ယူနိုက္တက္တိုက္စစ္ေပါက္ကြဲအားေကာင္းသြားေအာင္ဆိုးလ္ရွားရဲ ့ရိုးရွင္းတဲ့နည္းစနစ္အေျပာင္းအလဲတစ္ခု
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယာယီနည္းျပအိုေလးဂန္နားဆိုလ္ရွားလက္ေအာက္ယူနိုက္တက္ရဲ ့ေနာက္ဆံုးကစားခဲ့တဲ့၂ပြဲမွာသြင္းဂိုး၈ဂိုးထိသြင္းယူခဲ့တာဟာတိုက္ဆိုင္မႈတစ္ခုေတာ့မဟုတ္ခဲ့ပါဘူး။တကယ့္ကိုရိုးရွင္းတဲ့အေျပာင္းအလဲတစ္ခုလုပ္ခဲ့တာပါ။ဒါပင္မယ့္လည္း ဒါဟာတကယ့္ထိေရာက္တဲ့နည္းစနစ္အေျပာင္းအလဲတစ္ခုျဖစ္ၿပီး အသင္းကို ၾကီးမားတဲ့ေျပာင္းလဲမႈအသြင္ျဖစ္လာေစမယ့္အစိတ္အပိုင္းတစ္ခုကိုပံုေဖာ္နိုင္ခဲ့တာပဲျဖစ္ပါတယ္။
ဆိုလ္ရွားကိုင္တြယ္ေနတဲ့ယူနိုက္တက္ဟာ အေ၀းကြင္းမွာ ကာဒဖ္စီးတီးအသင္းကို ၅ ဂိုးသြင္းယူခဲ့ၿပီး ၄ရက္အၾကာအိုထရက္ဖို ့ဒ္မွာေတာ့ ဟယ္လ္ဒါဖီးအသင္းကို မာတစ္၊ေပါ့ဘာသြင္းဂိုးတို ့နဲ့အတူ၃-၁ ျဖင့္အနိုင္ယူခဲ့ပါတယ္။ဒါဟာ ေနာ္ေ၀းနည္းျပအတြက္ေတာ့အဖြင့္လွခဲ့တယ္လို ့ဆိုရမွာပဲျဖစ္ပါတယ္။ဒါပင္မယ့္လည္းအခ်ိန္တိုေလးအတြင္းမွာ ဆိုလ္ရွားတစ္ေယာက္ဘာေတြေျပာင္းလဲခဲ့တာလဲ။သတိထားမိစရာအခ်က္ကေတာ့ သူဟာအဆိုပါပြဲေတြမွာ နည္းစနစ္ပိုင္းဆိုင္ရာအကြက္တစ္ကြက္ေရြ ့ျပခဲ့တယ္ဆိုရင္မွားမယ္မထင္ပါဘူး။
ၿပီးခဲ့တဲ့ ပရီးမီးယားလိပ္၂နွစ္တာကာလကိုၾကည့္မယ္ဆိုရင္ယူနိုက္တက္အသင္းရဲ ့ေနာက္ခံအစြန္လူေတြဟာ အသင္းတိုက္စစ္မွာေတာက္ေလ ွ်ာက္လိုက္ပါကစားရတဲ့သူေတြျဖစ္ၿပီး တိုက္စစ္ဧရိယာအတြင္း အစြန္ဆံုးကေန ေျပး၀င္ကာေနရာယူကစားေပးရတဲ့သူေတြပဲျဖစ္ပါတယ္။ဆိုလ္ရွားတစ္ေယာက္ ဒီလိုေနာက္ခံအစြန္လူေတြတိုက္စစ္အထိလိုက္ပါေျပးကစားရတာကိုသေဘာအရမ္းက်ေနတာပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္ လည္းသူဟာ ကြင္းေဘးစည္းၾကပ္လိုင္းေပၚမွာ အျမဲတမ္းညႊန္ၾကားေနတာပဲျဖစ္ပါတယ္။
ဒါဟာအေတာ္ေလးအလုပ္ျဖစ္ေနတာပါ။ဥပမာျပရမယ္ဆိုရင္ ယူနိုက္တက္ရဲ ့ညာအစြန္ေနာက္ခံလူငယ္ကစားသမား ဒီယာဂိုဒယ္ေလာ့ကို ျပရမွာပဲျဖစ္ပါတယ္။သူဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက ျမန္ဆန္တဲ့တိုက္စစ္လိုက္ပါကစားမႈေတြ၊ျဖတ္တင္ေဘာေတြျပဳလုပ္ျပခဲ့တာျဖစ္ၿပီး အျခားစီနီယာကစားသမားေတြျဖစ္ၾကတဲ့လုခ္ေရွာ၊အက္ရွ္ေလယန္းတို ့ကိုလည္းအဲ့လိုမ်ိဳးလိုက္လုပ္ေစဖို ့ေဖာ္ထုတ္ျပခဲ့သလို ျဖစ္သြားခဲ့ပါတယ္။
ဒါ့ေၾကာင့္ေနာ္ေ၀းနည္းျပၾကီးက သူ ့အသင္းရဲ ့ခံစစ္အစြန္လူေတြကို ေနာက္ဆံုးတတိယဇုန္တိုက္စစ္ဇုန္အထိ တတ္နိုင္သမ ွ် အခ်ိန္တိုင္းရိွေနေစေၾကာင္းဖြင့္ဟ၀န္ခံေျပာၾကားလိုက္တာျဖစ္ၿပီး ယူနိုက္တက္ပရိတ္သတ္ေတြအတြက္လည္းအဆိုပါစကားအေပၚ အေပ်ာ္ၾကီးေပ်ာ္ေနၾကတာေတာ့ျငင္းနိုင္မယ္မထင္ပါဘူး။
“ ကၽြန္ေတာ့္ရဲ ့အေတြးအေခၚက ခင္ဗ်ားတို ့ေတြအစြန္ကေနေနရာေကာင္းေကာင္းယူထားနိုင္ရမယ္။ဒီေန ့ဆို ဟြမ္မာတာတို ့လင္ဂတ္တို ့ဟာအစြန္ကိုထြက္ကစားတာကိုခင္ဗ်ားတို ့ေတြ ့ရတယ္။ဒါပင္မယ့္သူတို ့၂ေယာက္ဟာအထဲ၀င္ကစားတဲ့ေနရာမွာပိုၿပီးသက္ေသာင့္သက္သာျဖစ္ၾကတယ္။အဲ့ေတာ့ေနာက္ခံအစြန္လူေတြဟာေတာင္ပံအစြန္တိုက္စစ္အတြက္တက္ကစားဖို ့လိုပါတယ္။” လို ့Boxing Day ပြဲအၿပီးမွာ ဆိုလ္ရွားတစ္ေယာက္ေျပာၾကားခဲ့ပါတယ္။
“ မာရွယ္ပါလာရင္ေတာ့ ကြဲျပားသြားပါတယ္။ဒါမွမဟုတ္ရပ္ဖို ့ဒ္ကို အစြန္ထြက္ကစားေစနိုင္ပါတယ္။တစ္ဦးခ်င္ရင္ဆိုင္ေတြ ့ၿပီးေက်ာ္ျဖတ္တတ္တဲ့ကစားသမားေတြလိုမ်ိဳးေပါ့။ဒါပင္မယ့္ကၽြန္ေတာ့္ရဲ ့ေနာက္ခံအစြန္လူေတြေရွ ့တက္ကစားတာကိုကၽြန္ေတာ္အေတာ္သေဘာေတြ ့တယ္ဗ်ာ။မ်ားမ်ားတတ္ပါ။မ်ားမ်ားအေရွ ့ကိုတက္ကစားၾကပါ။ကၽြန္ေတာ့္အတြက္ေတာ့ ဒီလိုေမာ္ဒန္ေဘာလံုးေလာကမွာ တိုက္စစ္ေရာခံစစ္အတြက္လွလွပပပ်ံသန္းတတ္တဲ့ေနာက္ခံအစြန္လူေတြလိုအပ္တယ္လို ့ထင္ပါတယ္။”
ယူနိုက္တက္ပရိတ္သတ္ေတြအေနနဲ ့ေတာ့နည္းျပဆိုးလ္ရွားယူေဆာင္လာတဲ့ယူနိုက္တက္တိုက္စစ္ကစားဟန္ကိုၾကည့္ရႈေနရတာ ေပ်ာ္ရႊင္လို ့မဆံုးျဖစ္ေနၾကတာကိုေတြ ့ျမင္ေနရပါတယ္။
(unicode)
ယူနိုက်တက်တိုက်စစ်ပေါက်ကွဲအားကောင်းသွားအောင်ဆိုးလ်ရှားရဲ့ရိုးရှင်းတဲ့နည်းစနစ်အပြောင်းအလဲတစ်ခု
ယာယီနည်းပြအိုလေးဂန်နားဆိုလ်ရှားလက်အောက်ယူနိုက်တက်ရဲ့နောက်ဆုံးကစားခဲ့တဲ့၂ပွဲမှာသွင်းဂိုး၈ဂိုးထိသွင်းယူခဲ့တာဟာတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ခဲ့ပါဘူး။တကယ့်ကိုရိုးရှင်းတဲ့အပြောင်းအလဲတစ်ခုလုပ်ခဲ့တာပါ။ဒါပင်မယ့်လည်း ဒါဟာတကယ့်ထိရောက်တဲ့နည်းစနစ်အပြောင်းအလဲတစ်ခုဖြစ်ပြီး အသင်းကို ကြီးမားတဲ့ပြောင်းလဲမှုအသွင်ဖြစ်လာစေမယ့်အစိတ်အပိုင်းတစ်ခုကိုပုံဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဆိုလ်ရှားကိုင်တွယ်နေတဲ့ယူနိုက်တက်ဟာ အဝေးကွင်းမှာ ကာဒဖ်စီးတီးအသင်းကို ၅ ဂိုးသွင်းယူခဲ့ပြီး ၄ရက်အကြာအိုထရက်ဖို့ဒ်မှာတော့ ဟယ်လ်ဒါဖီးအသင်းကို မာတစ်၊ပေါ့ဘာသွင်းဂိုးတို့နဲ့အတူ၃-၁ ဖြင့်အနိုင်ယူခဲ့ပါတယ်။ဒါဟာ နော်ဝေးနည်းပြအတွက်တော့အဖွင့်လှခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းအချိန်တိုလေးအတွင်းမှာ ဆိုလ်ရှားတစ်ယောက်ဘာတွေပြောင်းလဲခဲ့တာလဲ။သတိထားမိစရာအချက်ကတော့ သူဟာအဆိုပါပွဲတွေမှာ နည်းစနစ်ပိုင်းဆိုင်ရာအကွက်တစ်ကွက်ရွေ့ပြခဲ့တယ်ဆိုရင်မှားမယ်မထင်ပါဘူး။
ပြီးခဲ့တဲ့ ပရီးမီးယားလိပ်၂နှစ်တာကာလကိုကြည့်မယ်ဆိုရင်ယူနိုက်တက်အသင်းရဲ့နောက်ခံအစွန်လူတွေဟာ အသင်းတိုက်စစ်မှာတောက်လေ ျှာက်လိုက်ပါကစားရတဲ့သူတွေဖြစ်ပြီး တိုက်စစ်ဧရိယာအတွင်း အစွန်ဆုံးကနေ ပြေးဝင်ကာနေရာယူကစားပေးရတဲ့သူတွေပဲဖြစ်ပါတယ်။ဆိုလ်ရှားတစ်ယောက် ဒီလိုနောက်ခံအစွန်လူတွေတိုက်စစ်အထိလိုက်ပါပြေးကစားရတာကိုသဘောအရမ်းကျနေတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် လည်းသူဟာ ကွင်းဘေးစည်းကြပ်လိုင်းပေါ်မှာ အမြဲတမ်းညွှန်ကြားနေတာပဲဖြစ်ပါတယ်။
ဒါဟာအတော်လေးအလုပ်ဖြစ်နေတာပါ။ဥပမာပြရမယ်ဆိုရင် ယူနိုက်တက်ရဲ့ညာအစွန်နောက်ခံလူငယ်ကစားသမား ဒီယာဂိုဒယ်လော့ကို ပြရမှာပဲဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက မြန်ဆန်တဲ့တိုက်စစ်လိုက်ပါကစားမှုတွေ၊ဖြတ်တင်ဘောတွေပြုလုပ်ပြခဲ့တာဖြစ်ပြီး အခြားစီနီယာကစားသမားတွေဖြစ်ကြတဲ့လုခ်ရှော၊အက်ရှ်လေယန်းတို့ကိုလည်းအဲ့လိုမျိုးလိုက်လုပ်စေဖို့ဖော်ထုတ်ပြခဲ့သလို ဖြစ်သွားခဲ့ပါတယ်။
ဒါ့ကြောင့်နော်ဝေးနည်းပြကြီးက သူ့အသင်းရဲ့ခံစစ်အစွန်လူတွေကို နောက်ဆုံးတတိယဇုန်တိုက်စစ်ဇုန်အထိ တတ်နိုင်သမ ျှ အချိန်တိုင်းရှိနေစေကြောင်းဖွင့်ဟဝန်ခံပြောကြားလိုက်တာဖြစ်ပြီး ယူနိုက်တက်ပရိတ်သတ်တွေအတွက်လည်းအဆိုပါစကားအပေါ် အပျော်ကြီးပျော်နေကြတာတော့ငြင်းနိုင်မယ်မထင်ပါဘူး။
“ ကျွန်တော့်ရဲ့အတွေးအခေါ်က ခင်ဗျားတို့တွေအစွန်ကနေနေရာကောင်းကောင်းယူထားနိုင်ရမယ်။ဒီနေ့ဆို ဟွမ်မာတာတို့လင်ဂတ်တို့ဟာအစွန်ကိုထွက်ကစားတာကိုခင်ဗျားတို့တွေ့ရတယ်။ဒါပင်မယ့်သူတို့၂ယောက်ဟာအထဲဝင်ကစားတဲ့နေရာမှာပိုပြီးသက်သောင့်သက်သာဖြစ်ကြတယ်။အဲ့တော့နောက်ခံအစွန်လူတွေဟာတောင်ပံအစွန်တိုက်စစ်အတွက်တက်ကစားဖို့လိုပါတယ်။” လို့Boxing Day ပွဲအပြီးမှာ ဆိုလ်ရှားတစ်ယောက်ပြောကြားခဲ့ပါတယ်။
“ မာရှယ်ပါလာရင်တော့ ကွဲပြားသွားပါတယ်။ဒါမှမဟုတ်ရပ်ဖို့ဒ်ကို အစွန်ထွက်ကစားစေနိုင်ပါတယ်။တစ်ဦးချင်ရင်ဆိုင်တွေ့ပြီးကျော်ဖြတ်တတ်တဲ့ကစားသမားတွေလိုမျိုးပေါ့။ဒါပင်မယ့်ကျွန်တော့်ရဲ့နောက်ခံအစွန်လူတွေရှေ့တက်ကစားတာကိုကျွန်တော်အတော်သဘောတွေ့တယ်ဗျာ။များများတတ်ပါ။များများအရှေ့ကိုတက်ကစားကြပါ။ကျွန်တော့်အတွက်တော့ ဒီလိုမော်ဒန်ဘောလုံးလောကမှာ တိုက်စစ်ရောခံစစ်အတွက်လှလှပပပျံသန်းတတ်တဲ့နောက်ခံအစွန်လူတွေလိုအပ်တယ်လို့ထင်ပါတယ်။”
ယူနိုက်တက်ပရိတ်သတ်တွေအနေနဲ့တော့နည်းပြဆိုးလ်ရှားယူဆောင်လာတဲ့ယူနိုက်တက်တိုက်စစ်ကစားဟန်ကိုကြည့်ရှုနေရတာ ပျော်ရွှင်လို့မဆုံးဖြစ်နေကြတာကိုတွေ့မြင်နေရပါတယ်။
Post a Comment