Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။











(Unicode)

လီဗာပူးပရိတ်သတ်တွေရဲ့ ဗန်ဒိုက်စ်အပေါ်ကာကွယ်ပေးနေမှုအပေါ်ရာမို့စ်ရဲ့ဖြစ်ရပ်နဲ့နှိုင်းယှဉ်ပြီးဝေဖန်နေကြတဲ့ယူနိုက်တက်ပရိတ်သတ်များ


ယူနိုက်တက် အသင်းရဲ့အားပေးတဲ့ပရိသတ်များဟာလူမှုကွန်ရက်တွစ်တာမှတဆင့်လီဗာပူးလ်အသင်းရဲ့ခံစစ်လူဗန်ဒိုက်ရဲဖျက်ထုတ်ပုံကြမ်းတမ်းမှုအပေါ်ကာကွယ်ပြောကြားနေတဲ့လီဗာပူးလ်ပရိသတ်များအပေါ်ရာမို့စ်နှင့်ဆာလာအဖြစ်အပျက်ကိုယှဉ်၍ ဝေဖန်ပြောကြားနေကြတဲ့စာတွေကိုပြန်လည်ဝေမျှက ဝေဖန်သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့ညကယှဉ်ပြိုင်ကစားတဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ဖြစ်တဲ့ နာပိုလီ နှင့်လီဗာပူးလ် ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးလ်အသင်းကအန်ဖီးလ်ကွင်းမှာ၁ဂိုး ဂိုးမရှိနှင့်အနိုင်ရကာ အငြင်းပွားဖွယ်အချို့နှင့်အတူ ရှုံးထွက်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနောက်ခံလူဗန်ဒိုက်ရဲ့ပြင်းထန်လှတဲ့ ခြေစုံပစ်ဖျက်ထုတ်မှုဟာကံကောင်းထောက်မစွာ အဝါကဒ်သာထိခဲ့ပြီးအနီကဒ်နှင့်လွဲချော်သွားခဲ့ပါသည်။ထိုပွဲမှာကြီးကြပ်ခဲ့တဲ့ဒိုင်ရဲ့ဆုံးဖြတ်ချက် အဝါကဒ် ကိစ္စဟာလူမှုကွန်ရက်ပေါ်မှာမီးတောင်ပေါက်သလိုဆူညံဗလောင်စူလျက်ရှိနေပါတယ်။လီဗာပူးလ်အသင်းရဲ့ပရိသတ်တွေကဒီကိစ္စအပေါ်အမြင်မတူုကဘဲအငြင်းပွားလျက်ရှိနေကြပါတယ်။ပရိသတ်တစ်ဦးက "ဘောလုံးအားကစား မှာနူးညံ့မှုတွေပျောက်ဆုံးသွားပြီ"လို့မှတ်ချက်ပြုပြောကြားရေးသားခဲ့ပါတယ်။

တချို့လီဗာပူးလ်အသင်းပရိသတ်တွေကတော့ အခုထိတိုင်ရာမို့စ် ဆာလာအပေါ်ပြုလုပ်ခဲ့တဲ့ဖျက်ထုတ်ဘောလုံးယှဉ်လုမှုအပေါ်အမြင်ကွဲပြားလျက်ရှိနေပါသေးတယ်။

"ကျွန်တော်အရမ်းအံသြမိတယ် ရာမို့စ် ဆာလာလက်မောင်းကိုလှမ်းမထိန်းခဲ့ပါဘူး။ ဒီကိစ္စ သေချာပေါက်ကိုသဘောမတူဘူး" လို့ရေးသားထားပါတယ်။

ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေကတော့ လီဗာပူးလ်ပရိသတ်တွေရဲ့ ဗန်ဒိုက်ကျူးလွန်ခဲ့လုပ်ရပ်ကို ရာမို့စ်ရဲ့လုပ်ရပ်နှင့်ယှဉ်ကာ ဗန်ဒိုက်အပေါ်ကာကွယ်ပေးနေမှုအပေါ်ဝေဖန်လေကန်ရေးများပြုလုပ်လျက်ရှိနေပါတယ်။

လီဗာပူးလ်ပရိသတ်တွေကို အခွံမာသီးထဲက လူတွေ လို့ နာမည်ပေးလှောင်ပြောင်နေပါတယ်။

No comments

Powered by Blogger.