ဖရီးကစ္မာစတာမက္ဆီရဲ ့ေနာက္ကြယ္ကသိပၸံဆိုင္ရာလ ွ်ိဳ ့၀ွက္ခ်က္မ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ၿပီးခဲ့တဲ့ ၄နွစ္တာကာလအတြင္း မတူညီတဲ့ အျခားဥေရာပထိပ္တန္း၄သင္းထက္ လီယြန္နယ္မက္ဆီဟာ ဖရီးကစ္ကေန ဂိုးအမ်ားဆံုးသြင္းယူထားနိုင္တာပဲျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္စ္၊ဘိုင္ယန္ျမဴးနစ္၊ PSG အသင္းစတဲ့ တစ္သင္းလံုးရဲ ့ဖရီးကစ္ဂိုးအေရအတြက္ထက္ မက္ဆီက ေျပာင္ေျမာက္စြာပိုမိုသြင္းယူထားနိုင္ခဲ့တာပဲျဖစ္ပါတယ္။
သူဟာ ဒီဖရီးကစ္ကန္သြင္းတဲ့နည္းစနစ္နဲ ့ပတ္သတ္ၿပီး သူ ့ရဲ ့လက္မႈပညာတစ္ခုလို နွစ္အေတာ္ၾကာ တတ္ေျမာက္ျပည့္စံုေနခဲ့တာပဲျဖစ္ပါတယ္။ဘာစီလိုနာအသင္းရဲ ့အသင္းေဖာ္ ဆာဂ်ီယိုဘက္စကြစ္ က မက္ဆီဟာ ေလ့က်င့္ေရးကြင္းကပံုစံနဲ ့ပြဲထဲကပံုစံဟာ တစ္သားတည္းျဖစ္တယ္လုိ ့ဒီလအေစာပိုင္းေလာက္ကတင္ေျပာၾကားခဲ့ဖူးပါတယ္။ ” ေလ့က်င့္တဲ့အခ်ိန္တိုင္း သူဟာ ဖရီးကစ္ကေန အျမင့္ဆံုးရာခိုင္နႈန္းနဲ ့ဂိုးသြင္းစြမ္းရည္ကို လုပ္ေဆာင္လ်က္ရိွပါတယ္။သူ ့ကိုတျခားကစားသမားေတြနဲ ့နိႈင္းယွဥ္လို ့မရပါဘူး။သူသာလ်င္အေကာင္းဆံုးပါ။” လို ့ဆိုခဲ့တာပါ။
ဒါဆိုရင္ မက္ဆီရဲ ့ဖရီးကစ္နည္းစနစ္ေနာက္ကြယ္ကလ ွ်ိဳ ့၀ွက္ခ်က္ေတြကဘာေတြျဖစ္မလဲ။သူဟာ ကမာၻ ့ေဘာလံုးေလာကမွာ Dead-Ball ကၽြမ္းက်င္သူတစ္ေယာက္ဘယ္လိုျဖစ္လာတာလဲ ေလ့လာၾကည့္ရေအာင္ဗ်ာ။
အေသးစိတ္အခ်က္အလက္အရ မက္ဆီဟာ သူ ေဘာလံုးကိုကန္တဲ့ ပံုစံကို ေလ့က်င့္ေရးကြင္းမွာ အေစာပိုင္းထဲက ေျပာင္းလဲလိုက္တယ္လို ့သိရပါတယ္။ေနာက္ၿပီးေတာ့ ဂိုးနဲ ့သူ ့ၾကားမွာ ပလက္စတစ္အရုပ္ေတြကို ခ်ထားတယ္လို ့သိရပါတယ္။မက္ဆီဖရီးကစ္ကန္တဲ့ အခ်ိန္မွာေတာ့ သူ ့ရဲ ့ေျခေထာက္၂ခုအေနအထားဟာ ၅၀ ဒီဂရီအကြာအေနအထားမွာရိွေနတယ္လို ့ေတြ ့ရပါတယ္။ေဘာလံုးကိုသူမထိေသးခင္ ေျခေထာက္အစံုကို ေျမေပၚမွာ အက်အနေနရာလည္းယူထားပါတယ္။အဲ့လိုေျမေပၚမွာ ေျခေထာက္အစံုကိုအေသခ်ထားလိုက္တာက သူ ့အတြက္တည္ျငိမ္မႈကိုေပးေစၿပီး ကန္သြင္းမႈကိုေကာင္းေကာင္းထိန္းခ်ဳပ္နိုင္တာပဲျဖစ္ပါတယ္။
ဒါ့အျပင္သူ ့ရဲ ့တိက်ေသသပ္မႈစြမ္းရည္ကိုတိုးတက္လာေစဖို ့မက္ဆီဟာ သူ ့ရဲ ့ပခံုးနဲ ့ရင္အံုကို အနည္းငယ္ကိုင္းၾကြလိုက္ၿပီး ပိုၿပီးက်စ္လစ္တဲ့ေနရာယူပံုစံကိုရရိွဖို ့သူ ့ရဲ ့ကိုယ္ခႏၦာကိုယ္ကို ကိုင္းလိုက္ပါတယ္။ဒီတည္ကန္ေဘာပါရမီရွင္အေၾကာင္းေဘာလံုးကြင္းထဲက ကၽြမ္းက်င္သူပညာရွင္ေတြကို ေမးျမန္းၾကည့္ခဲ့ၾကပါတယ္။ဘာစီလိုနာတကၠသိုလ္ရဲ ့ ရုဗေဗဒဌာနက ေျပာၾကားတာကေတာ့ မက္ဆီဟာ ဖရီးကစ္ေတြကေန သူ ့ရဲ ့ေရွ ့ေနာက္ညီညြတ္တဲ့ ပံုစံနဲ ့အတူ Magnus Effect( ေလထဲသို ့ အရာ၀တၳဳတစ္ခုအားလွည့္လည္၍ ေပးပို ့လိုက္ျခင္း) ကို အသံုးျပဳခဲ့တယ္လို ့သိရပါတယ္။ဒီသက္ေရာက္မႈကဘာကိုဆိုလိုတာလဲဆိုရင္ Magnus Effect ဆိုတာက လည္ပတ္ေနတဲ့အရာ၀တၳဳတစ္ခု (ေဘာလံုး) ဟာ ယင္းအရာ ေရြ ့လ်ားသြားေန တဲ့ ဦးတည္ခ်က္မွာ တြန္းအားတစ္ခုကို ထုတ္ေပးနိုင္ေပးၿပီး ေျမွာက္ကန္တင္ေပးလိုက္တဲ့ ေဘာလံုးကို အားအျဖစ္သက္ေရာက္မႈေပးလိုက္တာပဲျဖစ္ပါတယ္။ေနာက္ထပ္ေသခ်ာေအာင္ရွင္းျပရမယ္ဆိုရင္ေဘာလံုးတစ္လံုးရဲ ့ေအာက္မ်က္နွာျပင္ဟာ အေပၚမ်က္ႏွာျပင္ထက္ ဖိအားဟာပိုမိုမ်ားေနတာေၾကာင့္ ေဘာလံုးကို ေလထဲမွာ ေျမွာက္တင္တဲ့လမ္းေၾကာင္းမွာဆို တြန္းအားတစ္ခုကိုုျဖစ္ေစတာပဲျဖစ္ပါတယ္။
ဒါေၾကာင့္ မက္ဆီက အျခားလူေတြထက္ ပိုေကာင္းေအာင္လုပ္ျပနိုင္တာပဲျဖစ္ပါတယ္။ဒါ့အျပင္မက္ဆီကိုယ္တိုင္၀န္ခံထားတဲ့ေနာက္ထပ္လ ွ်ိဳ ့၀ွက္ခ်က္ကိုေအာက္မွာဆက္ဖတ္ၾကည့္ရေအာင္။
မက္ဆီဟာ မည္သည့္ေနရာကမဆိုဖရီးကစ္ကေနဂိုးသြင္းယူနိုင္ပါတယ္။သူ ကဖရီးကစ္ကေန ပံုမွန္ဂိုးသြင္းနိုင္ဖို ့ဆိုရင္ ဂိုးသမားရဲ ့ခန္ ့မွန္းခ်က္ေတြကို မသိေအာင္ မခန္ ့မွန္းနိုင္ေအာင္ေနရမယ္လို ့ဆိုိလိုက္ပါတယ္။
“ ဟုတ္ပါတယ္။ရိုးသားစြာေျပာရရင္ ကစားသမားကာထားတဲ့ နံရံကို ေက်ာ္ျဖတ္ၿပီးဂိုးသြင္းရတာကၽြန္ေတာ္ၾကိဳက္ပါတယ္။ဒါပင္မယ့္ ကၽြန္ေတာ္ရႈပ္ေထြးေအာင္လည္း လုပ္တာကိုၾကိဳက္ပါတယ္။ဂိုးသမားက ကၽြန္ေတာ္ဘယ္ကေနေျပးကန္မလဲမသိေအာင္ကၽြန္ေတာ္ေနေလ့ရိွပါတယ္။ၿ႔ပီးေတာ့ မကန္ခင္သူ ့ကိုစိတ္ရႈပ္ေထြးေနေစတာမ်ိဳးျဖစ္ေစခ်င္ပါတယ္။ကၽြန္ေတာ္ဒီအေၾကာင္းျပခ်က္ကို အေတာ္ေလးၾကိဳက္ပါတယ္။” လို ့မက္ဆီက ESPN ကိုေျပာၾကားခဲ့ပါတယ္။
ကဲ ဒါဆိုရင္ပရိတ္သတ္ၾကီးေတြထဲက ဖရီးကစ္ကန္တာ ကၽြမ္းက်င္တဲ့သူေတြလည္း သူ ့နည္းအတိုင္းလိုက္ကန္ၾကည့္ဖို ့အၾကံေပးပါရေစ။
ဒါကေတာ့ ဖရီးကစ္မာစတာရဲ ့အေၾကာင္းပါပဲ။
(Unicode)
ဖရီးကစ်မာစတာမက်ဆီရဲ့နောက်ကွယ်ကသိပ္ပံဆိုင်ရာလ ျှို့ဝှက်ချက်များ
ပြီးခဲ့တဲ့ ၄နှစ်တာကာလအတွင်း မတူညီတဲ့ အခြားဥရောပထိပ်တန်း၄သင်းထက် လီယွန်နယ်မက်ဆီဟာ ဖရီးကစ်ကနေ ဂိုးအများဆုံးသွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်စ်၊ဘိုင်ယန်မြူးနစ်၊ PSG အသင်းစတဲ့ တစ်သင်းလုံးရဲ့ဖရီးကစ်ဂိုးအရေအတွက်ထက် မက်ဆီက ပြောင်မြောက်စွာပိုမိုသွင်းယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
သူဟာ ဒီဖရီးကစ်ကန်သွင်းတဲ့နည်းစနစ်နဲ့ပတ်သတ်ပြီး သူ့ရဲ့လက်မှုပညာတစ်ခုလို နှစ်အတော်ကြာ တတ်မြောက်ပြည့်စုံနေခဲ့တာပဲဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့အသင်းဖော် ဆာဂျီယိုဘက်စကွစ် က မက်ဆီဟာ လေ့ကျင့်ရေးကွင်းကပုံစံနဲ့ပွဲထဲကပုံစံဟာ တစ်သားတည်းဖြစ်တယ်လို့ဒီလအစောပိုင်းလောက်ကတင်ပြောကြားခဲ့ဖူးပါတယ်။ ” လေ့ကျင့်တဲ့အချိန်တိုင်း သူဟာ ဖရီးကစ်ကနေ အမြင့်ဆုံးရာခိုင်နှုန်းနဲ့ဂိုးသွင်းစွမ်းရည်ကို လုပ်ဆောင်လျက်ရှိပါတယ်။သူ့ကိုတခြားကစားသမားတွေနဲ့နှိုင်းယှဉ်လို့မရပါဘူး။သူသာလျင်အကောင်းဆုံးပါ။” လို့ဆိုခဲ့တာပါ။
ဒါဆိုရင် မက်ဆီရဲ့ဖရီးကစ်နည်းစနစ်နောက်ကွယ်ကလ ျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။သူဟာ ကမ္ဘာ့ဘောလုံးလောကမှာ Dead-Ball ကျွမ်းကျင်သူတစ်ယောက်ဘယ်လိုဖြစ်လာတာလဲ လေ့လာကြည့်ရအောင်ဗျာ။
အသေးစိတ်အချက်အလက်အရ မက်ဆီဟာ သူ ဘောလုံးကိုကန်တဲ့ ပုံစံကို လေ့ကျင့်ရေးကွင်းမှာ အစောပိုင်းထဲက ပြောင်းလဲလိုက်တယ်လို့သိရပါတယ်။နောက်ပြီးတော့ ဂိုးနဲ့သူ့ကြားမှာ ပလက်စတစ်အရုပ်တွေကို ချထားတယ်လို့သိရပါတယ်။မက်ဆီဖရီးကစ်ကန်တဲ့ အချိန်မှာတော့ သူ့ရဲ့ခြေထောက်၂ခုအနေအထားဟာ ၅၀ ဒီဂရီအကွာအနေအထားမှာရှိနေတယ်လို့တွေ့ရပါတယ်။ဘောလုံးကိုသူမထိသေးခင် ခြေထောက်အစုံကို မြေပေါ်မှာ အကျအနနေရာလည်းယူထားပါတယ်။အဲ့လိုမြေပေါ်မှာ ခြေထောက်အစုံကိုအသေချထားလိုက်တာက သူ့အတွက်တည်ငြိမ်မှုကိုပေးစေပြီး ကန်သွင်းမှုကိုကောင်းကောင်းထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။
ဒါ့အပြင်သူ့ရဲ့တိကျသေသပ်မှုစွမ်းရည်ကိုတိုးတက်လာစေဖို့မက်ဆီဟာ သူ့ရဲ့ပခုံးနဲ့ရင်အုံကို အနည်းငယ်ကိုင်းကြွလိုက်ပြီး ပိုပြီးကျစ်လစ်တဲ့နေရာယူပုံစံကိုရရှိဖို့သူ့ရဲ့ကိုယ်ခန္ဆာကိုယ်ကို ကိုင်းလိုက်ပါတယ်။ဒီတည်ကန်ဘောပါရမီရှင်အကြောင်းဘောလုံးကွင်းထဲက ကျွမ်းကျင်သူပညာရှင်တွေကို မေးမြန်းကြည့်ခဲ့ကြပါတယ်။ဘာစီလိုနာတက္ကသိုလ်ရဲ့ ရုဗဗေဒဌာနက ပြောကြားတာကတော့ မက်ဆီဟာ ဖရီးကစ်တွေကနေ သူ့ရဲ့ရှေ့နောက်ညီညွတ်တဲ့ ပုံစံနဲ့အတူ Magnus Effect( လေထဲသို့ အရာဝတ္ထုတစ်ခုအားလှည့်လည်၍ ပေးပို့လိုက်ခြင်း) ကို အသုံးပြုခဲ့တယ်လို့သိရပါတယ်။ဒီသက်ရောက်မှုကဘာကိုဆိုလိုတာလဲဆိုရင် Magnus Effect ဆိုတာက လည်ပတ်နေတဲ့အရာဝတ္ထုတစ်ခု (ဘောလုံး) ဟာ ယင်းအရာ ရွေ့လျားသွားနေ တဲ့ ဦးတည်ချက်မှာ တွန်းအားတစ်ခုကို ထုတ်ပေးနိုင်ပေးပြီး မြှောက်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အားအဖြစ်သက်ရောက်မှုပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်သေချာအောင်ရှင်းပြရမယ်ဆိုရင်ဘောလုံးတစ်လုံးရဲ့အောက်မျက်နှာပြင်ဟာ အပေါ်မျက်နှာပြင်ထက် ဖိအားဟာပိုမိုများနေတာကြောင့် ဘောလုံးကို လေထဲမှာ မြှောက်တင်တဲ့လမ်းကြောင်းမှာဆို တွန်းအားတစ်ခုကိုဖြစ်စေတာပဲဖြစ်ပါတယ်။
ဒါကြောင့် မက်ဆီက အခြားလူတွေထက် ပိုကောင်းအောင်လုပ်ပြနိုင်တာပဲဖြစ်ပါတယ်။ဒါ့အပြင်မက်ဆီကိုယ်တိုင်ဝန်ခံထားတဲ့နောက်ထပ်လ ျှို့ဝှက်ချက်ကိုအောက်မှာဆက်ဖတ်ကြည့်ရအောင်။
မက်ဆီဟာ မည်သည့်နေရာကမဆိုဖရီးကစ်ကနေဂိုးသွင်းယူနိုင်ပါတယ်။သူ ကဖရီးကစ်ကနေ ပုံမှန်ဂိုးသွင်းနိုင်ဖို့ဆိုရင် ဂိုးသမားရဲ့ခန့်မှန်းချက်တွေကို မသိအောင် မခန့်မှန်းနိုင်အောင်နေရမယ်လို့ဆိုလိုက်ပါတယ်။
“ ဟုတ်ပါတယ်။ရိုးသားစွာပြောရရင် ကစားသမားကာထားတဲ့ နံရံကို ကျော်ဖြတ်ပြီးဂိုးသွင်းရတာကျွန်တော်ကြိုက်ပါတယ်။ဒါပင်မယ့် ကျွန်တော်ရှုပ်ထွေးအောင်လည်း လုပ်တာကိုကြိုက်ပါတယ်။ဂိုးသမားက ကျွန်တော်ဘယ်ကနေပြေးကန်မလဲမသိအောင်ကျွန်တော်နေလေ့ရှိပါတယ်။ြ့ပီးတော့ မကန်ခင်သူ့ကိုစိတ်ရှုပ်ထွေးနေစေတာမျိုးဖြစ်စေချင်ပါတယ်။ကျွန်တော်ဒီအကြောင်းပြချက်ကို အတော်လေးကြိုက်ပါတယ်။” လို့မက်ဆီက ESPN ကိုပြောကြားခဲ့ပါတယ်။
ကဲ ဒါဆိုရင်ပရိတ်သတ်ကြီးတွေထဲက ဖရီးကစ်ကန်တာ ကျွမ်းကျင်တဲ့သူတွေလည်း သူ့နည်းအတိုင်းလိုက်ကန်ကြည့်ဖို့အကြံပေးပါရစေ။
ဒါကတော့ ဖရီးကစ်မာစတာရဲ့အကြောင်းပါပဲ။
Post a Comment