Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘာစီလိုနာ ၅-၀ လီဗန်တေးပွဲမှာ ၃ဂိုးသွင်း ၂ဂိုးဖန်ပေးခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ လာလီဂါအောင်ပွဲ ကို ၃၂၃ ပွဲကို မှတ်တမ်းတင်စိုက်ထူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် လိပ်ပွဲနိုင်ပွဲရအများဆုံးကစားသမားဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
(Unicode)
စူပါဆန်းဒေးပွဲစဉ်များအပြီးနောက်ဆုံးသတင်းတိုများစုစည်းတင်ဆက်မှု
ဆောက်တမ်တန်အသင်းရဲ့ခေါင်းတိုက်ဂိုး ၃ဂိုးကြောင့် ၂၂ပွဲဆက်ရှုံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့ရတဲ့ အာဆင်နယ်အသင်းကို နည်းပြအမ်မရီက သူတို့အသင်းဟာ ချန်ပီယံလိပ်ဝင်ခွင့်ရဖို့ရုန်းကန်ရနိုင်ချေရှိတယ်လို့သတိပေးပြောဆိုလိုက်ပါတယ်။
လီဗာပူးလ်အသင်းရဲ့မြန်နှုန်းမြင့်ပြေးအားတွေရုန်အားတွေကြား သူငေးမောကြည့်ရင်းမောပန်းနေခဲ့ကြောင်း အထူးသဖြင့် လီဗာပူးလ်နောက်ခံလူရောဘတ်ဆန်ရဲ့ပြေးအားတိုးအားတွေဟာ အရမ်းကိုမြန်ဆန်ကြောင်း သူ့ကိုကြည့်ရင်း မောပန်းနေခဲ့ကြောင်း နည်းပြမော်ရင်ဟိုက လီဗာပူးလ်အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး ချီးကျူးပြောကြားသွားခဲ့ပါတယ်။
လီဗာပူးလ်နည်းပြဂျာဂန်ကလော့က ပွဲထွက်ခွင့်သိပ်မရတဲ့ကစားသမားတိုင်းကိုတော့ သူပျော်အောင်လုပ်ပေးနိုင်မယ်လို့တောင်မထင်ကြောင်း ဒါပင်မယ့်လည်း ဒါဟာလီဗာပူးလ်အသင်းအတွက်ပြဿနာမဟုတ်ကြောင်းဆိုလိုက်ပါတယ်။
ဘာစီလိုနာ ၅-၀ လီဗန်တေးပွဲမှာ ၃ဂိုးသွင်း ၂ဂိုးဖန်ပေးခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ လာလီဂါအောင်ပွဲ ကို ၃၂၃ ပွဲကို မှတ်တမ်းတင်စိုက်ထူနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းသမိုင်းတစ်လေ ျှာက် လိပ်ပွဲနိုင်ပွဲရအများဆုံးကစားသမားဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
ပေါ့ဘာကို ဘာလို့ထည့်မသုံးတာလည်းမေးမြန်းခဲ့တဲ့အပေါ်နည်းပြမော်ရင်ဟိုက အသင်းရဲ့ကွင်းလယ်အတွက် သူဟာမာတစ်၊ဟာရဲရား နဲ့မာတာတို့နဲ့အဆင်ပြေနေတာကြောင့်လို့ဆိုလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲမှာ ပြသခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့စွမ်းဆောင်ရည်ဟာ အပြီးပြည့်စုံဆုံးသော စွမ်းဆောင်ရည်ပဲလို့လီဗာပူးလ်နည်းပြဂျာဂန်ကလော့က ချီးကျူးပြောကြားလိုက်ပါတယ်။
နည်းပြမော်ရင်ဟိုက သူ့ကစားသမားတွေဟာ ရာနှုန်းပြည့်ပေးဆပ်ကစားနေတာကြောင့် ရိုးသားကြတယ်လို့ယုံကြည်ကြောင်းပြောကြားလိုက်ပါတယ်။ယူနိုက်တက်ဟာ လီဗာပူးလ်အသင်းရဲ့၃၆ ကြိမ်အထိဂိုးပေါက်ချိန်းခြောက်မှုကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါ့အပြင် ၁၉၉၀-၉၁ နောက်ပိုင်းအသင်းသမိုင်းတစ်လေ ျှာက် ပရီးမီးယားလိပ်ရာသီအစ ရလဒ်အဆိုးရွားဆုံး ဖြစ်နေတာပဲဖြစ်ပါတယ်။
လီဗာပူးလ်ပရိတ်သတ်များက ပွဲအပြီးမှာတော့နည်းပြမော်ရင်ဟိုက မထုတ်ပယ်ဖို့သီချင်းလုပ်ဆိုက နည်းပြမော်ရင်ဟို ကို အားပေးခဲ့ကြကြောင်းသိရပါတယ်။
Post a Comment