မက္ဆီထက္ပိုေကာင္းတဲ့ကစားသမားတစ္ေယာက္လိုု ့ဆိုုတဲ့စကားကိုုတံုုျပန္လိုုက္တဲ့ဘာေပး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကိုုင္လီယန္အမ္ဘာေပးတစ္ေယာက္ ဟာ လက္ရိွကမာၻ ့ေဘာလံုုးေလာကမွာ ျမန္နႈန္းျမင့္ေတာက္ပလာတဲ့ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာေနတယ္ဆိုုတာျငင္းလိုု ့မရပါဘူး။
အသက္ ၁၉ နွစ္အရြယ္ကမာၻ ့ဖလားဆုုရကစားသမားဟာ ၿပီးခဲ့တဲ့ ေဘာ္လြန္ဒီေအာ္ဆုုေပးပြဲမွာ လူငယ္ထူးခြ်န္ဆုု ကိုုပါဆုုကိုု ရရိွခဲ့ၿပီး အနာဂတ္ရဲ ့ေဘာ္လြန္ဒီေအာ္ဆုုရွင္အျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့သူလည္းျဖစ္ပါတယ္။သို ့ေသာ္လည္း PSG တိုုက္စစ္မွဴးေလးက သူဟာ လာမယ့္ ၃နွစ္ ၄နွစ္အတြင္းမက္ဆီထက္ပိုုေကာင္းတဲ့ ကစားသမားျဖစ္လာလိမ့္မယ္လိုု ့ဆိုုထားတဲ့သတင္းေပၚ လူမႈကြန္ယက္ေပၚမွာ ျပန္လည္တံုု ့ျပန္ေျပာၾကားခဲ့ပါတယ္။
“ မက္ဆီဟာ တကယ္ေတာ္ၿပီး ထူးခြ်န္တဲ့ကစားသမားပါ။ဒါပင္မယ့္ ကၽြန္ေတာ္ထင္ပါတယ္။ကၽြန္ေတာ္သာ အလုုပ္ကိုုပိုုၾကိဳးစားဆက္လုုပ္ေနမယ္ဆိုု လာမယ့္ ၃ ၄နွစ္အတြင္းသူ ့ထက္ပိုုေကာင္းတဲ့ကစားသမားျဖစ္လာမွာပါ။ ” လိုု ့တြစ္တာစာမ်က္နွာေပၚမွာ Barca Times က တင္ထားတာပဲျဖစ္ပါတယ္။သိုု ့ေသာ္လည္း အမ္ဘာေပးက အဆိုုပါသတင္းကိုု တြစ္တာစာမ်က္နွာမွာတင္ခ်က္ခ်င္း တံုု ့ျပန္ခဲ့ပါတယ္။
“ ကၽြန္ေတာ္ဘယ္တုုန္းကမွ အဲ့လိုုမေျပာခဲ့ပါဘူး။မက္ဆီ ကို ကၽြန္ေတာ္ေလးစားပါတယ္။ၿပီးေတာ့ၾကိဳက္နွစ္သက္ပါတယ္။ ” လိုု ့တံုုျပန္ထားလိုုက္တာပဲျဖစ္ပါတယ္။
မိုုနာကိုု ၾကယ္ပြင့္ေဟာင္း အမ္ဘာေပးက ဒီနွစ္ေဘာ္လြန္ဒီေအာ္ဆုုပြဲဟာ ၿပီးဆံုုးသြားခဲ့ေသာ္လည္း ရိုုနယ္ဒို နဲ့ မက္ဆီတိုု ့ဟာ ကမာၻ ့အေကာင္းဆံုုုုးကစားသမားေတြအျဖစ္ရိွေနၾကဆဲလိုု ့ဆိုုလိုုက္ပါတယ္။
“ ဘယ္သူမွ အခုုခ်ိန္မွ ပိုုေကာင္းေအာင္ မလုုပ္နိုုင္ၾကေသးပါဘူး။သူတိုု ့ရဲ့ေခတ္ကုုန္သြားၿပီလိုု ့ေျပာလိုု ့မရေသးပါဘူး။ဘာလိုု ့လဲဆိုုေတာ့ တစ္စံုုတစ္ေယာက္က သူတိုု ့ထက္ပိုုေကာင္းေအာင္ လုုပ္ျပနိုုင္မွ သူတိုု ့ေခတ္ကုုန္ၿပီလိုု ့ဆိုုနိုုင္မွာပါ။ဒီနွစ္ ဆုုကိုု သူတိုု ့၂ေယာက္ထဲက ၁ေယာက္ရမယ္လိုု ့ကိုုမထင္ထားပါဘူး။ ဘာလိုု ့လဲဆိုုေတာ့ ဒီနွစ္က ကမာၻ ့ဖလားနွစ္မိုု ့ပါ။ကမာၻ ့ဖလားက ဦးစားေပးျဖစ္သြားလိုု ့ပါ။”
“ ဒါပင္မယ့္ သာမန္ရိုးသားတဲ့ ကစားသမားတစ္ေယာက္ကိုု ခင္ဗ်ားေရြးခ်ယ္ထားတယ္ဆိုုရင္ေတာ့ အခုုထိပိုုေကာင္းတဲ့ကစားသမားမရိွေသးပါဘူး။ဒီနွစ္လည္း သူတိုု ့၂ေယာက္စလံုုးဟာအေကာင္းဆံုုးေတြပါပဲ။”
“ မနွစ္ရာသီက မက္ဆီဆိိုု ဥေရာပ ဂိုုးသြင္းအမ်ားဆံုုးကစားသမားျဖစ္ခဲ့တယ္။ ရိုုနယ္ဒိုု ဆိုုခ်န္ပီယံလိပ္ဂိုုးသြင္းအမ်ားဆံုုးကစားသမားျဖစ္ခဲ့ပါတယ္။”
ရိုုနယ္ဒိုု မက္ဆီ တိုု ့ရဲ ့ျမင့္မားတဲ့ေအာင္ျမင္မႈ အတိုုင္းအတာထိကိုု အမ္ဘာေပးတစ္ေယာက္ တက္လွမ္းနိုုင္ပါ့မလား?
(Unicode)
မက်ဆီထက်ပိုကောင်းတဲ့ကစားသမားတစ်ယောက်လို့ဆိုတဲ့စကားကိုတုံပြန်လိုက်တဲ့ဘာပေး
ကိုင်လီယန်အမ်ဘာပေးတစ်ယောက် ဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ မြန်နှုန်းမြင့်တောက်ပလာတဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်လာနေတယ်ဆိုတာငြင်းလို့မရပါဘူး။
အသက် ၁၉ နှစ်အရွယ်ကမ္ဘာ့ဖလားဆုရကစားသမားဟာ ပြီးခဲ့တဲ့ ဘော်လွန်ဒီအော်ဆုပေးပွဲမှာ လူငယ်ထူးချွန်ဆု ကိုပါဆုကို ရရှိခဲ့ပြီး အနာဂတ်ရဲ့ဘော်လွန်ဒီအော်ဆုရှင်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့သူလည်းဖြစ်ပါတယ်။သို့သော်လည်း PSG တိုက်စစ်မှူးလေးက သူဟာ လာမယ့် ၃နှစ် ၄နှစ်အတွင်းမက်ဆီထက်ပိုကောင်းတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ဆိုထားတဲ့သတင်းပေါ် လူမှုကွန်ယက်ပေါ်မှာ ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။
“ မက်ဆီဟာ တကယ်တော်ပြီး ထူးချွန်တဲ့ကစားသမားပါ။ဒါပင်မယ့် ကျွန်တော်ထင်ပါတယ်။ကျွန်တော်သာ အလုပ်ကိုပိုကြိုးစားဆက်လုပ်နေမယ်ဆို လာမယ့် ၃ ၄နှစ်အတွင်းသူ့ထက်ပိုကောင်းတဲ့ကစားသမားဖြစ်လာမှာပါ။ ” လို့တွစ်တာစာမျက်နှာပေါ်မှာ Barca Times က တင်ထားတာပဲဖြစ်ပါတယ်။သို့သော်လည်း အမ်ဘာပေးက အဆိုပါသတင်းကို တွစ်တာစာမျက်နှာမှာတင်ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။
“ ကျွန်တော်ဘယ်တုန်းကမှ အဲ့လိုမပြောခဲ့ပါဘူး။မက်ဆီ ကို ကျွန်တော်လေးစားပါတယ်။ပြီးတော့ကြိုက်နှစ်သက်ပါတယ်။ ” လို့တုံပြန်ထားလိုက်တာပဲဖြစ်ပါတယ်။
မိုနာကို ကြယ်ပွင့်ဟောင်း အမ်ဘာပေးက ဒီနှစ်ဘော်လွန်ဒီအော်ဆုပွဲဟာ ပြီးဆုံးသွားခဲ့သော်လည်း ရိုနယ်ဒို နဲ့ မက်ဆီတို့ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ်ရှိနေကြဆဲလို့ဆိုလိုက်ပါတယ်။
“ ဘယ်သူမှ အခုချိန်မှ ပိုကောင်းအောင် မလုပ်နိုင်ကြသေးပါဘူး။သူတို့ရဲ့ခေတ်ကုန်သွားပြီလို့ပြောလို့မရသေးပါဘူး။ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က သူတို့ထက်ပိုကောင်းအောင် လုပ်ပြနိုင်မှ သူတို့ခေတ်ကုန်ပြီလို့ဆိုနိုင်မှာပါ။ဒီနှစ် ဆုကို သူတို့၂ယောက်ထဲက ၁ယောက်ရမယ်လို့ကိုမထင်ထားပါဘူး။ ဘာလို့လဲဆိုတော့ ဒီနှစ်က ကမ္ဘာ့ဖလားနှစ်မို့ပါ။ကမ္ဘာ့ဖလားက ဦးစားပေးဖြစ်သွားလို့ပါ။”
“ ဒါပင်မယ့် သာမန်ရိုးသားတဲ့ ကစားသမားတစ်ယောက်ကို ခင်ဗျားရွေးချယ်ထားတယ်ဆိုရင်တော့ အခုထိပိုကောင်းတဲ့ကစားသမားမရှိသေးပါဘူး။ဒီနှစ်လည်း သူတို့၂ယောက်စလုံးဟာအကောင်းဆုံးတွေပါပဲ။”
“ မနှစ်ရာသီက မက်ဆီဆို ဥရောပ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တယ်။ ရိုနယ်ဒို ဆိုချန်ပီယံလိပ်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။”
ရိုနယ်ဒို မက်ဆီ တို့ရဲ့မြင့်မားတဲ့အောင်မြင်မှု အတိုင်းအတာထိကို အမ်ဘာပေးတစ်ယောက် တက်လှမ်းနိုင်ပါ့မလား?
Post a Comment