လီဗာပူးလ္ပရိတ္သတ္တစ္ေယာက္ခံစားသြားရေအာင္အၾကင္နာမဲ့တဲ့စကားဆိုလိုက္တဲ့ေကာ္တြိဳက္စ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေကာ္တြိဳက္စ္ ၁-၀ လီဗာပူးလ္ဖန္
ခ်ဲလ္ဆီးဂိုးသမားေဟာင္းတစ္ေယာက္ဟာ လူမႈကြန္ယက္စာမ်က္နွာတစ္ခုျဖစ္တဲ့အင္စတာဂရမ္ေပၚမွာေတာ့ လီဗာပူးလ္ပရိတ္သတ္တစ္ေယာက္ကို troll ခဲ့ပါတယ္။ဒါဟာတကယ့္ကို အၾကင္နာမဲ့ေစတဲ့ ေလွာင္ေျပာင္တံု ့ျပန္မႈပါပဲ။
ေကာ္တြိဳက္စ္ဟာ သူရရိွထားတဲ့အားလပ္ရက္မွာ သူ ့ပံုပါတဲ့ပံုတစ္ပံုကိုအင္စတာဂရမ္မွာတင္ခဲ့ပါတယ္။သူ ့ရဲ ့ပို ့စ္ေအာက္မွာ လီဗာပူးလ္ပရိတ္သတ္တစ္ဦးက ကြန္းမန္ ့၀င္ေရးခဲ့ပါတယ္။မိုဟာမက္ဆာလာပံုနဲ ့Profile ပံုတင္ထားတဲ့ အင္စတာဂရမ္အသံုးျပဳသူတစ္ေယာက္ဟာ ကြန္းမန္ ့မွာဒီလိုေရးသားခဲ့တာပါ။ ” အခုထိ Clean Sheet မရေသးပါ။” လို ့ေကာ္တြိဳက္စ္ရဲ ့ရီးရဲလ္ဂိုးသမားဘ၀ ေပးဂိုးေတြေပးေနရတဲ့အေပၚေလွာင္ေျပာင္လိုက္တာပဲျဖစ္ပါတယ္။
ဒါပင္မယ့္ခ်က္ခ်င္းဆိုသလို ေကာ္တြိဳက္စ္တစ္ေယာက္ အဆိုပါကြန္းမန္ ့ကို Reply ျပန္ခဲ့ပါတယ္.
“ ပရီးမီးယားလိပ္ဖလားအခုထိမရေသးပါ၊”
လီဗာပူးလ္ဖန္ေတြအတြက္တကယ့္ကို အရိွက္ထိေစတဲ့စကားပါပဲ။တြစ္တာအသံုးျပဳသူခ်ဲလ္ဆီးပရိတ္သတ္တစ္ဦးကေတာ့ ခ်ဲလ္ဆီးအသင္းကိုယ္စား ခင္ဗ်ားကိုခြင့္လႊတ္လိုက္ပါတယ္လို ့ေရးသားထားတာကိုလည္းေတြ ့ရပါတယ္။
ဒီနွစ္ဟာ လီဗာပူးလ္တို ့နွစ္ျဖစ္သြားနိုင္လား?
ဟုတ္ပါတယ္။ ဂ်ာဂန္လေလာ့ရဲ ့ၾကိဳးၾကာတပ္ဖြဲ ့ကေတာ့ ရာသီ၀က္ၿပီးတဲ့အထိ ရံႈးပြဲမရိွေသးပဲ ဒုတိယေနရာကစပါးလ္ကို ၆မွတ္အထိျဖတ္ထားနိုင္တာပဲျဖစ္ပါတယ္။
(Unicode)
လီဗာပူးလ်ပရိတ်သတ်တစ်ယောက်ခံစားသွားရအောင်အကြင်နာမဲ့တဲ့စကားဆိုလိုက်တဲ့ကော်တွိုက်စ်
ကော်တွိုက်စ် ၁-၀ လီဗာပူးလ်ဖန်
ချဲလ်ဆီးဂိုးသမားဟောင်းတစ်ယောက်ဟာ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့အင်စတာဂရမ်ပေါ်မှာတော့ လီဗာပူးလ်ပရိတ်သတ်တစ်ယောက်ကို troll ခဲ့ပါတယ်။ဒါဟာတကယ့်ကို အကြင်နာမဲ့စေတဲ့ လှောင်ပြောင်တုံ့ပြန်မှုပါပဲ။
ကော်တွိုက်စ်ဟာ သူရရှိထားတဲ့အားလပ်ရက်မှာ သူ့ပုံပါတဲ့ပုံတစ်ပုံကိုအင်စတာဂရမ်မှာတင်ခဲ့ပါတယ်။သူ့ရဲ့ပို့စ်အောက်မှာ လီဗာပူးလ်ပရိတ်သတ်တစ်ဦးက ကွန်းမန့်ဝင်ရေးခဲ့ပါတယ်။မိုဟာမက်ဆာလာပုံနဲ့Profile ပုံတင်ထားတဲ့ အင်စတာဂရမ်အသုံးပြုသူတစ်ယောက်ဟာ ကွန်းမန့်မှာဒီလိုရေးသားခဲ့တာပါ။ ” အခုထိ Clean Sheet မရသေးပါ။” လို့ကော်တွိုက်စ်ရဲ့ရီးရဲလ်ဂိုးသမားဘ၀ ပေးဂိုးတွေပေးနေရတဲ့အပေါ်လှောင်ပြောင်လိုက်တာပဲဖြစ်ပါတယ်။
ဒါပင်မယ့်ချက်ချင်းဆိုသလို ကော်တွိုက်စ်တစ်ယောက် အဆိုပါကွန်းမန့်ကို Reply ပြန်ခဲ့ပါတယ်.
“ ပရီးမီးယားလိပ်ဖလားအခုထိမရသေးပါ၊”
လီဗာပူးလ်ဖန်တွေအတွက်တကယ့်ကို အရှိက်ထိစေတဲ့စကားပါပဲ။တွစ်တာအသုံးပြုသူချဲလ်ဆီးပရိတ်သတ်တစ်ဦးကတော့ ချဲလ်ဆီးအသင်းကိုယ်စား ခင်ဗျားကိုခွင့်လွှတ်လိုက်ပါတယ်လို့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။
ဒီနှစ်ဟာ လီဗာပူးလ်တို့နှစ်ဖြစ်သွားနိုင်လား?
ဟုတ်ပါတယ်။ ဂျာဂန်လလော့ရဲ့ကြိုးကြာတပ်ဖွဲ့ကတော့ ရာသီဝက်ပြီးတဲ့အထိ ရှုံးပွဲမရှိသေးပဲ ဒုတိယနေရာကစပါးလ်ကို ၆မှတ်အထိဖြတ်ထားနိုင်တာပဲဖြစ်ပါတယ်။
Post a Comment