင့်ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို တည်မြဲစေချင်ရင် ဇယားအောက်ခြေအသင်းတွေအနေနဲ့ ဒုတိယရာသီဝက်မှာ ပိုမိုအားထုတ်ရတော့မှာပါ။လက်ရှိမှာတော့ အသင်းကြီးတွေကို ပြန်မလှန်နိုင်ပဲ လွယ်လွယ်လက်မြှောက်နေရပါတယ်။   

 ပေါလ်ပေါ့ဘာ                             

 ပေါ့ဘာအကြောင်းကတော့ ကွင်းတွေခြေစွမ်းထက် မော်ရင်ဟိုနဲ့ပါဝါအားပြိုင်ပြီး ကသောက်ကယက်လုပ်ခဲ့တာတွေက စိတ်ပျက်စရာဖြစ်စေတာပါ။ပေါ့ဘာဟာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားကိုင်မြှောက်ရာလမ်းကြောင်းမှာ အဓိကနေရာကပါဝင်ပေးခဲ့တာကြောင့် ယူနိုက်တက်ကိုတောက်ပတဲ့ခြေစွမ်းတွေယူဆောင်လာဖို့ မျှော်လင့်ခဲ့ဲကြပါတယ်။ရာသီအစအဖွင့်ပွဲနှစ်ပွဲမှာတော့ နှစ်ဂိုးသွင်းပြီး ပုံစံကောင်းပြခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့ မော်ရင်ဟိုနဲ့တင်းမာမှုတွေဖြစ်ပြီး အာဆင်နယ်နဲ့ပွဲမှာ၁၅မိနစ်ခန့်သာပါဝင်ခဲ့ရသလို လီဗာပူးနဲ့ပွဲမှာဆိုရင် ဝင်ကစားခွင့်တောင်မရခဲ့ပါဘူး။အခုမော်ရင်ဟိုလည်းထွက်သွားပါပြီ။အစောပိုင်းက စိတ်ပျက်စရာအခြေနေတွေကို မေ့ပစ်ပြီး နည်းပြသစ်ဆိုးရှားလ်လက်အောက်မှာ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေနိုင်မလားပဲစောင့်ကြည့်ရတော့မှာပါ။

No comments

Powered by Blogger.