Header Ads


ဒိုင္ဘာလာရဲ ့အလြန္လွပတဲ့သြင္းဂိုးကိုဖ်က္ဆီးမိသလိုျဖစ္ခဲ့တဲ့အသင္းေဖာ္ရိုနယ္ဒို



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဗုဒၶဟူးေန႔ ညမွာယွဥ္ၿပိဳင္ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ထူးထူးျခားျခားပြဲစဥ္ေတြျဖစ္ခဲ့ၿပီး အုပ္စု Hရဲ႕ဦးေဆာင္တဲ့စီးရီးေအထိပ္သီးအသင္းဂ်ဴဗင္တပ္စ္အသင္းဟာ အုပ္စုHရဲ႕အားအနည္းဆံုး အသင္းယန္းဘြိဳင္း အသင္းကို ၂ဂိုး ၁ဂိုးႏွင့္႐ွံုးနိမ့္ခဲ့ပါတယ္။

သို႔ေသာ္လည္း အုပ္စုပထမအျဖစ္ဆက္လက္ရပ္တည္ကာ ၁၆သင္း႐ွံုးထြက္အဆင့္ကိုတက္ေရာက္သြားခဲ့ပါတယ္။အေၾကာင္းက ဗလင္စီယာအသင္းက အုပ္စုဒုတိယက ယူႏိုက္တက္အသင္းကိုအႏိုင္ရ႐ွိခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္အသင္းဟာ အဆိုပါပြဲစဥ္မွာ သေရတစ္မွတ္ရ႐ွိဖို႔အေၾကာင္းဖန္ခဲ့ေသာ္လည္းကံအားေလ်ာ္စြာျဖင့္လူကြၽန္ဂိုးအျဖစ္သတ္မွတ္ခဲ့တာေၾကာင့္သေရမွတ္ရ႐ွိဖို႔လႊဲေခ်ာ္သြားခဲ့ပါတယ္။


အေၾကာင္းကေတာ့အသင္းရဲ႕ကစားသမားဒိုင္ဘာလာလွလွပပ မထင္မွတ္ဘဲအျပင္းကန္သြင္းခဲ့တဲ့အလံုးကို လူကြၽံအေနအထားမွာ႐ွိတဲ့႐ိုနယ္လ္ဒိုက ေခါင္းျဖင့္ ထပ္မံဂိုးသြင္းယူခဲ့တာေျကာင့္ဒိုင္လူႀကီးမွဂိုးအျဖစ္သတ္မွတ္ေပးျခင္းမ႐ွိကာ လူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့ပါတယ္။

လူမႈကြန္ရက္မွာေတာ့အဆိုပါဂိုးအေပၚပရိသတ္မ်ားက ေဝဖန္ေလကန္ေရးအျပင္းအထန္လုပ္လ်က္႐ွိေနပါတယ္။

"ဒါကေတာ့တကယ္ဝမ္းနည္းစရာပါပဲ ဒိုင္ဘာလာရဲ႕ႀကိဳးစားပမ္းစားတိုက္စစ္ဆင္မႈကို႐ိုနယ္လ္ဒိုကဖ်က္လိုဖ်က္ဆီးလိုက္တယ္ဗ်ာ"

"ဒိုင္ဘာလာရဲ႕အလံုးကတကယ္ကိုေၾကာက္စရာေကာင္းလြန္းပါတယ္။ၿပီးေတာ့႐ိုနယ္လ္ဒိုကလူကြ်ံအေနအထားနဲ့ သူရဲ႕လွပမႈကိုေခါင္းမွာဓားတပ္ၿပီးဖ်က္ဆီးလိုက္တယ္ဗ်ာ"


"႐ိုနယ္လ္ဒိုက ဒိုင္ဘာလာရဲ႕ဂိုးကို လုဖို႔ၾကံေနလိုက္တာ ကံဆိုးၿပီးဒိုင္ကခြင့္မျပဳခဲ့တာ ရယ္စရာပါပဲ"

(Unicode)

ဒိုင်ဘာလားရဲ့အလွန်လှပတဲ့သွင်းဂိုးကိုဖျက်ဆီးမိသလိုဖြစ်ခဲ့တဲ့အသင်းဖော်ရိုနယ်ဒို



ဗုဒ္ဓဟူးနေ့ ညမှာယှဉ်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ထူးထူးခြားခြားပွဲစဉ်တွေဖြစ်ခဲ့ပြီး အုပ်စု Hရဲ့ဦးဆောင်တဲ့စီးရီးအေထိပ်သီးအသင်းဂျူဗင်တပ်စ်အသင်းဟာ အုပ်စုHရဲ့အားအနည်းဆုံး အသင်းယန်းဘွိုင်း အသင်းကို ၂ဂိုး ၁ဂိုးနှင့်ရှုံးနိမ့်ခဲ့ပါတယ်။

သို့သော်လည်း အုပ်စုပထမအဖြစ်ဆက်လက်ရပ်တည်ကာ ၁၆သင်းရှုံးထွက်အဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။အကြောင်းက ဗလင်စီယာအသင်းက အုပ်စုဒုတိယက ယူနိုက်တက်အသင်းကိုအနိုင်ရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ အဆိုပါပွဲစဉ်မှာ သရေတစ်မှတ်ရရှိဖို့အကြောင်းဖန်ခဲ့သော်လည်းကံအားလျော်စွာဖြင့်လူကျွန်ဂိုးအဖြစ်သတ်မှတ်ခဲ့တာကြောင့်သရေမှတ်ရရှိဖို့လွှဲချော်သွားခဲ့ပါတယ်။

အကြောင်းကတော့အသင်းရဲ့ကစားသမားဒိုင်ဘာလာလှလှပပ မထင်မှတ်ဘဲအပြင်းကန်သွင်းခဲ့တဲ့အလုံးကို လူကျွံအနေအထားမှာရှိတဲ့ရိုနယ်လ်ဒိုက ခေါင်းဖြင့် ထပ်မံဂိုးသွင်းယူခဲ့တာကြောင့်ဒိုင်လူကြီးမှဂိုးအဖြစ်သတ်မှတ်ပေးခြင်းမရှိကာ လူကျွံဘောအဖြစ်သတ်မှတ်ခဲ့ပါတယ်။

လူမှုကွန်ရက်မှာတော့အဆိုပါဂိုးအပေါ်ပရိသတ်များက ဝေဖန်လေကန်ရေးအပြင်းအထန်လုပ်လျက်ရှိနေပါတယ်။

"ဒါကတော့တကယ်ဝမ်းနည်းစရာပါပဲ ဒိုင်ဘာလာရဲ့ကြိုးစားပမ်းစားတိုက်စစ်ဆင်မှုကိုရိုနယ်လ်ဒိုကဖျက်လိုဖျက်ဆီးလိုက်တယ်ဗျာ"

"ဒိုင်ဘာလာရဲ့အလုံးကတကယ်ကိုကြောက်စရာကောင်းလွန်းပါတယ်။ပြီးတော့ရိုနယ်လ်ဒိုကလူကျွံအနေအထားနဲ့ သူရဲ့လှပမှုကိုခေါင်းမှာဓားတပ်ပြီးဖျက်ဆီးလိုက်တယ်ဗျာ"

"ရိုနယ်လ်ဒိုက ဒိုင်ဘာလာရဲ့ဂိုးကို လုဖို့ကြံနေလိုက်တာ ကံဆိုးပြီးဒိုင်ကခွင့်မပြုခဲ့တာ ရယ်စရာပါပဲ"

No comments

Powered by Blogger.