Header Ads


မန်ယူနိုက်တက်ပရိတ်သတ်တွေကိုသရော်လိုက်ပြန်တဲ့အလန်ရှီးယား


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အလန်ရှီးယားရွေးချယ်တဲ့ ပရီးမီယားလိပ် ၁၈ ပွဲစဉ်များရဲ့ အကောင်းဆုံးကစားသမား ၁၁ယောက်ပါ အသင်းဟာမန်ချက်စတာယူနိုက်တက်ပရိတ်သတ်တွေအတွက်မကျေနပ်စရာဖြစ်ခဲ့ပါတယ်။နယူးကာဆယ်သူရဲကောင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိပ်ရဲ့ အကောင်းဆုံး၁၁ယောက်လူစာရင်းကို မနေ့ မနက်ပိုင်းကရွေးချယ်ခဲ့ပါတယ်။ဒါပင်မယ့်လည်း ကာဒဖ်နဲ့ ပွဲမှာအစွမ်းပြခဲ့ကြတဲ့ယူနိုက်တက်ကစားသမားတွေထဲကတစ်ယောက်လေးကိုတောင်မရွေးချယ်ခဲ့ပါဘူဒ။

အဆိုပါပွဲမှာတော့ နည်းပြသစ်ဆိုလ်ရှားရဲ့ ပွဲထုတ်လူစာရင်းမှာ အဓိကခြေစွမ်းပြခဲ့ကြတာကတော့ ပေါ့ဘာနဲ့ လင်ဂတ်တို့ ပဲဖြစ်ပါတယ်။ကာဒဖ်ကို - ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ပေါ့ဘာဆို ၃ဂိုးထိဂိုးဖန်တီးပေးခဲ့ပြီး လင်ဂတ်က ၂ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း အလန်ရှီးယားကတော့ တစ်ခြားကစားသမားတွေကိုသာရွေးချယ်ခဲ့ပြီး ယူနိုက်တက်ကစားသမားတွေကိုရွေးချယ်ဖို့ ပျက်ကွယ်ခဲ့တာကြောင့်ယူနိုက်တက်ပရိတ်သတ်တွေက တွစ်တာစာမျက်နှာတွေမှာ အလန်ရှီးယားကိုဝေဖန်နေကြတာပဲဖြစ်ပါတယ်။

ယူနိုက်တက်က - နဲ့ နိုင်တယ်လေ။တစ်ယောက်လေးတောင်မပါဘူးလားဟလို့ တွစ်တာအသုံးပြုသူတစ်ဦးက အလန်ရှီးယားရဲ့ ဒီတစ်ပတ်အကောင်းဆုံး၁၁ယောက်စာရင်းကိုတုံ့ ပြန်ပြောကြားခဲ့ပါတယ်။

အာကစားဝေဖန်ရေးအဖြစ်လုပ်ကိုင်နေတဲ့အလန်ရှီးယားကတော့ ဒီလိုလေးလှလှပပ သရော်လိုက်ပါတယ်။

အခု၅လတောင်ရှိနေပြီ။ကျွန်တော်အံသြသင့်နေတာပါ။မန်ယူနိုက်တက်ပရိတ်သတ်တွေအရင်လတွေကဘယ်ရောက်နေကြလဲမသိဘူးဗျာ၊လို့ ဆိုလိုက်တာပဲဖြစ်ပါတယ်။

အလန်ရှီးယားကတော့ ဘန်လေနဲ့ ပွဲမှာ ၂ဂိုးသွင်းခဲ့တဲ့ အူဘားမီးယန်း၊အဲဗာတန်နဲ့ ပွဲမှာသူရဲကောင်းဖြစ်ခဲ့တဲ့ ဟွန်ဆောင်မင်နဲ့ မန်စီးတီးနဲ့ ပွဲမှာ ဗော်လီကစ်ဂိုးရှင်တောင်ဆန်တို့ ကိုရွေးချယ်ခဲ့ပါတယ်။အခုအချိန်မှာတော့ယူနိုက်တက်ပရိတ်သတ်များဟာ အလန်ရှီးယားကို ပြန်လည်သရော်နေကြပြီပဲဖြစ်ပါတယ်။


ယူနိုက်တက်အသင်းဟာ ဘောက်ဆင်ဒေးမှာ ဟယ်ဒါလ်ဖီးလ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရဖို့ ရှိပြီး နည်းပြသစ်ဆိုလ်ရှားအတွက်လည်းပထမဆုံးအိမ်ကွင်းပွဲဖြစ်လာတော့မှာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.