Header Ads


ဆြန္ေဟာင္မင္းရဲ့စြမ္းေဆာင္ရည္ေတြကိုလာမယ့္ဇန္န၀ါရီမွာလြမ္းဆြတ္ရေတာ့မယ္ေတာ့တင္ဟမ္ေဟာ့စပါး





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အသက္၂၆ႏွစ္အရြယ္ေတာင္ကိုရီးယားလက္ေရြးစင္ကစားသမားဆြန္ေဟာင္မင္း ဟာ ပရီးမီးယားလိဂ္ ရဲ႕ေၾကာက္စရာသိပ္ေကာင္းလြန္းတဲ့ကစားသမားတစ္ဦးလို႔ဆိုရင္မွားမည္မထင္ပါဘူး။သူဟာ ထိပ္သီး၆သင္းထဲမွာ သူကလူသိနည္းတဲ့ Killerတစ္ေယာက္ျဖစ္ေနပါတယ္။စပါးအသင္းက သူ ့ကို ၂၀၁၅ခုႏွစ္က ေပါင္၂၂သန္းႏွင့္ ေလဗာကူဆင္အသင္းထံမွေခၚယူခဲ့ၿပီး အာ႐ွသားကစားသမားေတြထဲမွာေပါက္ကြဲအားအၾကမ္းဆံုးကစားသမားတစ္ေယာက္အျဖစ္သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

ဆြန္ဟာ စပါးအသင္းကသူ ့ကိုဂ်ာမန္ကလပ္ထံမွဝယ္ယူခဲ့တဲ့ေစ်းထပ္တန္ေအာင္ကစားျပေနၿပီး ဟမ္းဘတ္ႏွင့္ေလဗာကူဆင္အသင္းကစားသမားေဟာင္း ဆြန္း ဟာ ပိုခ်က္တီႏိုရဲ႕ တိုက္စစ္မွာအသံုးေတာ္ခံကာ ေျခစြမ္းျပေနသူတစ္ဦးလည္းျဖစ္ပါတယ္။ဆြန္းဟာစပါးအသင္းအတြက္ပြဲေပါင္း၁၁၂ပြဲကစားေပးထားကာ ဂိုး၃၅ဂိုး ႏွင့္ ဂိုးပံ့ပိုးမႈ၁၆ႀကိမ္အထိႀကိဳးပမ္းေပးထားပါတယ္။

ဆြန္ေဟာင္မင္း ဟာစပါးအသင္းမွာ တိုက္စစ္မႈးတစ္ဦးအျဖစ္လည္းေကာင္း ေတာင္ပံကစားသမားအျဖစ္လည္းေကာင္းက်ရာေနရာမွာအေကာင္းဆံုးကစားႏိုင္ၿပီးစပါးအသင္းကမူ အဂၤလန္တိုက္စစ္မႈးဟာရီကိန္းကိုပထမဦးစားေပးတိုက္စစ္မႈးအျဖစ္ထားကစားလ်က္႐ွိေနပါတယ္။

ယခုနွစ္မွာေတာ့ ဆြန္ေဟာင္မင္း ကသူကစားရမည့္ေနရာအတြက္ပူပန္စရာမလိုဘဲပံုမွန္ကစားခြင့္ရကာ စပါးအသင္းအတြက္၁၄ပဲြကစားေပးထားၿပီး ၆ဂိုးသြင္းကာ ၆ႀကိမ္ဂိုးဖန္တီးေပးပို႔မႈျပဳလုပ္ေပးထားပါတယ္။ဒါေပမယ့္စပါးအသင္းကေတာ့သူကိုAFC အာ႐ွဖလား ျပိဳင္ပြဲမွာ ႏိုင္ငံလက္ေရြးစင္အသင္းကိုကိုယ္စားျပဳယွဥ္ၿပိဳင္ရန္အတြက္ လႊတ္ေပးရမွာျဖစ္တာေၾကာင့္ပိုခ်က္တီႏိုႏွင့္သူရဲ႕ပရိသတ္ေတြကေတာ့သတိရေနေတာ့မွာျဖစ္ပါတယ္။ဆြန္ဟာႏိုင္ငံေတာ္ကေပးအပ္တဲ့မျဖစ္မေနထမ္းေဆာင္ရမည့္စစ္မႈထမ္းတာဝန္ကုိအထူးဆုအေနႏွင့္လြတ္ၿငိမ္းခ်မ္းသာခြင့္ရ႐ွိထားသူျဖစ္ၿပီးအာဆင္နယ္အသင္းကို EFLဖလားကေနျပဳတ္ေအာင္အပီျဖဳတ္ခဲ့သူလည္းျဖစ္ပါတယ္။

(Unicode)

ဆွန်ဟောင်မင်းရဲ့စွမ်းဆောင်ရည်တွေကိုလာမယ့်ဇန်နဝါရီမှာလွမ်းဆွတ်ရတော့မယ်တော့တင်ဟမ်ဟော့စပါး



အသက်၂၆နှစ်အရွယ်တောင်ကိုရီးယားလက်ရွေးစင်ကစားသမားဆွန်ဟောင်မင်း ဟာ ပရီးမီးယားလိဂ် ရဲ့ကြောက်စရာသိပ်ကောင်းလွန်းတဲ့ကစားသမားတစ်ဦးလို့ဆိုရင်မှားမည်မထင်ပါဘူး။သူဟာ ထိပ်သီး၆သင်းထဲမှာ သူကလူသိနည်းတဲ့ Killerတစ်ယောက်ဖြစ်နေပါတယ်။စပါးအသင်းက သူ့ကို ၂၀၁၅ခုနှစ်က ပေါင်၂၂သန်းနှင့် လေဗာကူဆင်အသင်းထံမှခေါ်ယူခဲ့ပြီး အာရှသားကစားသမားတွေထဲမှာပေါက်ကွဲအားအကြမ်းဆုံးကစားသမားတစ်ယောက်အဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ဆွန်ဟာ စပါးအသင်းကသူ့ကိုဂျာမန်ကလပ်ထံမှဝယ်ယူခဲ့တဲ့ဈေးထပ်တန်အောင်ကစားပြနေပြီး ဟမ်းဘတ်နှင့်လေဗာကူဆင်အသင်းကစားသမားဟောင်း ဆွန်း ဟာ ပိုချက်တီနိုရဲ့ တိုက်စစ်မှာအသုံးတော်ခံကာ ခြေစွမ်းပြနေသူတစ်ဦးလည်းဖြစ်ပါတယ်။ဆွန်းဟာစပါးအသင်းအတွက်ပွဲပေါင်း၁၁၂ပွဲကစားပေးထားကာ ဂိုး၃၅ဂိုး နှင့် ဂိုးပံ့ပိုးမှု၁၆ကြိမ်အထိကြိုးပမ်းပေးထားပါတယ်။

ဆွန်ဟောင်မင်း ဟာစပါးအသင်းမှာ တိုက်စစ်မှုးတစ်ဦးအဖြစ်လည်းကောင်း တောင်ပံကစားသမားအဖြစ်လည်းကောင်းကျရာနေရာမှာအကောင်းဆုံးကစားနိုင်ပြီးစပါးအသင်းကမူ အင်္ဂလန်တိုက်စစ်မှုးဟာရီကိန်းကိုပထမဦးစားပေးတိုက်စစ်မှုးအဖြစ်ထားကစားလျက်ရှိနေပါတယ်။

ယခုနှစ်မှာတော့ ဆွန်ဟောင်မင်း ကသူကစားရမည့်နေရာအတွက်ပူပန်စရာမလိုဘဲပုံမှန်ကစားခွင့်ရကာ စပါးအသင်းအတွက်၁၄ပွဲကစားပေးထားပြီး ၆ဂိုးသွင်းကာ ၆ကြိမ်ဂိုးဖန်တီးပေးပို့မှုပြုလုပ်ပေးထားပါတယ်။ဒါပေမယ့်စပါးအသင်းကတော့သူကိုAFC အာရှဖလား ပြိုင်ပွဲမှာ နိုင်ငံလက်ရွေးစင်အသင်းကိုကိုယ်စားပြုယှဉ်ပြိုင်ရန်အတွက် လွှတ်ပေးရမှာဖြစ်တာကြောင့်ပိုချက်တီနိုနှင့်သူရဲ့ပရိသတ်တွေကတော့သတိရနေတော့မှာဖြစ်ပါတယ်။ဆွန်ဟာနိုင်ငံတော်ကပေးအပ်တဲ့မဖြစ်မနေထမ်းဆောင်ရမည့်စစ်မှုထမ်းတာဝန်ကိုအထူးဆုအနေနှင့်လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားသူဖြစ်ပြီးအာဆင်နယ်အသင်းကို EFLဖလားကနေပြုတ်အောင်အပီဖြုတ်ခဲ့သူလည်းဖြစ်ပါတယ်။

No comments

Powered by Blogger.