ပရီးမီးယားလိပ္မွာအရိွန္ျပင္းျပင္းနဲ ့ရလဒ္ေတြထိုးဆင္းလာေနတဲ့မန္ခ်က္စတာယူနိုက္တက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒီေဆာင္းပါးဟာ မန္ခ်က္စတာယူနိုက္တက္ရဲ႕ အေျခေနဆိုးေတြကို ေျပာင္ေျပာင္တင္းတင္းေဝဖန္ထားတာျဖစ္လို႔သင္သာ အနီေရာင္ဘက္ေတာ္သားတစ္ေယာက္ဆိုရင္ စိတ္ေအးေအးထားဖတ္ဖို႔သတိေပးခ်င္ပါတယ္။
သူ႕ကိုယ္သူ special oneလို႔ေျပာခဲ့သူတစ္ေယာက္ကိုင္တြယ္ေနတဲ့ ယူနိုက္တက္ဟာ EPL 17ပြဲကစားျပီးခ်ိန္မွာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလ်ွာက္အဆိုးရြားဆံုးအေျခအေနေတြနဲ႕ျကံုေတြ႕ေနရပါတယ္။ဦးေဆာင္သူ လီဗာပူးေနာက္ ၁၉မွတ္ျပတ္က်န္တာေမ့ထားလိုက္အံုး။အဆင့္ေလးေနရာကအသင္းနဲ႕ေတာင္၁၁မွတ္ထိကြာဟေနတာကေတာ့ ျမင္ဖူးသမ်ွထဲမွာေတာ့ အဆိုးရြားဆံုးပါပဲ။
တနဂၤေႏြညက လီဗာပူးကို ၃-၁နဲ႔ ရံႈးနိမ့္အျပီး ယခုနွစ္ပရီးမီးယားလိဂ္ရဲ႕ ေပးဂိုးအမ်ားဆံုးအသင္းေတြထဲမွာ ယူနိုက္တက္က အဆင့္၅ေနရာေရာက္လာပါတယ္။လက္ရွိအမွတ္ေပးဇယားရပ္တည္မႈထက္ေတာင္ ျမင့္ေနပါေသးတယ္။မနွစ္က တစ္ရာသီလံုး၂၈ဂိုးသာေပးခဲ့ရေပမယ့္ ရာသီဝက္မက်ိဳးခင္မွာပဲ ခံစစ္က ၂၉ဂိုးခြင့္ျပဳခဲ့ျပီးပါျပီ။အသင္းကအရွိန္နဲ႕ထိုးက်ေနတယ္ဆိုတာေဖာ္ျပမယ့္ ဒီထက္ဆိုးတဲ့အေျကာင္းျပခ်က္ရွိပါဦးမလား။
လီဗာပူးနဲ႔တစ္ပြဲထဲမွာ ဂိုးေပါက္ကန္သြင္းမႈ ၃၆ျကိမ္ထိခြင့္ျပဳခဲ့ရျခင္းဟာဒီနွစ္ မွာအဆိုးဆံုးစံခ်ိန္ပါပဲ။အရင္စံခ်ိန္က ဟတ္ဒါဖီးအသင္းကို မန္စီးတီးက ဂိုးေပါက္ကံသြင္းမႈ၃၂ျကိမ္ျပဳလုပ္ထားတာျဖစ္ပါတယ္။သရဲနီအသင္းကေတာ့ လီဗာပူးကို အမွတ္ေပးဇယားထိပ္ဆံုးျပန္ေရာက္ေစရံုမက မန္စီးတီးရဲ႕စံခ်ိန္က်ိဳးျပတ္ေအာင္ပါကူညီေပးနိုင္ခဲ့တာပါပဲ။မန္ဖန္ေတြသတိမထားမိတာက လီဗာပူးကို ၁၉၉၀ေနာက္ပိုင္းအခုလို အမွတ္အျပတ္အသတ္နဲ႕ဦးေဆာင္ခံေနရျခင္းပါ။ ယူနိုက္တက္ရဲ႕သမိုင္းဝင္ခါးသီးျပိဳင္ဘက္ ျကိဳးျကာနီတို႔ဟာ ၁၉၉၀-၉၁ ေဘာလံုးရာသီကလည္း ၁၇ပြဲအျပီး ၁၉မွတ္အသာနဲ႕ သရဲနီတို႔ကို ဦးေဆာင္ဖူးပါတယ္။အခုကံျကမၼာ တစ္ပတ္ျပန္လည္လာတာေပါ့။
ဒါဆို မန္ခ်က္စတာယူနိုက္တက္တို႔ ဘာေတြမွားယြင္းေနတာလဲ။ခံစစ္ေပါက္ထြက္ေနမႈက အဓိက အေျကာင္းတစ္ရပ္ဆိုေပမယ့္ လူကာကူဆီက သြင္းဂိုးေတြခမ္းေျခာက္ေနတာကလည္း ဆိုးရိမ္စရာပါပဲ။လူကာကူဟာ လီဗာပူးနဲ႔ပြဲမွာ ေဘာလံုးထိခ်က္ အျကိမ္၂၀သာရွိပါတယ္။သူဝက္ဘရြန္းမွာပြဲထြက္ခြင့္စရထဲက ဒီေလာက္အေျခေနဆိုးတဲ့ပြဲ မျကံုဖူးေသးဘူး။တိုက္စစ္မွဴးကိုယ္တိုင္ပဲ အရည္အေသြးကင္းမဲ့ေနတာလား attacking zoneမွာ ဝန္းရံပံ့ပိုးမႈအားနည္းလြန္းလို႔လားဆိုတာ စဥ္းစားစရာအေျခအေနျဖစ္လာပါျပီ။ခံစစ္ပိုင္းကို နဗီးလ္ရဲ႕ေဝဖန္မႈေလးေဖာ္ျပပါရေစ။
''ယူနိုက္တက္ခံစစ္က ေနရာစံုမွာ နန္းျကီးသုပ္တစ္ပြဲလိုျဖစ္ေနပါျပီ''တဲ့။(သူေျပာတာက အီတလီေခါက္ဆြဲစပါတဂီပါ။ ကၽြန္ေတာ္တို ့ကျမန္မာမႈျပန္ျပဳထားတာပဲျဖစ္ပါတယ္။) ဘာအဓိပၸာယ္နဲ႔ေျပာလဲေတာ့မသိပါဘူး။ေႏြရာသီမွာ ေမာ္ရင္ဟိုအေနနဲ႕ဗဟိုခံစစ္ဝယ္ဖို႔ အတင္းအျကပ္တိုက္တြန္းခဲ့ေပမယ့္ ဘုတ္အဖြဲ႕ကျဖစ္ေျမာက္ေအာင္ မစြမ္းေဆာင္ေပးခဲ့ပါဘူး။ဒါေျကာင့္အိုးထရက္ဖို႔လ္ က်ဆံုးခန္း အတြက္ ဘုတ္အဖြဲ႔ရဲ႕အျပစ္လည္းမကင္းပါဘူး။လီဗာပူးအသင္းရဲ႕ သမိုင္းတစ္ေလ်ွာက္မွတ္တမ္းေတြမွာေတာင္ ယူနိုက္တက္ကိုျပဳ ခဲ့သလိုမ်ိဳး တစ္ပြဲထဲ ၃၆ျကိမ္ဂိုးေပါက္ကန္သြင္းတာ မေတြ႔နိုင္ပါဘူူး။
ေမွာ္ဆန္တဲ့ ေျပာင္းလဲမႈေတြျမင္ရဖို႔ ယူနိုက္တက္နဲ႕ ေမာ္ရင္ဟိုအတြက္ ဘာေတြလိုေနျပီထင္ပါသလဲ။ကြန္းမန္႔မွာ အျမင္ေတြေရးေပးသြားပါအံုး။
(Unicode)
ပရီးမီးယားလိပ်မှာအရှိန်ပြင်းပြင်းနဲ့ရလဒ်တွေထိုးဆင်းလာနေတဲ့မန်ချက်စတာယူနိုက်တက်
ဒီဆောင်းပါးဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေနေဆိုးတွေကို ပြောင်ပြောင်တင်းတင်းဝေဖန်ထားတာဖြစ်လို့သင်သာ အနီရောင်ဘက်တော်သားတစ်ယောက်ဆိုရင် စိတ်အေးအေးထားဖတ်ဖို့သတိပေးချင်ပါတယ်။
သူ့ကိုယ်သူ special oneလို့ပြောခဲ့သူတစ်ယောက်ကိုင်တွယ်နေတဲ့ ယူနိုက်တက်ဟာ EPL 17ပွဲကစားပြီးချိန်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အဆိုးရွားဆုံးအခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။ဦးဆောင်သူ လီဗာပူးနောက် ၁၉မှတ်ပြတ်ကျန်တာမေ့ထားလိုက်အုံး။အဆင့်လေးနေရာကအသင်းနဲ့တောင်၁၁မှတ်ထိကွာဟနေတာကတော့ မြင်ဖူးသမျှထဲမှာတော့ အဆိုးရွားဆုံးပါပဲ။
တနင်္ဂနွေညက လီဗာပူးကို ၃-၁နဲ့ ရှုံးနိမ့်အပြီး ယခုနှစ်ပရီးမီးယားလိဂ်ရဲ့ ပေးဂိုးအများဆုံးအသင်းတွေထဲမှာ ယူနိုက်တက်က အဆင့်၅နေရာရောက်လာပါတယ်။လက်ရှိအမှတ်ပေးဇယားရပ်တည်မှုထက်တောင် မြင့်နေပါသေးတယ်။မနှစ်က တစ်ရာသီလုံး၂၈ဂိုးသာပေးခဲ့ရပေမယ့် ရာသီဝက်မကျိုးခင်မှာပဲ ခံစစ်က ၂၉ဂိုးခွင့်ပြုခဲ့ပြီးပါပြီ။အသင်းကအရှိန်နဲ့ထိုးကျနေတယ်ဆိုတာဖော်ပြမယ့် ဒီထက်ဆိုးတဲ့အကြောင်းပြချက်ရှိပါဦးမလား။
လီဗာပူးနဲ့တစ်ပွဲထဲမှာ ဂိုးပေါက်ကန်သွင်းမှု ၃၆ကြိမ်ထိခွင့်ပြုခဲ့ရခြင်းဟာဒီနှစ် မှာအဆိုးဆုံးစံချိန်ပါပဲ။အရင်စံချိန်က ဟတ်ဒါဖီးအသင်းကို မန်စီးတီးက ဂိုးပေါက်ကံသွင်းမှု၃၂ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။သရဲနီအသင်းကတော့ လီဗာပူးကို အမှတ်ပေးဇယားထိပ်ဆုံးပြန်ရောက်စေရုံမက မန်စီးတီးရဲ့စံချိန်ကျိုးပြတ်အောင်ပါကူညီပေးနိုင်ခဲ့တာပါပဲ။မန်ဖန်တွေသတိမထားမိတာက လီဗာပူးကို ၁၉၉၀နောက်ပိုင်းအခုလို အမှတ်အပြတ်အသတ်နဲ့ဦးဆောင်ခံနေရခြင်းပါ။ ယူနိုက်တက်ရဲ့သမိုင်းဝင်ခါးသီးပြိုင်ဘက် ကြိုးကြာနီတို့ဟာ ၁၉၉၀-၉၁ ဘောလုံးရာသီကလည်း ၁၇ပွဲအပြီး ၁၉မှတ်အသာနဲ့ သရဲနီတို့ကို ဦးဆောင်ဖူးပါတယ်။အခုကံကြမ္မာ တစ်ပတ်ပြန်လည်လာတာပေါ့။
ဒါဆို မန်ချက်စတာယူနိုက်တက်တို့ ဘာတွေမှားယွင်းနေတာလဲ။ခံစစ်ပေါက်ထွက်နေမှုက အဓိက အကြောင်းတစ်ရပ်ဆိုပေမယ့် လူကာကူဆီက သွင်းဂိုးတွေခမ်းခြောက်နေတာကလည်း ဆိုးရိမ်စရာပါပဲ။လူကာကူဟာ လီဗာပူးနဲ့ပွဲမှာ ဘောလုံးထိချက် အကြိမ်၂၀သာရှိပါတယ်။သူဝက်ဘရွန်းမှာပွဲထွက်ခွင့်စရထဲက ဒီလောက်အခြေနေဆိုးတဲ့ပွဲ မကြုံဖူးသေးဘူး။တိုက်စစ်မှူးကိုယ်တိုင်ပဲ အရည်အသွေးကင်းမဲ့နေတာလား attacking zoneမှာ ဝန်းရံပံ့ပိုးမှုအားနည်းလွန်းလို့လားဆိုတာ စဉ်းစားစရာအခြေအနေဖြစ်လာပါပြီ။ခံစစ်ပိုင်းကို နဗီးလ်ရဲ့ဝေဖန်မှုလေးဖော်ပြပါရစေ။
''ယူနိုက်တက်ခံစစ်က နေရာစုံမှာ နန်းကြီးသုပ်တစ်ပွဲလိုဖြစ်နေပါပြီ''တဲ့။(သူပြောတာက အီတလီခေါက်ဆွဲစပါတဂီပါ။ ကျွန်တော်တို့ကမြန်မာမှုပြန်ပြုထားတာပဲဖြစ်ပါတယ်။) ဘာအဓိပ္ပာယ်နဲ့ပြောလဲတော့မသိပါဘူး။နွေရာသီမှာ မော်ရင်ဟိုအနေနဲ့ဗဟိုခံစစ်ဝယ်ဖို့ အတင်းအကြပ်တိုက်တွန်းခဲ့ပေမယ့် ဘုတ်အဖွဲ့ကဖြစ်မြောက်အောင် မစွမ်းဆောင်ပေးခဲ့ပါဘူး။ဒါကြောင့်အိုးထရက်ဖို့လ် ကျဆုံးခန်း အတွက် ဘုတ်အဖွဲ့ရဲ့အပြစ်လည်းမကင်းပါဘူး။လီဗာပူးအသင်းရဲ့ သမိုင်းတစ်လျှောက်မှတ်တမ်းတွေမှာတောင် ယူနိုက်တက်ကိုပြု ခဲ့သလိုမျိုး တစ်ပွဲထဲ ၃၆ကြိမ်ဂိုးပေါက်ကန်သွင်းတာ မတွေ့နိုင်ပါဘူူး။
မှော်ဆန်တဲ့ ပြောင်းလဲမှုတွေမြင်ရဖို့ ယူနိုက်တက်နဲ့ မော်ရင်ဟိုအတွက် ဘာတွေလိုနေပြီထင်ပါသလဲ။ကွန်းမန့်မှာ အမြင်တွေရေးပေးသွားပါအုံး။
Post a Comment