Header Ads


ေမာ္ရင္ဟိုအထုတ္ခံရတာနဲ့ပတ္သတ္ၿပီးေလာင္းကစားျပဳလုပ္ခဲ့တဲ့ဆိုတဲ့သတင္းအေပၚတံု ့ျပန္လိုက္တဲ့ဆန္းခ်က္စ္





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဂ်ိဳ ့စ္ေမာ္ရင္ဟိုကို မန္ယူနိုက္တက္အသင္းကထုတ္ပယ္မလား ေပါင္ ၂ေသာင္းေလာင္းေၾကးထပ္ခဲ့တယ္လို The Sun သတင္းစာကေဖာ္ျပခဲ့တဲ့အေပၚ ဆန္းခ်က္စ္တစ္ေယာက္ျပန္လည္တံု ့ျပန္ေျပာၾကားလိုက္ၿပီပဲျဖစ္ပါတယ္။

The Sun သတင္းစာရဲ့ေဖာ္ျပခ်က္အရ  အသက္ ၃၀ အရြယ္ခ်ီလီကစားသမားဟာ အသင္းေဖာ္ ရိုဂ်ိဳ နဲ WhatsApp မွာ ေလာင္းေၾကးထပ္ခဲ့တာျဖစ္ၿပီး ရိုဂ်ိဳက ေမာ္ရင္ဟိုအထုတ္မခံရတဲ့ဘက္ကေနခဲ့ၿပီး ဆန္းခ်က္စ္က ေမာ္ရင္ဟိုအထုတ္ခံရမယ္ဆိုတဲ့ဘက္ကေနကာ ေပါင္၂၀၀၀၀ေလာင္းေၾကးထပ္ခဲ့ၾကတာပဲျဖစ္ပါတယ္။

ငါမင္းကို ေျပာသားပဲ။စိတ္ရွည္သည္းခံၾကည့္ပါလို ့။ရိုဂ်ိဳေရ မင္းငါ့ကို ေပါင္၂၀၀၀၀ေပးရေတာ့မယ္။လို The Sun သတင္းစာကေရးသားထားတာပဲျဖစ္ပါတယ္။

ဒါပင္မယ့္လည္း အာဆင္နယ္အသင္းနဲ့ဘာကာကစားသမားေဟာင္း တြစ္တာကေန အဆိုပါသတင္းကို သတင္းအမွား လို ့ေျပာၾကားလိုက္ပါတယ္။ဂ်ိဳ ့စ္က ကၽြန္ေတာ့္ကို ကမာၻ ့အေကာင္းဆံုးအသင္းတစ္သင္းမွာကစားေစဖို ့အခြင့္အေရးေပးခဲ့တဲ့သူပါ။ကၽြန္ေတာ့္အေပၚသူ ့ေက်းဇူးေတြသာရိွပါတယ္။ငါတို ့ဟာ တကယ့္ယူနိုက္တက္အသင္းသားေတြပါ။ငါတို ့ဟာ မန္ခ်က္စတာယူနိုက္တက္ပဲ။ေလးစားၾကပါ။အသင္းကို ကူညီေပးဖို ့ငါမေစာင့္နိုင္ေတာ့ဘူး။ ကၽြန္ေတာ့္မိသားစု မနက္ဖန္မွာ ကံေကာင္းၾကပါေစ။လို ့ေရးသားထားတာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန ့ကအထုတ္ခံခဲ့ရတဲ့ နည္းျပေဟာင္းေမာ္ရင္ဟိုဟာ ဆန္းခ်က္စ္ ကိုမခ္ခီတာရမ္နဲ ့အလဲအထပ္လုပ္ကာ အိုထရက္ဖို ့ဒ္ဆီေခၚေဆာင္ခဲ့တာပဲျဖစ္ပါတယ္။

သရဲနီစတားဟာ သူေတာက္ပခဲ့တဲ့ အာဆင္နယ္ေန ့ရက္မ်ားအတိုင္း အိုထရက္ဖို ့ဒ္မွာေတာ့ မေတာက္ပနိုင္ရွာျဖစ္ေနေသာ္လည္း ယာယီနည္းျပသစ္ဆိုလ္ရွားလက္ေအာက္မွာေတာ့ သူေကာင္းေကာင္းေျခစြမ္းျပလာနိုင္ဖြယ္ရိွေနပါတယ္။


(Unicode)

မော်ရင်ဟိုအထုတ်ခံရတာနဲ့ပတ်သတ်ပြီးလောင်းကစားပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းအပေါ်တုံ့ပြန်လိုက်တဲ့ဆန်းချက်စ်



ဂျို့စ်မော်ရင်ဟိုကို မန်ယူနိုက်တက်အသင်းကထုတ်ပယ်မလား ပေါင် ၂သောင်းလောင်းကြေးထပ်ခဲ့တယ်လို့The Sun သတင်းစာကဖော်ပြခဲ့တဲ့အပေါ် ဆန်းချက်စ်တစ်ယောက်ပြန်လည်တုံ့ပြန်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ  အသက် ၃၀ အရွယ်ချီလီကစားသမားဟာ အသင်းဖော် ရိုဂျို နဲ့ WhatsApp မှာ လောင်းကြေးထပ်ခဲ့တာဖြစ်ပြီး ရိုဂျိုက မော်ရင်ဟိုအထုတ်မခံရတဲ့ဘက်ကနေခဲ့ပြီး ဆန်းချက်စ်က မော်ရင်ဟိုအထုတ်ခံရမယ်ဆိုတဲ့ဘက်ကနေကာ ပေါင်၂၀၀၀၀လောင်းကြေးထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

“ ငါမင်းကို ပြောသားပဲ။စိတ်ရှည်သည်းခံကြည့်ပါလို့။ရိုဂျိုရေ မင်းငါ့ကို ပေါင်၂၀၀၀၀ပေးရတော့မယ်။” လို့The Sun သတင်းစာကရေးသားထားတာပဲဖြစ်ပါတယ်။

ဒါပင်မယ့်လည်း အာဆင်နယ်အသင်းနဲ့ဘာကာကစားသမားဟောင်း တွစ်တာကနေ အဆိုပါသတင်းကို သတင်းအမှား လို့ပြောကြားလိုက်ပါတယ်။ “ ဂျို့စ်က ကျွန်တော့်ကို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းမှာကစားစေဖို့အခွင့်အရေးပေးခဲ့တဲ့သူပါ။ကျွန်တော့်အပေါ်သူ့ကျေးဇူးတွေသာရှိပါတယ်။ငါတို့ဟာ တကယ့်ယူနိုက်တက်အသင်းသားတွေပါ။ငါတို့ဟာ မန်ချက်စတာယူနိုက်တက်ပဲ။လေးစားကြပါ။အသင်းကို ကူညီပေးဖို့ငါမစောင့်နိုင်တော့ဘူး။ ကျွန်တော့်မိသားစု မနက်ဖန်မှာ ကံကောင်းကြပါစေ။”လို့ရေးသားထားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကအထုတ်ခံခဲ့ရတဲ့ နည်းပြဟောင်းမော်ရင်ဟိုဟာ ဆန်းချက်စ် ကိုမခ်ခီတာရမ်နဲ့အလဲအထပ်လုပ်ကာ အိုထရက်ဖို့ဒ်ဆီခေါ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

သရဲနီစတားဟာ သူတောက်ပခဲ့တဲ့ အာဆင်နယ်နေ့ရက်များအတိုင်း အိုထရက်ဖို့ဒ်မှာတော့ မတောက်ပနိုင်ရှာဖြစ်နေသော်လည်း ယာယီနည်းပြသစ်ဆိုလ်ရှားလက်အောက်မှာတော့ သူကောင်းကောင်းခြေစွမ်းပြလာနိုင်ဖွယ်ရှိနေပါတယ်။

No comments

Powered by Blogger.